Home သတင်း NCA တွင် အားလုံးမပါဝင်၍ နိုင်ငံ‌ရေးပြဿနာ ‌ပြေလည်မည်မဟုတ်ဟု UNFC ‌ပြောဆို

NCA တွင် အားလုံးမပါဝင်၍ နိုင်ငံ‌ရေးပြဿနာ ‌ပြေလည်မည်မဟုတ်ဟု UNFC ‌ပြောဆို

1543

‌အောက်တိုဘာ ၅ရက်၊ ၂၀၁၅ခုနှစ်။ စဖန်း‌ရှောင်း

တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ်-NCA တွင် အားလုံး ပါဝင်လက်မှတ်ထိုးမည်မဟုတ်သည့်အတွက် နိုင်ငံ‌ရေး ပြဿနာမှာ ‌ပြေလည် နိုင်မည်မဟုတ်‌ကြောင်း ညီညွတ်‌သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်‌ကောင်စီ (UNFC) ဒုဥက္ကဌ နိုင်ဟံသာက ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းက “အန်ကယ်တို့အ‌နေနဲ့ စာချုပ်မှာ အဖွဲ့အားလုံးပါဝင်နိုင်ဖို့ ဦးတည်ကြိုးပမ်း‌နေပါတယ်။ အဖွဲ့အားလုံး မပါရင် NCA ဟာ ပီပြင်မှာ မဟုတ်သလို နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲဟာလည်း အားလုံးမပါတဲ့အတွက် တစ်နိုင်ငံလုံး ပြဿနာ‌ပြေလည်‌ရေး အ‌နေအထား ကို ‌ရောက်နိုင်မှာမဟုတ်ဘူး”ဟု ‌ကေအိုင်စီသို ့‌ပြောသည်။

NCA စာချုပ်ပါသ‌ဘောတူညီချက်များအရ နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲ မူ‌ဘောင်‌ရေးဆွဲခြင်း၊ နှစ်ဖက်တပ်များ လိုက်နာရမည့် စစ်ဘက် ဆိုင်ရာ ကျင့်ဝတ်နှင့် အပစ်အခတ်ရပ်စဲ‌ရေး ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ အပါအဝင် အဆင့်ဆင့်‌သော နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲ များတွင် သက်ဆိုင်ရာအဖွဲ့အားလုံးပါဝင်မှသာ ‌ရေရှည်တည်တံ့ ခိုင်မြဲသည့် ငြိမ်းချမ်း‌ရေး တည်‌ဆောက်နိုင်မည်ဖြစ်‌ကြောင်း UNFC က ‌အောက်တိုဘာလ ၃ရက်‌နေ့တွင် သ‌ဘောထားထုတ်ပြန် ‌ပြောဆိုထားသည်။

ထို့အပြင် ပြည်တွင်းငြိမ်းချမ်း‌ရေးနှင့် စစ်မှန်သည့် ငြိမ်းချမ်း‌ရေးဖြစ်‌ပေါ်လာ‌ရေးအတွက် လူထုနှင့် နိုင်ငံတကာအသိုင်းအဝိုင်းတို့မှ ဝိုင်းဝန်းကြရန်တိုက်တွန်းသလို အဖွဲ့အားလုံးပါဝင် လက်မှတ်ထိုး‌ရေးမှတဆင့် ငြိမ်းချမ်း‌ရေးနှင့် နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲများကို နည်း လမ်းရှာပြီး ကြိုးပမ်းသွားမည်ဖြစ်‌ကြောင်း အဆိုပါသ‌ဘောထား ထုတ်ပြန်ချက်တွင် ‌ဖော်ပြထားသည်။

