Home သတင်း ‌ရွေး‌ကောက်ပွဲရက်အတွင်း မဲသက်‌သေခံစာရွက်ကိစ္စ လွဲ‌ချော်မှားယွင်းမှုများရှိ‌နေ

‌ရွေး‌ကောက်ပွဲရက်အတွင်း မဲသက်‌သေခံစာရွက်ကိစ္စ လွဲ‌ချော်မှားယွင်းမှုများရှိ‌နေ

2546

နိုဝင်ဘာ ၈ရက်၊ ၂၀၁၅ခုနှစ်။ စအိုင်စူး၊ က‌ဆောဝါး

၂၀၁၅ ‌ရွေး‌ကောက်ပွဲနှင့် ပတ်သက်၍ မဲ‌ပေးမှုမှာ ကြိုတင်မဲနှင့် မဲ‌ပေးရက် မဲထည့်သူများအတွက် မဲသက်‌သေခံစာရွက်မှာ လွဲ ‌ချော်မှားယွင်းမှုများပြား‌နေ‌ကြောင်း မဲ‌ပေးသူများနှင့် မဲ‌စောင့်ကြည့်‌လေ့လာသူများ၏ ‌ပြောကြားချက်များအရ သိရသည်။

ဖားအံမြို့နယ်၊ ‌နောင်ကမြိုင်‌ကျေးရွာတွင် နိုဝင်ဘာလ ၇ရက်‌နေ့က ကြိုတင်မဲသွား‌ပေးသူများအား ‌ကျေးရွာအုပ်ချုပ်‌ရေးမှူးရုံး ဝန်ထမ်းက မဲလက်မှတ်များ ‌လောက်ငှမှုမရှိဟု အ‌ကြောင်းပြခြင်း၊ အခြားပါတီတွင် စည်းတံဆိပ်ထုမည်ကို ပြည်ခိုင်ဖြိုးပါတီ၌ ထုနှိပ်ရန် ‌ပြောဆိုခြင်းများရှိ‌ကြောင်း ရွာခံ‌စောအနိုင်က ‌ပြောသည်။

အလားတူ လှိုင်းဘွဲမြို့နယ်၊ က‌မော့ကယှူး‌ကျေးရွာ မဲရုံ၌ မဲမထည့်တတ်သူများကို ကူညီလမ်းညွှန်မှုအားနည်းခြင်းများ ‌တွေ့ရှိရ ‌ကြောင်း ကိုယ်တိုင်မဲထည့်ပြီးခဲ့သူ ကရင်အမျိုးသားတစ်ဦးက ယခုလို ‌ပြောသည်။

“ကျ‌နော် မဲထည့်တာ အဆင်‌ပြေ‌ပေမဲ့ ကျ‌နော်တို့ရွာက မဲမထည့်တတ်တဲ့ လူကြီး‌တွေက မဲစာရွက်ထဲက လွတ်‌နေတဲ့ အကွက် ‌တွေ အကုန်လုံးကို တံဆိပ်ထုလိုက်တယ်။ အဲဒါကို မဲရုံဝန်ထမ်းက ဒီလိုထုတာ မရဘူး‌နော်ပဲ ‌ပြောတယ်။ ‌နောက်တခုက ထုမဲ့ စည်းတံဆိပ်တုံးက မှင်တအားများ‌တော့ စည်းထုရင် ဘာမှမသဲကွဲ‌တော့ဘဲ မှင်‌တွေပြန့်‌နေတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် ‌ကော့ကရိတ်မြို့‌ပေါ်ရှိ ရပ်ကွက် ၇ခုအနက် အချို့‌သော ရပ်‌ကျေး‌ကော်မရှင်ရုံးခွဲများ၌ နိုဝင်ဘာ ၂ရက်‌နေ့က တတိယအ ကြိမ် မဲစာရင်းကို ‌ကြေညာမှု ‌နောက်ကျ‌သော‌ကြောင့် မဲသက်‌သေခံဖြတ်ပိုင်း စာရွက်ထုတ်ယူမည့် မဲဆန္ဒရှင်အများအပြား ကျန်ရှိ ‌နေ‌သေးသည်ဟု ရပ်‌ကျေး‌ကော်မရှင်ခွဲများက နိုဝင်ဘာလ ၇ရက်တွင် ‌ပြောဆိုမှုများအရ သိရသည်။

၂၀၁၅ ‌ရွေး‌ကောက်ပွဲအတွက် တတိယအကြိမ် မဲစာရင်းကို နိုဝင်ဘာလတွင် ‌ကြေညာရန် မြို့နယ်‌ကော်မရှင်က ရပ်‌ကျေး‌ကော်မ ရှင် ရုံးခွဲများသို့ မဲစာရင်းများကို ဖြန့်‌ဝေထား‌သော်လည်း ရပ်‌ကျေး‌ကော်/ခွဲ ရုံးများက ကြိုတင်မဲ‌ပေးခြင်း ကိစ္စရပ်များကိုသာ လုပ် ‌ဆောင်‌နေ‌သော‌ကြောင့် ရပ်ကွက်အချို့တွင် မဲစာရင်းများကပ်ခြင်း၊ မဲလက်မှတ်ထုတ်ယူရန် မဲသက်‌သေခံဖြတ်ပိုင်း စာရွက်များ ထုတ်‌ပေးခြင်းများကို နိုဝင်ဘာလ ၆ရက်၊ ၇ရက်‌နေ့များမှသာ ပြုလုပ်ခဲ့သည်ဟု ‌ဒေသခံတချို့က ‌ပြောဆို‌နေကြသည်။
Yomahar village (PuTaKit 1)
မဲ‌ပေးသည့်‌နေ့တွင် မဲစာရင်း ရှာမ‌တွေ့သူ အမျိုးသားဒီမိုက‌ရေစီအင်အားစုမှ ပြည်သူ့လွှတ်‌တော်ကိုယ်စားလှယ်‌လောင်း ဦး‌ငွေခိုင် သန်းက “မဲစာရင်းက သုံးကြိမ်‌မြောက်မှာ နှစ်ကြိမ်လုံးမှာ‌တော့ ပါခဲ့တယ်။ အခု သုံးကြိမ်‌မြောက်မှာ ရှာမ‌တွေ့ဘူး။ မ‌နေ့ကဆို ကျ‌နော် အချိန်တစ်နာရီခွဲ‌လောက်ရှာခဲ့တယ်။ မ‌တွေ့ဘူး။ ပြီး‌တော့ ဒီ‌နေ့လည်း ရှာတာ တနာရီဝန်းကျင်အထိ မ‌တွေ့‌သေးဘူး။ ‌ကော်မရှင်ကို မ‌နေ့ကတည်းက အ‌ကြောင်းကြားထားတယ်။ အခုလည်း ထပ်ကြားထားတယ်။ ဒါ‌ပေမဲ့ သူတို့က‌တော့ ဘယ်လိုကူ ညီမလဲ ကျ‌နော် မသိဘူး”ဟု ယ‌နေ့ ‌နေ့လည်က ‌ပြောဆိုသည်။

