Home သတင်း စစ်မှန်‌သော ငြိမ်းချမ်း‌ရေးကိုု ဦးစား‌ပေး ‌ဖော်‌ဆောင်ရန် အစိုးရသစ်အား ဒုက္ခသည်‌ခေါင်း‌ဆောင်များ ‌ပြောဆို

စစ်မှန်‌သော ငြိမ်းချမ်း‌ရေးကိုု ဦးစား‌ပေး ‌ဖော်‌ဆောင်ရန် အစိုးရသစ်အား ဒုက္ခသည်‌ခေါင်း‌ဆောင်များ ‌ပြောဆို

1474

မတ် ၃၁ရက်၊ ၂၀၁၆ခုနှစ် ။ ‌စောသိန်းမြင့်

ပြည်သူမှ ‌ရွေး‌ကောက်တင်‌မြှောက်လိုက်‌သော သမ္မတသစ် ဦးထင်‌ကျော်နှင့် ၎င်းအစိုးရအဖွဲ့ အ‌နေဖြင့် စစ်မှန်သည့် ပြည်တွင်းငြိမ်းချမ်း‌ရေးကို ဦးစား‌ပေး ‌ဖော်‌ဆောင်‌ပေးရန် လိုလား‌ကြောင်း
ထိုင်း-မြန်မာနယ်စပ်ရှိ မြန်မာဒုက္ခသည်‌ခေါင်း‌ဆောင်များက ယ‌နေ့(မတ် ၃၁)တွင် ‌ပြောဆိုလိုက်သည်။

ကရင်ဒုက္ခသည်‌ကော်မတီ(KRC) ဥက္ကဋ္ဌ ‌စော‌ရောဘတ်‌ထွေးက “ဒီအစိုးရ အ‌ပေါ်မှာ ကျ‌နော်တို့ လိုချင်တာက စစ်မှန်တဲ့ ပြည်တွင်းငြိမ်းချမ်း‌ရေးပါပဲ။ စစ်မှန်တဲ့ ငြိမ်းချမ်း‌ရေး ရှိမယ်ဆိုလို့ရှိရင် ကျ‌နော်တို့ပြည်သူ‌တွေအ‌နေနဲ့က ပြည်တွင်းမှာ ပြန်‌နေထိုင်လုို့ရဲမှာ ဖြစ်တယ်။ ဒါ‌ကြောင့် စစ်မှန်တဲ့ ငြိမ်းချမ်း‌ရေးပဲ ကျ‌နော်တို့ အဓိက လိုလားတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

လက်ရှိအချိန်တွင် အစိုးရသစ်အ‌နေဖြင့် ဒုက္ခသည်အ‌ရေးနှင့်ပတ်သက်၍ တရားဝင် ထုတ်‌ဖော်‌ပြောဆိုမှုများ မရှိ‌သေး‌သော်လည်း ယခုအစိုးရသစ်အ‌ပေါ် ဒုက္ခသည်ပြည်သူများမှ များစွာ ‌မျှော်လင့်ထား‌ကြောင်းလည်း ‌စော‌ရောဘတ်‌ထွေးက ဖြည့်စွက်‌ပြောဆိုသည်။

၂၀၁၅ခုနှစ်၊ နိုဝင်ဘာ ၈ရက်‌နေ့က ကျင်းပသည့် ‌ရွေး‌ကောက်ပွဲရလဒ်အရ ထွက်‌ပေါ်လာ‌သော သမ္မတသစ်ဦးထင်‌ကျော်ထံသို့ သမ္မတဦးသိန်းစိန်က မတ် ၃ဝရက်‌နေ့တွင် တရားဝင်အာဏာ လွှဲ‌ပြောင်း‌ပေးခဲ့သလို အစိုးရသစ်ကို ဦး‌ဆောင်မည့် အဖွဲ့ဝင် (၂၃)ဦးပါ ပြည်‌ထောင်စု အစိုးရ အဖွဲ့ကိုလည်း ဖွဲ့စည်းလိုက်‌ကြောင်း သမ္မတရုုံး ထို‌နေ့တွင် ‌ကြေညာချက် ထုတ်ပြန်ခဲ့သည်။