NCA ကို တိုင်းရင်းသား‌တော်လှန်‌ရေးအဖွဲ့ ၇ဖွဲ့သာ လက်မှတ်‌ရေးထိုးရန် သ‌ဘောတူဆုံးဖြတ်ထားသည့်အတွက် စာချုပ်ပါ နိုင်ငံ ‌ရေး‌ဆွေး‌နွေးပွဲများမှာ ပီပီပြင်ပြင်ဖြစ် မလာနိုင်သလို တိုင်းရင်းသားအဖွဲ့များကို ခွဲထုတ်‌ချေမှုန်းသည့်နည်းအား အစိုးရက ပြန် လည်ကျင့်သုံးလာမည်ကို စိုးရိမ်‌ကြောင်း နိုင်ဟံသာက ဖြည့်စွက်‌ပြောဆိုသည်။
DSC_0041
လက်ရှိ တိုင်းရင်းသားလက်နက်ကိုင်‌တော်လှန်‌ရေးအဖွဲ့ ၂၁ဖွဲ့ရှိသည့်အနက် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ DKBA၊ KNU/KNLA-PC၊ CNF၊ ALP၊ ABSDF နှင့် PNLO အဖွဲ့ ၇ဖွဲ့ က NCAကို လက်မှတ်ထိုးမည်ဖြစ်‌ကြောင်း စက်တင်ဘာလ ၂၉ရက် ‌နေ့တွင် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ ပြုလုပ်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ထိပ်သီး‌ခေါင်း‌ဆောင်များ အစည်းအ‌ဝေးတွင် ဆုံး ဖြတ်ခဲ့ကြသည်။

NCA ကို လက်မှတ်ထိုးရန် အဆင်သင့်မဖြစ်‌သေးသည့် အဖွဲ့များရှိသလို လက်မှတ်ထိုးမည့်အဖွဲ့များလည်း ရှိသည့်အတွက် ‌နောက်ပိုင်းတွင် အခက်အခဲများနှင့် စိန်‌ခေါ်မှုများ ပိုမိုကြုံ‌တွေ့လာရနိုင်သည်ဟု ကရင်အမျိုးသားအစည်းအရုံး(KNU) တွဲဖက် အတွင်း‌ရေးမှူး(၁) ပဒို‌စော‌သောသီဘွဲက စက်တင်ဘာလအတွင်းက ‌ကေအိုင်စီသို ့အခုလို ‌ပြောသည်။

“လက်မှတ်ထိုးလိုက်တာနဲ့ လိုလားချက်ပြည့်‌မြောက်ပြီးဆိုတာထက် ပိုပြီး‌တော့ စိုးရိမ်စရာရှိတဲ့ အလုပ်‌တွေ ဖိစီးလာမယ့် အ‌ခြေ အ‌နေ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆို‌တော့ လက်မှတ်ထိုးလိုက်တာနဲ့ တရားမဝင်အသင်းက‌နေ ပယ်ဖျက်ပြီး တကယ်လို့ တရား ဝင်အဖွဲ့အစည်း ဖြစ်သွားမယ်ဆိုရင် တရားဝင် စည်းမျဉ်းစည်းကမ်း ဥပ‌ဒေ‌တွေနဲ့ ‌ဆောင်ရွက်လှုပ်ရှားသွားရမယ့် အပိုင်း‌တွေ လည်း ဖြစ်‌ပေါ်လာနိုင်တယ်”ဟု ‌ပြောသည်။

လက်ရှိ NCA လက်မှတ်ထိုးပွဲကို တိုင်းရင်းသားလက်နက်ကိုင်‌တော်လှန်‌ရေးအဖွဲ့ ၇ဖွဲ့ သို့မဟုတ် ၈ဖွဲ့ဖြင့် ‌အောက်တိုဘာ ၁၅ရက် ‌နေ့တွင် ‌နေပြည်‌တော် ရှိ် MICC 2 ခန်းမ၌ ပြုလုပ်သွားရန်ရှိ‌ကြောင်း တိုင်းရင်းသား‌တော်လှန်‌ရေးအဖွဲ့များနှင့် အစိုးရတို့ ‌အောက် တိုဘာ ၄ရက်‌နေ့က မြန်မာငြိမ်းချမ်း‌ရေးစင်တာ၌ ပြုလုပ်ခဲ့သည့် ညှိနှိုင်းအစည်းအ‌ဝေးအပြီးတွင် နှစ်ဖက်တာဝန်ရှိသူများက ‌ပြော ဆိုထားသည်။