Home သတင်း ကမ္ဘာ့ဆရာများ‌နေ့ကို မဲ‌ဆောက်‌ဒေသရှိ မြန်မာ‌ရွှေ့‌ပြောင်း‌ကျောင်း ၅၀‌ကျော် စု‌ပေါင်းကျင်းပ

ကမ္ဘာ့ဆရာများ‌နေ့ကို မဲ‌ဆောက်‌ဒေသရှိ မြန်မာ‌ရွှေ့‌ပြောင်း‌ကျောင်း ၅၀‌ကျော် စု‌ပေါင်းကျင်းပ

2005

‌အောက်တိုဘာ ၅ရက်၊ ၂၀၁၅ခုနှစ်။ ‌စောသိန်းမြင့်

မြန်မာ‌ရွှေ့‌ပြောင်း‌ဒေသ ဆရာ၊ ဆရာများအစည်းအရုံး- BMTA ကမကထပြုပြီး မဲ‌ဆောက်‌ဒေအ‌ခြေစိုက် မြန်မာ‌ရွှေ့ ‌ပြောင်း စာသင်‌ကျောင်း‌ပေါင်း ၅၃‌ကျောင်းသည် ယ‌နေ့ကျ‌ရောက်သည့် ကမ္ဘာ့ဆရာများ‌နေ့ကို ထိုင်း-မြန်မာနယ်စပ်၊ မဲ‌ဆောက်မြို့၊ က‌လေးများဖွံ့ဖြိုး‌ရေးစင်တာ (စီဒီစီ)စာသင်‌ကျောင်း၌ စု‌ပေါင်းကျင်းပခဲ့ကြသည်။

BMTA အကြံ‌ပေးတစ်ဦးဖြစ်သူ ဦးသိန်းနိုင်က “က‌လေးသူငယ် ကာကွယ်‌စောင့်‌ရှောက်မှုလုပ်ငန်း‌တွေ၊ က‌လေး သူငယ် ပညာသင်ကြား‌ပေးတဲ့တာဝန်‌တွေကို အခက်အခဲများစွာနဲ့ ထမ်း‌ဆောင်‌နေကြတဲ့ ‌ရွှေ့‌ပြောင်း‌ဒေသ မြန်မာ ‌ကျောင်းဆရာ၊ ဆရာမ‌တွေရဲ့ စုစည်းမှု၊ ညီညွတ်မှု၊ အားလုံးလုပ်‌ဆောင်မှုကို ကိုယ်စားပြုတဲ့‌နေ့ ဖြစ်တယ်လို့ မြင် တယ်။ သူတို့ရဲ့ တာဝန်ထမ်း‌ဆောင်မှုကို အသိအမှတ်ပြု၊ ဂုဏ်ပြုတဲ့အ‌နေနဲ့ အဓိက ကျင်းပတာဖြစ်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယ‌နေ့ နံနက် ၈နာရီမှ မွန်းလွဲပိုင်းအထိ ကျင်းပသည့် အခမ်းအနားတွင် တက်‌ရောက်လာသည့် သဘာပတိများက မိန့်ခွန်း‌ပြောကြားခြင်း၊ ‌ကျောင်းဆရာများမှ အမှတ်တရစကား‌ပြောကြားခြင်းနှင့် BMTA ကို ‌နောက်ထပ် ၂နှစ် သက် တမ်းအတွက် ဦး‌ဆောင်မည့် အလုပ်မှု‌ဆောင် ‌ကော်မတီဝင်များကို ‌ရွေးချယ်ခြင်းစသဖြင့် အပိုင်း ၂ပိုင်းခွဲ၍ ကျင်းပခဲ့ ကြသည်။

