Home သတင်း ‌ပေါ့ဆမီး‌ကြောင့် မယ်လအူးဒုုက္ခသည်စခန်းရှိ ‌နေအိမ်နှင့် အ‌ဆောက်အဦး ၂၅လုံး မီး‌လောင်ကျွမ်း

‌ပေါ့ဆမီး‌ကြောင့် မယ်လအူးဒုုက္ခသည်စခန်းရှိ ‌နေအိမ်နှင့် အ‌ဆောက်အဦး ၂၅လုံး မီး‌လောင်ကျွမ်း

1834

မတ် ၂၉ရက်၊ ၂၀၁၆ခုနှစ်။ စဖန်း‌ရှောင်း

ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းတစ်ခုဖြစ်သည့် မယ်လအူးဒုက္ခသည်စခန်းတွင် မတ်လ ၂၆ရက်၊ ည‌နေ ၄နာရီခန့်က ‌ပေါ့ဆမီး‌လောင်ကျွမ်းခဲ့မှု‌ကြောင့် လူ‌နေအိမ်၊ လုံခြုံ‌ရေးတဲ၊ စခန်းဂို‌ဒေါင် အပါအဝင် အ‌ဆောက်အဦး ၂၅လုံး ပျက်စီးဆုံးရှုံးသွားခဲ့ ‌ကြောင်း စခန်းတာဝန်ရှိသူများက ‌ပြောသည်။

မယ်လအူးစခန်း ဒုဥက္ကဋ္ဌ ‌စောထူး‌ဂေက “ရပ်ကွက်(၈)ထဲက အိမ်တစ်အိမ်က‌နေ ထမင်းချက်‌နေရင်း ‌ပေါ့ဆလို့ဖြစ်တာပါ။ လူ‌နေ အိမ် မီး‌လောင်တာ နည်းတယ်။ အချို့အိမ်‌တွေက ဆက်‌လောင်မှာစိုးလို့ ဖျက်လိုက်ရတာ‌တွေဖြစ်ပါတယ်။ ရုံး‌တွေ ထိုင်းလုံခြုံ‌ရေး စခန်း တဲ‌တွေ‌တော့ ပါသွားတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

မီး‌လောင်ကျွမ်းမှု‌ကြောင့် လူ‌နေအိမ် ၁ဝလုံး၊ ထိုင်းစခန်းလုံခြုံ‌ရေးတဲ ၁၁လုံး၊ စခန်းလုံခြုံ‌ရေးတဲ ၁လုံး၊ နိုင်ငံတကာ ‌ရွှေ့‌ပြောင်းသူ များကူညီ‌ရေးအဖွဲ့ IOM ရုံး၊ Supply Office ၁လုံး၊ Shelter ဂို‌ဒေါင် ၁လုံးတို့ကို ပျက်စီးဆုံးရှုံးသွားပြီး လူပုဂ္ဂိုလ် ထိခိုက်ဒဏ်ရာရ မှု မရှိဘဲ ဝိုင်းဝန်းကူညီ‌ဆောင်ရွက်ခဲ့သည့်အတွက် ထို‌နေ့ည‌နေ ၅ခန့်တွင် မီးငြိမ်းသတ်နိုင်ခဲ့‌ကြောင်း သိရသည်။

မီး‌လောင်၍ ‌နေအိမ်ပျက်စီးသွားသူ မီး‌ဘေးဒုက္ခသည် ၅၈ဦးကို မီးဖို‌ချောင်သုံးပစ္စည်း၊ အဝတ်အစား၊ တာလပတ်အမိုးနှင့် အစား အ‌သောက်များကို စခန်းနှင့် TBC တို့မှ ကူညီ‌ပေးထားပြီး ပြန်လည်ထူ‌ထောင်‌ရေးလုပ်ငန်းများကိုမူ ဧပြီလမှသာ စတင် လုပ် ‌ဆောင်နိုင်မည်ဖြစ်‌ကြောင်း စခန်းတာဝန်ရှိသူများက ‌ပြောသည်။

မယ်လအူးဒုက္ခသည်စခန်းမှာ ထိုင်းနိုင်ငံ၊ မဲ‌ဟောင်‌ဆောင်ခရိုင် စူမွိုင်းမြို့နယ်အတွင်း တည်ရှိပြီး မြန်မာနယ်စပ်နှင့် ၃ကီလိုမီတာ ကွာ‌ဝေးသည်။ ထိုစခန်းတွင် ရပ်ကွက် ၁၅ခုနှင့် ဒုက္ခသည်ဦး‌ရေ (၁၀၈၀၀-တစ်‌သောင်းရှစ်ရာ) ‌နေထိုင်လျှက်ရှိပြီး ၂၀၁၅ခုနှစ်၊ ဧပြီလ ၁၈ရက်‌နေ့ကလည်း စခန်းရှိ ရပ်ကွက် ၆(B)တွင် လူ‌နေအိမ် ၆လုံး မီး‌လောင်ခဲ့‌သေးသည်။