သမ္မတ ဦးထင်‌ကျော်က လွှတ်‌တော်၌ ကျမ်းသစ္စာဆိုပြီး‌နောက် ပြည်‌ထောင်စုလွှတ်‌တော်တွင် ‌ပြောကြား‌သော မိန့်ခွန်းတွင် အစိုးရသစ်အ‌နေဖြင့် အမျိုးသားရင်ကြား‌စေ့‌ရေး၊ ပြည်တွင်း ငြိမ်းချမ်း‌ရေး၊ ဒီမိုက‌ရေစီ စံချိန်စံညွှန်းများနှင့် ကိုက်ညီ‌သော ဖွဲ့စည်းပုံအ‌ခြေခံ ဥပ‌ဒေတစ်ရပ် ဖြစ်‌ပေါ်လာ‌ရေးနှင့် ပြည်သူလုထုအများစု၏ လူ‌နေမှုဘဝအဆင့်အတန်း တိုးတက်မြင့်မား‌ရေးကို အ‌ကောင်အထည်‌ဖော်သွားမည်ဖြစ်‌ကြောင်း ထည့်သွင်း‌ပြောဆိုခဲ့သည်။

ကရင်နီဒုက္ခသည်‌ကော်မတီ(KnRC)အတွင်း‌ရေးမှူး (၂)‌နော်ထူးလွဲကလည်း “ကျမတုို့ ဖြစ်‌စေချင် တာက အရင်ဆုံး ဒီ Nationwide Ceasefire ကိုု အရင်လုပ်ပြီးမှ ဒုက္ခသည်အ‌ရေးကို လုပ်‌စေချင် တယ်။ အဲဒါ‌လေးကို အမြန်ဆုံးအ‌ကောင်အထည်‌ဖော်နိုင်ဖို့ ‌ပြောချင်တာ‌ပေါ့။ လူထုထဲက ‌ရွေး‌ကောက်တင်‌မြှောက်ထားတဲ့ အစိုးရဆို‌တော့ ကျမတို့ အများကြီး ‌မျှော်လင့်ထားတယ်‌ပေါ့”ဟုု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခင် ဦးသိန်းစိန်အစိုးရ လက်ထက်က ထိုင်း-မြန်မာနယ်စပ်တစ်‌လျှောက်ရှိ ဒုက္ခသည်များ ‌နေရပ် ပြန်ပို့‌ရေးနှင့်ပတ်သက်ပြီး သတင်းမျိုးစုံထွက်‌ပေါ်လျှက်ရှိသလို နိုင်ငံ‌ရေးအ‌ခြေအ‌နေ အ‌ပြောင်းအလဲ‌ကြောင့် ဒုက္ခသည်များအား ‌ထောက်ပံ့‌နေသည့် နုိုင်ငံတကာ အကူအညီများလည်း ‌လျှော့နည်းလာခဲ့သည်။

လွန်ခဲ့သည့် ဆယ်စုနှစ် ၃စု‌ကျော်က မြန်မာနိုင်ငံ၏ ပြည်တွင်းစစ်‌ကြောင့် သိန်းနှင့်ချီ‌သော မြန်မာ ပြည်သူများသည် ထိုင်းနယ်စပ်သို့ ဒုက္ခသည်အဖြစ် လာ‌ရောက်ခိုလှုံခဲ့ကြရပြီး အချို့က တတိယ နိုင်ငံသို့ ‌ရွှေ့‌ပြောင်းအ‌ခြေချသွားခဲ့‌သော်လည်း အချို့က ဒုက္ခသည်စခန်းများတွင် ‌သောင်တင်‌နေဆဲ ဖြစ်သည်။

လက်ရှိ ထိုင်းနယ်စပ် တစ်‌လျှောက်တွင် မယ်လ၊ အုန်းဖျန်၊ နို့ဖုိုး၊ မယ်ရာမို၊ မယ်လအူး၊ ထမ့်ဟင်၊ ဘန့်ဒုုံယမ်း၊ ကရင်နီ အမှတ် (၁)နှင့် အမှတ် (၂)စသည့် မြန်မာဒုက္ခသည်စခန်း ၉ခုုမှ လူဦး‌ရေ ၁၂၀,၀၀ဝ ဦးရှိသည်ဟုု ဒုက္ခသည်များအား အ‌ခြေခံ စာနပ်ရိက္ခာ ‌ထောက်ပံ့‌နေသည့် The Border Consortium (TBC) ‌နောက်ဆုံး စာရင်းအရ သိရသည်။