BLSO Learning Center မှ ဆရာမ ‌ရွှေစင်က “ပစ်ပယ်ခံရတဲ့ ‌ရွှေ့‌ပြောင်းလုပ်သား‌တွေရဲ့ က‌လေးသူငယ်‌တွေရဲ့ ပညာ‌ရေး အနာဂတ်ပန်းတိုင်အတွက် လုပ်‌ဆောင်‌ပေးရတဲ့ အင်မတန်မှ ဝမ်းသာဂုဏ်ယူပါတယ်။ တဆက်တည်း မှာပဲ ဆယ်စုနှစ် နှစ်စု‌ကျော်ကာလအထိကို ‌ရွှေ့‌ပြောင်း‌ကျောင်း‌တွေ တည်မြဲရှိ‌နေတယ်ဆို‌ပေမယ့်လည်း တရားဝင် အသိ‌ပေးခြင်း မခံရ‌သေးပါဘူး။ ဒါ‌ကြောင့် ဒီ‌နေ့အတွက်ကို ကျမတို့ အင်မတန်ဝမ်းနည်းရပါတယ်။”ဟု ‌ပြောသည်။
DSC02962
ယ‌နေ့အခမ်းအနားသို့ မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမားများ မှီခို‌နေရသည့် မယ်‌တော်‌ဆေးခန်းကို တည်‌ထောင်သူ ‌ဒေါက်တာစင်သီယာ‌မောင်၊ ထိုင်းပညာ‌ရေးဋ္ဌာနမှ ပညာ‌ရေးတာဝန်ရှိသူများ၊ ထိုင်းအာဏာပိုင်များ၊ မဲ‌ဆောက်‌ဒေသ ရှိ က‌လေးများ ဖွံ့ဖြိုး‌ရေးစင်တာ(CDC)၊ ခွဲက‌ဘောင်၊ ဆာသူ‌လေး၊ SAW, ‌သွေးသစ်၊ BLSO အပါအဝင် မြန်မာ‌ရွှေ့ ‌ပြောင်းစာသင်‌ကျောင်း ၅၃‌ကျောင်းမှ ဆရာ၊ ဆရာမများနှင့် ‌ကျောင်းသူ‌ကျောင်းသားများ စုစု‌ပေါင်း ၅၀၀‌ကျော် တက် ‌ရောက်ခဲ့ကြသည်။

ယ‌နေ့ကျ‌ရောက်သည့် ကမ္ဘာ့ဆရာများ‌နေ့ကို မြန်မာ‌ရွှေ့‌ပြောင်း စာသင်‌ကျောင်းများအပြင်၊ ထိုင်း-မြန်မာနယ်စပ်ရှိ မြန်မာဒုက္ခသည်စခန်းမှ စာသင်‌ကျောင်းများနှင့် ကရင်အမျိုးသားအစည်းရုံး(‌ကေအဲန်ယူ) တပ်မဟာ(၆)နယ်‌မြေရှိ ‌သေ‌ဘောဘိုး‌ကျောင်း၌လည်း ‌ဝေါ်‌လေ‌ဒေသရှိ စာသင်‌ကျောင်း ၃၀‌ကျော်ကလည်း စု‌ပေါင်းကျင်းပခဲ့ကြသည်ဟု သိရ သည်။

‌ဝေါ်‌လေ‌ဒေသ၊ ‌ကော်ဆဲ‌ကျောင်းဆရာ ‌စောခရစ်မတ်က “ကျ‌နော်တို့ ‌တောင်‌ပေါ်‌ဒေသကို တစ်‌နေရာနဲ့တစ်‌နေရာက အလှမ်း‌ဝေးတယ်‌လေ။ အခုလို ‌နေ့မျိုးလုပ်‌ပေးခြင်းအားဖြင့် ဆရာမ‌တွေ တစ်ဦးနဲ့တစ်ဦး ခင်မင်ရင်းနှီးမှုအပြင် ပညာ ‌ရေးနဲ့ပတ်သက်ပြီး ဖလှယ်နိုင်တယ်။ ဆရာမ‌တွေဟာ က‌လေး‌တွေအတွက် ဘယ်‌လောက်အ‌ရေးပါသလဲဆိုတာ အသိအမှတ်ပြုတဲ့အ‌နေနဲ့ ကျင်းပတာဖြစ်တယ်။”ဟု ‌ပြောသည်။

‌ကျောင်းဆရာ/မများ၏ ဂုဏ်‌ကျေးဇူး၊ တန်ဘိုး၊ ‌ပေးဆပ်မှု၊ ဆရာများ၏ အခွင့်အ‌ရေးများ အသိအမှတ်ပြုသည့်အ ‌နေဖြင့် ၁၉၉၄ခုနှစ် ‌အောက်တိုဘာ ၅ရက်‌နေ့ကို ကမ္ဘာ့ဆရာများ‌နေ့အဖြစ် ကုလသမဂ္ဂ သိပ္ပံနှင့် ယဉ်‌ကျေးမှုအဖွဲ့ (UNESCO)က သတ်မှတ်‌ပေးခြင်းဖြစ်သည်။

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်ရှိ မဲ‌ဆောက် အပါအဝင် မြို့နယ် ၃မြို့နယ်တွင် မြန်မာ‌ရွှေ့‌ပြောင်း စာသင်‌ကျောင်း ၇၀‌ကျော်ရှိပြီး မြန်မာ‌ရွှေ့‌ပြောင်းက‌လေး ၂‌သောင်းဝန်းကျင် ပညာသင်ကြားလျှက်ရှိသည်ဟု မြန်မာ‌ရွှေ့‌ပြောင်း ပညာ‌ရေး‌ကော်မတီ ၏ စာရင်းအရ သိရသည်။