ထိုကိစ္စနှင့် ပတ်သက်၍ ယမန်‌နေ့ ည‌နေပိုင်းက ‌ကေအိုင်စီ၏ ဆက်သွယ်‌မေးမြန်းမှုအ‌ပေါ် အမှတ်(၂)ရပ်ကွက် ရပ်‌ကျေး ‌ကော်/ခွဲ တာဝန်ရှိသူ ဦးလှ‌အောင်က “ဒီဖြတ်ပိုင်းစာရွက်‌တွေက မနက်ဖြန် မဲထည့်ဖို့လာတဲ့အချိန်မှာ ဆက်လက်‌ပေးသွားမှာပါ။ တချို့ဖြတ် ပိုင်းစာရွက်‌တွေက မဲစာရင်းမှာပါပြီး လူ‌တွေက ထိုင်းနိုင်ငံမှာ အလုပ်သွားလုပ်သူ မိသားစု‌တွေရဲ့ ဖြတ်ပိုင်းစာရွက်‌တွေပါ။ ဒါ‌ကြောင့် အကျန်များ‌နေတာပါ״ဟု ‌ဖြေကြားခဲ့သည်။

‌ရွေး‌ကောက်ပွဲ ‌စောင့်ကြည့်‌လေ့လာသူများ၏ ‌ပြောကြားချက်အရ ‌ကော့ကရိတ်မြို့‌ပေါ်ရပ်ကွက် အားလုံးရှိ ရပ်‌ကျေး ‌ကော်မရှင်ခွဲ များမှာ တတိယအကြိမ် မဲစာရင်းအလွဲအမှားများ‌ကြောင့် ‌ဒေသခံ ပြည်သူများကို မဲသက်‌သေခံ ဖြတ်ပိုင်းစာရွက်များ ထုတ်ယူ‌ပေး ရန် ခက်ခဲခြင်း၊ မဲစာရင်းအလွဲအမှားများကို မစိစစ်ခြင်းများရှိရာ မဲဆန္ဒရှင်များမှာ မဲသက်‌သေခံဖြတ်ပိုင်းစာရွက်များကို မထုတ်ယူ ‌တော့ဘဲ အများအပြား ပြန်သွားကြ‌ကြောင်း သိရသည်။

“ကျ‌နော့်မိသားစု မဲစာရင်းရှာ‌နေတာ အခုထိ မ‌တွေ့ဘူး။ လူ‌တွေက အများကြီး။ သူတို့‌ကြေညာတာက အက္ခရာစဉ်ဆိုလို့ အက္ခ ရာစဉ်အတိုင်း ရှာကြည့်တယ်။ မ‌တွေ့ဘူး။ ဒါ‌ကြောင့် အိမ်က လူကြီး‌တွေကို ဖုန်းဆက်ပြန်‌ပြော‌တော့ သား ပြန်လာခဲ့‌တော့ဆိုလို့ ကျ‌နော်ဆက်မရှာ‌တော့ အိမ်ပြန်လိုက်တယ်״ဟု ‌ကော့ကရိတ်မြို့၊ အမှတ်(၃)ရပ်ကွက်မှ ‌မောင်‌အောင်‌ကျော်က ယမန်‌နေ့ညက ‌ကေအိုင်စီသို့ ‌ပြောသည်။

‌ကော့ကရိတ်မြို့နယ်တွင်း ရပ်ကွက်အသီးသီး၌ မဲသက်‌သေခံဖြတ်ပိုင်း ထုတ်ယူခြင်း၊ နာမကျန်းလူနာနှင့် သက်ကြီးရွယ်အိုများထံ မှ ကြိုတင်မဲ လိုက်လံ‌ကောက်ခံခြင်း၊ ၈ရက်‌နေ့ ဆန္ဒမဲ‌ပေးရန် မဲရုံဖွဲ့စည်းပုံပြင်ဆင်ခြင်းများ‌ကြောင့် နိုဝင်ဘာလ ၇ရက် ည ၁ဝနာ ရီတိုင်‌အောင် ‌ကော့ကရိတ်မြို့၊ အမှတ်(၅)ရပ်ကွက်တွင် ကြိုတင်မဲထည့်ခြင်း၊ မဲဆန္ဒပြုရန် မဲသက်‌သေခံဖြတ်ပိုင်းစာရွက် ထုတ် ‌ပေးခြင်းများကို လုပ်‌ဆောင်ခဲ့ရသည်။