Home သတင်း ပြည်နယ် အစိုးရအဖွဲ့တွင် ပညာရှင် ၂ ဦးနှင့် ကြံ့ခိုင်‌ရေးကိုယ်စားလှယ် တစ်ဦးပါဝင်လာ

ပြည်နယ် အစိုးရအဖွဲ့တွင် ပညာရှင် ၂ ဦးနှင့် ကြံ့ခိုင်‌ရေးကိုယ်စားလှယ် တစ်ဦးပါဝင်လာ

1413

ဧပြီ ၅ ရက်၊ ၂၀၁၆ ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးများ အမည်စာရင်းကို ဧပြီ ၅ ရက်‌နေ့၌ ပြုလုပ်သည့် ပြည်နယ် လွှတ်‌တော်အစည်းအ‌ဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က အမည်စာရင်းတင်သွင်းခဲ့ရာ ပြင်ပပညာရှင် ၂ ဦးနှင့် ပြည်‌ထောင်စုကြံ့ခိုင်‌ရေးနှင့် ဖွံ့ဖြိုး‌ရေးပါတီမှ ကိုယ်စားလှယ် တစ်ဦးပါဝင်သည်ဟု ပြည်နယ်လွှတ်‌တော်အမတ် များက ‌ပြောသည်။

၎င်းပြည်နယ်လွှတ်‌တော်အစည်းအ‌ဝေးတွင် ပြည်နယ်ဝန်ကြီးများအဖြစ် NLDမှ ဦးသန်းနိုင် (ဖားအံ -၁) ‌ဒေါက်တာတင်ဝင်း‌ကျော် (လှိုင်းဘွဲ-၁)၊ ဗိုလ်မှူးကြီး‌အောင်လွင် (တပ်မ‌တော်သား လွှတ်‌တော်ကိုယ်စားလှယ်)၊ ကြံ့ဖွံ့မှ ‌စောမြင့်ဦး (ဖာပွန် မဲဆန္ဒနယ်၊ အမှတ် ၁)နှင့် ပြင်ပ ပညာရှင်များဖြစ်သည့် ဦးစိုးလှိုင်နှင့် ဦး‌စောပြည်သာ တို့ကို ပြည်နယ်ဝန်ကြီးချုပ်က အမည်စာရင်းတင်သွင်းလိုက်ခြင်း ဖြစ်သည်။

ပြည်နယ်အစိုးရအဖွဲ့တွင် ဝန်ကြီးဌာန ၆ ခုထားရှိသွားမည်ဖြစ်ပြီး စီမံကိန်း၊ ဘဏ္ဍာ‌ရေးနှင့် စည်ပင်သာယာ ‌ရေးဝန်ကြီးအဖြစ် ဦးသန်းနိုင်၊ လူမှု‌ရေးဝန်ကြီးအဖြစ် ‌ဒေါက်တာတင်ဝင်း‌ကျော်၊ စိုက်ပျိုး‌ရေး ‌မွေးမြူ‌ရေးနှင့် ဆည်‌မြောင်းဝန်ကြီး အဖြစ် ‌စောသန်းနိုင်၊ လုံခြုံ‌ရေးနှင့်နယ်စပ်‌ရေးရာဝန်ကြီးအဖြစ် ဗိုလ်မှူးကြီး‌အောင်လွင်၊ သဘာဝပတ်ဝန်းကျင်၊ သစ်‌တော၊ သတ္တုနှင့် လမ်းပန်းဆက်သွယ်‌ရေးဝန်ကြီးအဖြစ် ဦး‌စောပြည်သာနှင့် လျှပ်စစ်နှင့် စက်မှုဝန်ကြီးအဖြစ် ဦးစိုးလှိုင်တို့ကို လျာထားသည်ဟု ပြည်နယ်လွှတ်‌တော်ကိုယ်စားလှယ် ‌စော‌ဂျေ‌အေဝင်းမြင့်က ‌ပြောသည်။

လူမှု‌ရေးဝန်ကြီးအဖြစ်လျာထားခြင်းခံရသူ ‌ဒေါက်တာတင်ဝင်း‌ကျော်ကလည်း “ဝန်ကြီးဖြစ်ရင်အဓိက ဦးစား‌ပေး လုပ်မှာက ပညာ‌ရေး၊ ကျန်းမာ‌ရေးပါ။ ပညာ‌ရေးနဲ့ပတ်သက်ပြီးအ‌ခြေခံပညာ‌ရေးကို စနစ်တကျလုပ်သွားမယ်။ ဒါ‌ပေမယ့် နိုင်ငံ‌တော်က ဘယ်လိုမူဝါဒ ချ‌ပေးမယ်ဆိုတာ မသိ‌သေးဘူး။ အဲဒီကချမှတ်တဲ့ မူဝါဒအတိုင်း‌တော့ အ‌ကောင်းဆုံးဖြစ်‌အောင် လုပ်မယ်။ ပြည်သူ‌တွေကို ‌ပြောချင်တာက လက်ရှိအ‌နေအထားနဲ့ ပိုပြီး‌တော့ တိုးတက် ‌အောင်လုပ်‌ပေးမယ်လို့ ကတိ‌ပေးပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် တိုင်းရင်းသားလက်နက်ကိုင်‌ဒေသတို့တွင် ပညာ‌ရေး၊ ကျန်းမာ‌ရေး စသည့်ကဏ္ဍများကို ပူးတွဲလုပ်‌ဆောင်သွားမည်ဖြစ်သလို ငြိမ်းချမ်း‌ရေးနှင့်ဆက်စပ်‌နေ‌သော်လည်း ငြိမ်းချမ်း‌ရေးကိုမ‌စောင့်ဘဲ ခွင့်ပြုလျှင် ခွင့်ပြုသလို လုပ်‌ဆောင်သွားမည်ဟု ‌ဒေါက်တာတင်ဝင်း‌ကျော်က ဆက်‌ပြောသည်။

ပြည်နယ်ဝန်ကြီးများအဖြစ် အမည်စာရင်းတင်သွင်းခံရသူများ အ‌နေဖြင့် ဧပြီ ၇ ရက်‌နေ့တွင် ကျင်းပမည့် ပြည်နယ်လွှတ်‌တော် အစည်းအ‌ဝေးတွင် သတိသစ္စာပြုကာ တာဝန်များစတင်ထမ်း‌ဆောင်သွားမည်ဖြစ်‌ကြောင်း သိရသည်။