Home သတင်း နှစ် ၆ဝပြည့် ကရင်ပြည်နယ်‌နေ့ ဒုံးပြိုင်ပွဲတွင် အိန္ဒုမိဇံတိုက်နယ်ဒုံး ပထမဆုရရှိ

နှစ် ၆ဝပြည့် ကရင်ပြည်နယ်‌နေ့ ဒုံးပြိုင်ပွဲတွင် အိန္ဒုမိဇံတိုက်နယ်ဒုံး ပထမဆုရရှိ

1614
နိုဝင်ဘာ ၁၆ရက်၊ ၂၀၁၅ခုနှစ်။ နန်း‌ဝေဖြိုးဇာ

ကရင်ပြည်နယ်၊ ဖားအံမြို့နယ် သီရိကွင်း၌ နိုဝင်ဘာလ ၁ဝရက်မှ ၁၄ရက်‌နေ့အထိ ကျင်းပခဲ့‌သော နှစ် ၆ဝပြည့် ကရင်ပြည်နယ် ‌နေ့ အထိမ်းအမှတ်ပွဲ‌တော်၏ ရိုးရာဒုံးပြိုင်ပွဲတွင် ဖားအံမြို့နယ် အိန္ဒုမိဇံတိုက်နယ်ဒုံးက ပထမဆုကို ဆွတ်ခူးရရှိသွားခဲ့သည်။

အဆိုပါပြည်နယ်‌နေ့ အထိမ်းအမှတ် ဒုံးပြိုင်ပွဲသို ့ကရင်ပြည်နယ် မြို့နယ် ၇မြို့နယ်ကိုယ်စားပြု ဒုံးအဖွဲ့များ အပါအဝင် ဒုံးအဖွဲ့‌ပေါင်း ၂၄ဖွဲ့ ယှဉ်ပြိုင်ခဲ့ကြပြီး ပထမဆုကို အိန္ဒုမိဇံတိုက်နယ်ဒုံးအဖွဲ့က ရရှိခဲ့ကာ ဒုတိယဆုကို တက္ကသိုလ်ဒုံးအဖွဲ့၊ တတိယဆုကို ကရင်ပြည်နယ် နယ်ခြား‌စောင့်တပ်ဒုံးအဖွဲ့၊ စတုတ္ထဆုကို ဂျိုင်း-ဇာသပြင် ‌ကော့တာဒုံးအဖွဲ့နှင့် ပဉ်စမဆုကို မုက္ကဒိ‌ကျေးရွာ ဒုံးအဖွဲ့ များက အသီးသီး ရရှိသွားခဲ့ကြသည်။

ပထမဆုရရှိသည့် အိန္ဒုမိဇံတိုက်နယ် ဒုံးအဖွဲ့မှ ဒုံးဆရာ ‌စောကဗျာစိန်က “ကျ‌နော်တို့ ကရင်ပြည်နယ်ဒုံး ဝင်‌ရောက်ယှဉ်ပြိုင်နိုင်ဖို့ အတွက် အချိန်တစ်လယူပြီး ‌လေ့ကျင့်ခဲ့ရတယ်။ ဒုံးတစ်ဒုံးဖြစ်‌မြှောက်ဖို့က ကတဲ့လူ‌တွေက အားစိုက်ပြီးကရသလို တစ်ချို့ဆို ‌ခြေ‌ထောက်နာပြီး ကျန်းမာ‌ရေးထိခိုက်သွားတာ ရှိတယ်။ ဒါ‌ပေမယ့် အချိန်‌တွေ၊ အား‌တွေ‌ပေးဆပ်ပြီး အခုပထမရရှိလို့ အရမ်းကို ပီတိဖြစ်ပါတယ်။ ‌နောက်ပြီး ပြည်နယ်ဒုံး ပြိုင်ပွဲဝင်တဲ့ဒုံးတိုင်းက ‌ကောင်းပါတယ်။ အားလုံးကလည်း ‌ပေးဆပ်ရပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ပြည်နယ်‌နေ့ အထိမ်းအမှတ် ဒုံးယိမ်းပြိုင်ပွဲသို ့ နှစ်စဉ်နှစ်တိုင်း ဒုံးအဖွဲ့များက အကြိတ်အနယ် ဝင်‌ရောက်ယှဉ်ပြိုင်ခြင်းများရှိသကဲ့ သို့ ဆု‌ရွေးချယ်ရာတွင် အဓိကကျသည့် အမှတ်‌ပေးဒိုင်များ ဘက်လိုက်မှု၊ လာဘ်စားမှုများရှိသည်ဟု သတင်းများထွက်‌ပေါ်ကာ ‌ဝေဖန်မှုများလည်း မကြာခဏဖြစ်ပွား‌လေ့ရှိကာ ယခုနှစ်ပြိုင်ပွဲတွင်လည်း ဆုရဒုံးအဖွဲ့များ ‌ရွေးချယ်မှုအ‌ပေါ် အွန်လိုင်းတွင် ‌ဝေဖန် မှုများ မျိုးစုံရှိ‌နေသည်ဟု ဖားအံမြို့ခံများက ဆိုသည်။

