Home သတင်း ငြိမ်းချမ်း‌ရေးဖြစ်စဉ်တွင် အားလုံး ပါဝင်လာနိုင်‌ရေး ကြိုးစားမည်ဟု NCA လက်မှတ်ထိုးခဲ့သည့် တိုင်းရင်းသားအဖွဲ့ ‌ပြောဆို

ငြိမ်းချမ်း‌ရေးဖြစ်စဉ်တွင် အားလုံး ပါဝင်လာနိုင်‌ရေး ကြိုးစားမည်ဟု NCA လက်မှတ်ထိုးခဲ့သည့် တိုင်းရင်းသားအဖွဲ့ ‌ပြောဆို

1667

မတ် ၂၈ရက်၊ ၂၀၁၆ခုနှစ်။ စဖန်း‌ရှောင်း

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ‌ရေးသ‌ဘောတူစာချုပ် NCA ကို လက်မှတ်‌ရေးထိုးထားခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင် ‌တော်လှန်‌ရေးအဖွဲ့များအ‌နေဖြင့် လက်မှတ်ထိုးရန် ကျန်‌နေ‌သေးသည့် အခြားတိုင်းရင်းသားလက်နက်ကိုင်အားလုံး ပါဝင်လာနိုင် ‌ရေးကို အစိုးရသစ်လက်ထက် ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်များတွင် ဆက်လက် ကြိုးစားလုပ်‌ဆောင်သွားမည်ဖြစ်‌ကြောင်း ‌ကေအိုင် စီသို့ ယ‌နေ့ ‌ပြောဆိုသည်။

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် မတ်လ ၂၄ရက်မှ ၂၆ရက်‌နေ့အထိ NCA လက်မှတ်‌ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် ‌တော်လှန်‌ရေးအဖွဲ့ ၈ဖွဲ့၏ ဒုတိယအကြိမ်‌မြောက် ထိပ်သီးအစည်းအ‌ဝေး ကျင်းပအပြီးတွင် ယင်းသို့ ‌ပြောဆိုလိုက်ခြင်းဖြစ်သည်။

တိုုင်းရင်းသားလက်နက်ကိုုင် ‌တော်လှန်‌ရေး ထိပ်သီး‌ခေါင်း‌ဆောင်များ EAO CT လုုပ်ငန်း‌ဖော်‌ဆောင်‌ရေးအဖွဲ့‌ခေါင်း‌ဆောင် ပဒိုု ‌စောကွယ်ထူးဝင်းက “ငြိမ်းချမ်း‌ရေးတည်‌ဆောက်ဖို့က အကုန်လုံးက လက်ခံကြပါတယ်။ ဒါ‌ပေမယ့် ‌ရွေးချယ်မှုလမ်းက‌တော့ ငြိမ်း ချမ်း‌ရေးကို ‌ဖော်‌ဆောင်တဲ့‌နေရာမှာ ဘယ်လိုနည်းနဲ့ ဘယ်လိုသွားကြမယ်ဆိုတာက‌တော့ အမြင်ချင်းတူချင်မှတူမယ်။ အတူတ ကွ ‌ဆောင်ရွက်မလား၊ ဘယ်လိုနည်းနဲ့ ‌ဆောင်ရွက်သွားမလဲဆိုတာက‌တော့ ဆက်ပြီးညှိနှိုင်းရအုံးမှာဖြစ်ပါတယ်”ဟု ‌ပြောသည်။

အဆိုပါ ထိပ်သီးအစည်းအ‌ဝေးတွင် NCA အ‌ကောင်အထည်‌ဖော်မှုအ‌ခြေအ‌နေ၊ ပြည်‌ထောင်စုငြိမ်းချမ်း‌ရေးညီလာခံ ‌ခေါ်ယူကျင်း ပနိုင်မှု အပါအဝင် ဦးသိန်းစိန်အစိုးရလက်ထက် နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲ အစပျိုးနိုင်ခဲ့ခြင်းများအ‌ပေါ် ပြန်လည်သုံးသပ်ခဲ့ကြပြီး ငြိမ်း ချမ်း‌ရေးလုပ်ငန်းစဉ်များကို နိုင်ငံ‌ရေးဦး‌ဆောင်မှု‌ပေးမည့် တိုင်းရင်းသားလက်နက်ကိုင်‌တော်လှန်‌ရေးအဖွဲ့အစည်းများ ငြိမ်းချမ်း ‌ရေးလုပ်ငန်းစဉ် ဦး‌ဆောင်အဖွဲ့ EAO (Peace Process Steering Team – PPST) ကိုလည်း ဖွဲ့စည်းခဲ့ကြသည်။

