Home သတင်း ကရင့်အာဇာနည်များ၏ မပြီး‌သေးသည့်လုပ်ငန်းများကို ဆက်လုပ်ကြရန် KNU တိုက်တွန်း

ကရင့်အာဇာနည်များ၏ မပြီး‌သေးသည့်လုပ်ငန်းများကို ဆက်လုပ်ကြရန် KNU တိုက်တွန်း

1597

ဩဂုတ် ၁၂ ရက်၊၂၀၁၅ ခုနှစ်။ ‌စောထွန်းလင်း

အဖိအနှိပ်ခံ တိုင်းရင်းသားများအတွက် အသက်‌ပေးသွား‌သော ကရင့်အာဇာနည်များ၏ မပြီး‌သေးသည့် လုပ်ငန်း တာဝန်များကို သက်ရှိထင်ရှားရှိ‌နေသူများက ဆက်လုပ်‌ဆောင်သွားရန် ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟို‌ကော်မတီဝင် ပဒို‌စောသမိန်ထွန်းက ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ ပြည်လမ်း‌ဘေး ၊ ယုဒသန် ခန်းမ၌ ယ‌နေ ့ပြုလုပ်သည့် ၆၅ နှစ်‌မြောက် ကရင့်အာဇာနည်‌နေ့အခမ်းအနားတွင် တိုက်တွန်း ‌ပြောဆိုလိုက်သည်။

၎င်းက “ ကရင်အာဇာနည်‌တွေဟာ အများကြီးရှိပါတယ်၊ ဗမာအပါအဝင် အဖိနှိပ်ခံ တိုင်းရင်းသား‌တွေ အတွက် အသက်‌ပေးသွားတာပါ။ ဒီ‌နေ ့ဒီအခါမှာ အားလုံးအတွက် ‌လေးစားအပ်တဲ့ ‌ခေါင်း‌ဆောင်‌တွေ ၊ ရဲ‌ဘော်‌တွေ၊ ပြည်သူ‌တွေနဲ့ အမျိုးသမီး‌တွေ ဒါ‌တွေအားလုံးကို ကျ‌နော်တို ့ဂုဏ်ပြုရမယ် အ‌လေးအနက်ထားရမယ်။ သူတို ့ လုပ်ခဲ့တဲ့ မပြီးဆုံး‌သေးတဲ့လုပ်ငန်းတာဝန်ကို အခုအသက်ရှင်ကျန်ရှိ‌နေတဲ့ လူပုဂ္ဂိုလ်အားလုံးက ဆက်လုပ်ရ မယ် ” ဟု ပဒို‌စောသမိန်ထွန်းက ‌ပြောသည်။

အလားတူ ကရင့်အာဇာနည်များသည်တာဝန်‌ကျေပွန်စွာ အသက်‌ပေးလှူသွားခဲ့‌သော်လည်း ၎င်းတို ့‌မျှော်မှန်း ထားသည့် ရည်ရွယ်ချက်များ ယခုထိ မ‌ရောက်ရှိ‌သေးသလို အသက်ရှင်‌နေ‌သေးသည့် မိမိတို ့သည် အာဇာနည် များ၏ ရည်မှန်းချကကို အ‌ကောင်အထည်‌ဖော်‌ဆောင်ရန် တာဝန် ရှိ‌ကြောင်း KNU ဥက္ကဌ မူတူး‌စေးဖိုး၏ ၆၅ နှစ်‌မြောက်ကရင့် အာဇာနည်‌နေ ့မိန့်ခွန်းတွင် ‌ဖော်ပြ ထားသည်။

ယ‌နေ ့နံနက် ၉ နာရီမှ ၁၂ နာရီထိပြုလုပ်သည့် ၆၅ နှစ်‌မြောက်ကရင့်အာဇာနည်‌နေ ့အခမ်းအနားသို ့ရန်ကုန်မြို့ အနီးတဝိုက်တွင်‌နေထိုင်သည့် အလွှာစုံကရင်အမျိုးသားများနှင့် ဧည့်ပရိတ်သက်‌ပေါင်း ၃၀ဝ ခန် ့တက်‌ရောက် ခဲ့ပြီး ကရင့်အာဇာနည်‌ခေါင်း‌ဆောင်များကို အ‌လေးပြုခြင်း၊ လွမ်းသူပန်း‌ခွေချခြင်းနှင့် ဂုတ်ပြုသီးချင်းသီဆိုခြင်း တို ့ဖြင့်ဂုဏ်ပြုခဲ့ပြီး အရင့်အာဇာနည်‌နေ ့ဖြစ်‌ပေါ်လာသည့် သမိုင်းဆိုင်ရာများကို ‌ဟော‌ပြောခဲ့သည်။
IMG_3888
အဆိုပါ အခမ်းအနားတက်‌ရောက်လာသူ လူ ့‌ဘောင်သစ်ပါတီ အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ကို‌ငွေလင်းက “ ပါတီ မူဝါဒက အမျိုးသားတန်းတူ‌ရေးနဲ ့ကိုယ်ပိုင်ပြဌာန်းခွင့်အတွက်အာမခံတဲ့ ‌တော်လှန်‌ရေး‌တွေကို အမြဲ‌ထောက်ခံ တယ်။ ‌တော်လှန်‌ရေးကြီးမှာ အသက်ဆုံးရှုံးသွားတဲ့ ကရင့်အာဇာနည်များအပါအဝင် တိုင်းရင်းသား အာဇာနည် အားလုံးကို အ‌လေးအနက်ထားပါတယ်။ အဲ့လိုအ‌လေးအနက်ထားလို ့အာဇာနည် ‌ခေါင်း‌ဆောင်ကြီးများကို လာပြီး‌တော့ အ‌လေးပြုတာပါ ” ဟု ‌ကေအိုင်စီသို ့‌ပြောသည်။

ထို ့အပြင် ယ‌နေ ့အခမ်းအနားတွင် ယခင်က မကြားဖူး‌သေးသည့် ကရင့်အာဇာနည်များ၏ သမိုင်းဆိုင်ရာများကို ကြားသိရသလို ‌လေးစားဂုဏ်ယူမိသည်ဟု ‌မှော်ဘီမြို့နယ်တွင် ‌နေထိုင်သည့် တက္ကသိုလ် ‌ကျောင်းသူတဦး ဖြစ်သူ ‌နော်‌သော‌သောအယ်က ‌ကေအိုင်စီသို ့‌ပြောသည်။

၁၉၅ဝ ခုနှစ်၊ ဩဂုတ် ၁၂ ရက်‌နေ ့တွင် ကျဆုံးသွားသည့် ‌ကေအဲန်ယူ ဥက္ကဌ ‌စောဘဦးကြီးကျဆုံးခဲ့သည့် ‌နေ ့ကို ကရင့်အာဇာနည်‌နေ့အဖြစ်သတ်မှတ်ခဲ့ပြီး ယ‌နေ ့ကျ‌ရောက်သည့် ၆၅ နှစ်‌မြောက် ကရင့်အာဇာနည် ‌နေ ့ကို ကရင်အမျိုးသားအစည်းအရုံး (‌ကေအဲန်ယူ) ထိန်းချုပ်နယ်‌မြေ အသီးသီးတွင် ကျင်းပခဲ့သလို အပစ်အခတ်ရပ်စဲ‌ရေးကာလအတွင်း ရန်ကုန်မြို့၌ ဒုတိယ အကြိမ် ကျင်းပ ခဲ့ခြင်းဖြစ်‌ကြောင်း သိရသည်။