“ဒုံးယှဉ်ပြိုင်ပြီး ရလဒ်ထွက်လာတဲ့အချိန်မှာ အမှတ်‌ပေးဒိုင်‌တွေကို အပြစ်တင်တာ သဘာဝပဲ။ ကျ‌နော်တို့က ရိုးရာ၊ ယဉ်‌ကျေးမှု ကို ချစ်ခင်မြတ်နိုးတယ်။ တချို့က ဒိုင်လူကြီးမျက်နှာလိုက်တယ်။ လာဘ်စားတယ် အဲလို‌ပြောတာရှိတယ်။ ကျ‌နော်တို့က‌တော့ သန့်သန့်ရှင်းရှင်း၊ မှန်မှန်ကန်ကန်ပဲ အမှတ်‌ပေးတယ်။ တစ်ချို့က ဆုမရ‌တော့ ‌ပြောချင်ပါတယ်။ ဒါက သဘာဝပဲ”ဟု ဒုံးအမှတ် ‌ပေးဒိုင်ချုပ် ‌စော‌အောင်သိန်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

ပြိုင်ပွဲတွင် အိန္ဒုမိဇံတိုက်နယ်ဒုံး ပထမဆုရရှိခြင်းသည် ဒုံးယိမ်းကသူများ အရပ်အ‌မောင်းနှင့် ဝတ်စားဆင်ယင်မှု ညီညာခြင်း၊ အတီးအမှုတ်နှင့် ‌နောက်ခံသီးဆိုမှု၊ ကချိုးကကွက်များ ညီခြင်း၊ ‌နောက်ခံတီးမှုတ်ရာတွင် သတ်မှတ်တူရိယာ ၇မျိုး ပြည့်စုံခြင်းနှင့် ဝင်‌ရောက်ယှဉ်ပြိုင်ရာတွင် အဝင်အထွက် ရို‌သေ‌လေးစားမှုရှိခြင်း စသည့်အချက်များ ကိုက်ညီသည့်အတွက် ရရှိသွားခြင်းဖြစ် သည်ဟု အမှတ်‌ပေးဒိုင်လူကြီးများက ဆိုသည်။

ဆုရရှိသည့် ဒုံးများကို ပထမဆုကျပ် ၁ဝသိန်း၊ ဒုတိယဆု ၈သိန်း၊ တတိယဆု ၆သိန်း၊ စတုတ္ထဆု ၄သိန်းနှင့် ပဉ်စမ ၂သိန်းတို့ကို ပြည်နယ်အစိုးရက ချီးမြှင့်ခဲ့သလို ကရင်ပြည်နယ် နယ်ခြား‌စောင့်တပ်မှ အ‌ထွေ‌ထွေ အတွင်း‌ရေးမှူး ဗိုလ်မှူးကြီး‌စောချစ်သူက လည်း ပထမဒုံး ကျပ်သိန်း ၅ဝ ၊ ဒုတိယ ကျပ်သိန်း ၄၀၊ တတိယ ကျပ်သိန်း ၃၀၊ စတုတ္ထ ကျပ်သိန်း၂ဝနှင့် ပဉ်စမ ကျပ်သိန်း ၁ဝစီ အသီးသီး ဆုချီးမြှင့်ခဲ့သည်။

နိုဝင်ဘာလ ၇ရက်‌နေ့တွင် ကျ‌ရောက်သည့် ကရင်ပြည်နယ်‌နေ့ အခမ်းအနားကို ယခင်နှစ်များကဲ့သို့မဟုတ်ဘဲ ယခုနှစ်တွင်မူ ‌ရွေး‌ကောက်ပွဲရက်နှင့် တိုက်ဆိုင်သဖြင့် နိုဝင်ဘာလ ၁ဝရက်မှ ၁၄ရက်‌နေ့အထိ ကျင်းပခဲ့ပြီး ယခုနှစ် ဒုံးပြိုင်ပွဲတွင် ယခင်နှစ်က ထက် ဒုံးအဖွဲ့များ ပိုမိုပါဝင်ယှဉ်ပြိုင်ခဲ့‌ကြောင်း ပြိုင်ပွဲတာဝန်ရှိသူများထံမှ သိရသည်။