၎င်းအပြင် NCA လက်မှတ်မထိုးထား‌သောအဖွဲ့များနှင့် ငြိမ်းချမ်း‌ရေးလုပ်ငန်းများ ပူး‌ပေါင်း‌ဆောင်ရွက်နိုင်‌ရေး ပဏာမ ‌ဆွေး‌နွေး ညှိနှိုင်းရန် ALP မှ ခိုင်စိုးနိုင်‌အောင် ဦး‌ဆောင်‌သော အဖွဲ့ဝင် ၈ဦးပါ Delegation for EAO Unity (DEU)ကိုလည်း ထပ်မံ ဖွဲ့စည်း လိုက်ပြီး ခူးဦးရယ် ဦး‌ဆောင်သည့် UNFC ၏ နိုင်ငံ‌ရေးဆိုင်ရာ ညှိနှိုင်း‌ဆွေး‌နွေး‌ရေးကိုုယ်စားလှယ်အဖွဲ့ Delegation for Political Negotiation (DPN) အဖွဲ့တို့ မတ်လ ၂၇ရက်‌နေ့တွင် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ ပထမဆုံးအကြိမ် ထပ်မံ ‌တွေ့ဆုံ‌ဆွေး ‌နွေးခဲ့ကြသည်။

ယင်း‌ဆွေး‌နွေးမှုများနှင့်ပတ်သက်၍ ခူးဦးရယ်က “ကျ‌နော်တို့ အလွတ်သ‌ဘော ‌တွေ့တဲ့အခါကျ‌တော့ တိတိပပ ‌ပြောတယ်လို့ မဟုတ်ဘူး‌ပေါ့။ ဒါ‌ပေမယ့် ကျ‌နော်တို့ညီညွတ်‌ရေး ‌ရှေ့ဆက်ပူး‌ပေါင်း‌ဆောင်ရွက်‌ရေးအတွက် အ‌ရေးကြီးတယ်ဆိုတာ‌တော့ အား လုံးတစ်ညီတစ်ညွတ်တည်း သ‌ဘောထား ရှိကြပါတယ်။ အစိုးရသစ်ကလည်း ဘယ်လိုလမ်း‌ကြောင်းနဲ့ ဘယ်လိုဆက်သွားမလဲ၊ ကျ‌နော်တို့လည်း မသိရ‌သေး‌တော့ ကျ‌နော်တို့ဘက်ကလည်း ဘယ်လိုပြင်ဆင်ရမလဲ။ ဘယ်လိုအ‌နေအထားနဲ့ သွားရမလဲဆို တာ အခုချိန်မှာ ‌ပြောလို့မရ‌သေးပါဘူး”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

NCA စာချုပ်အရ လက်မှတ်‌ရေးထိုးထားသည့်အဖွဲ့များအ‌နေဖြင့် လက်မှတ်‌ရေးထိုးပြီး လုပ်ငန်းအ‌ကောင်အထည်‌ဖော်ရာတွင် နိုင်ငံ‌ရေး‌ဆွေး‌နွေးမှုဆိုင်ရာ မူ‌ဘောင်‌ရေးဆွဲခြင်း၊ အမျိုးသားအဆင့် နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲများ ကျင်းပခြင်း၊ ပြည်‌ထောင်စုငြိမ်းချမ်း ‌ရေးညီလာခံကျင်းပခြင်း၊ ပြည်‌ထောင်စု သ‌ဘောတူစာချုပ် ချုုပ်ဆိုခြင်း၊ ပြည်‌ထောင်စုလွှတ်‌တော်တွင် အတည်ပြုခြင်း စသည်တို့ ကို အဆင့်ဆင့် လုပ်‌ဆောင်သွားရမည်ဖြစ်သည်။

ယင်းစာချုပ် အ‌ကောင်အထည်‌ဖော်မှုအရ ပထမအကြိမ် ပြည်‌ထောင်စုငြိမ်းချမ်း‌ရေးညီလာခံကို ၂၀၁၆ခုနှစ်၊ ဇန်နဝါရီ ၁၂ရက်မှ ၁၆ရက်‌နေ့အထိ ‌နေပြည်‌တော်တွင် ကျင်းပခဲ့ပြီဖြစ်ပြီး အစိုးရအဖွဲ့သစ်လက်ထက် ကျင်းပမည့် ဒုတိယအကြိမ်‌မြောက် ပြည် ‌ထောင်စု ငြိမ်းချမ်း‌ရေးညီလာခံနှင့် နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲ အဆင့်ဆင့်တွင် တိုင်းရင်းသားလက်နက်ကိုင် ‌တော်လှန်‌ရေးအင်အားစု များက အားလုံးပါဝင်လာနိုင်‌ရေးကို လိုလား‌နေကြခြင်း ဖြစ်သည်။

NCA စာချုပ်ကို လက်မှတ်‌ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်‌တော်လှန်‌ရေးအဖွဲ့အစည်းများအ‌နေဖြင့် တိုင်းရင်းသား လူမျိုးများအားလုံး၏ နိုင်ငံ‌ရေးရည်မှန်းချက်များ ‌အောင်မြင်သည်အထိ အစိုးရသစ်၊ တပ်မ‌တော်နှင့် ညှိနှိုင်း အ‌ကောင်အထည် ‌ဖော်သွားမည်ဖြစ်‌ကြောင်း ဒုတိယအကြိမ်‌မြောက် ထိပ်သီးအစည်းအ‌ဝေးအပြီးတွင် သ‌ဘောထားထုတ်ပြန်ထားသည်။