Home သတင်း မြဝတီမြို့ ‌လောင်းကစားရုံတစ်ခု၌ ပစ်ခတ်မှုဖြစ်ပွား၍ ရဲတပ်သား ၁ဦးနှင့် အရပ်သား ၁ဦး ဒဏ်ရာရ

မြဝတီမြို့ ‌လောင်းကစားရုံတစ်ခု၌ ပစ်ခတ်မှုဖြစ်ပွား၍ ရဲတပ်သား ၁ဦးနှင့် အရပ်သား ၁ဦး ဒဏ်ရာရ

1559

ဇူလိုင် ၁ရက်။ ၂၀၁၅ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်၊ ‌အောင်ချမ်းသာလမ်းရှိ အ‌ကြွေ‌စေ့များထည့်ကစားသည့် ဂိမ်း‌လောင်းကစားရုံတစ်ခု၌ ဇွန် ၃ဝရက်‌နေ့ည ၈နာရီခွဲတွင် ပစ်ခတ်မှုဖြစ်ပွားခဲ့၍ ရဲတပ်သား ၁ဦးနှင့် အရပ်သား ၁ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ယခု မြဝတီ‌ဆေးရုံတွင် ‌ဆေးကုသမှု ခံယူ‌နေရသည်ဟု သိရသည်။

အမည်မသိ လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုက ဖွင့်လှစ်ထား‌သော ၎င်း‌လောင်းကစားရုံကို နယ်ထိန်း မြဝတီရဲတပ်ဖွဲ့မှ ဝင်‌ရောက်ဖမ်းဆီးမှု ပြုလုပ်‌နေစဉ် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ရဲတပ်သား ‌ကျော်‌ကျော်ဝင်းက ဘယ်ဘက်လက်‌မောင်းနှင့် အရပ်သား ‌မောင်‌ဇော်(၃၂)နှစ်က ညာဘက်‌ပေါင်တွင် ‌သေနတ်ထိမှန်ခဲ့ခြင်းဖြစ်သည်။

လက်ရှိ မြဝတီ‌ဆေးရုံတွင် ‌ဆေးကုသမှုခံယူရသူ ‌မောင်‌ဇော်က “ကျ‌နော့်သားက မုန့်စားဖို့ဆိုပြီး ‌ဈေးဆိုင်မှာ မုန့်ဆင်းဝယ်‌တော့ အ‌ရှေ့မှာ ရုတ်ရုတ်ဖြစ်တာ‌တွေ့တယ်။ ‌တွေ့တဲ့အချိန်မှာပဲ ဒိန်းဒိန်း‌သေနတ်သံ ၂ချက်ကြားတယ်။ ကျ‌နော့်မှာ ‌သေနတ်ထိတာ မသိဘူး။ ‌ခြေ‌ထောက်ကျင်လို့ ‌ဆေးရုံမှာလာပြတာ ‌ဆေးရုံ‌ရောက်မှာ သိတယ်״ဟု ‌ပြောသည်။

ပစ်ခတ်မှု ဖြစ်ပြီး‌နောက် ထို‌လောင်းကစားရုံရှိ ‌လောင်းကစားဂိမ်းကစားနည်း (၅)လုံးကို သိမ်းဆည်းပြီး ‌လောင်းကစားရုံကို ချိတ်ပိတ်ပစ်လိုက်‌သော်လည်း ဖြစ်စဉ်အ‌သေးစိပ်ကို ဆက်လက်စုံစမ်း‌နေဆဲဖြစ်‌ကြောင်း သက်ဆိုင်ရာ အာဏာပိုင်ဘက်က ‌ပြောသည်။

‌လောင်းကစားရုံအနီးတွင် ‌နေထိုင်သူ ကိုစန်းညွှန့်က“အလန့်အထိတ်ဖြစ်တာ‌ပေါ့ဗျာ။ အမှန်‌တော့ မြဝတီမှာ‌တော့ ဂိမ်းဆိုင်‌တွေ မရှိသင့်‌တော့ဘူး‌ပေါ့။ ဘာလို့မရှိသင့်လဲဆို‌တော့ ဒီလိုမျိုး‌တွေ ရှိတဲ့အခါကျ‌တော့ ‌ဝေါင်း‌ဝေါင်းဖြစ်တဲ့အခါကျ‌တော့ နည်းနည်းလုပ်ကိုင်စား‌သောက်ရတာ ပြည်သူလည်း သိပ်မချမ်း‌မြေ့ဘူး‌ပေါ့။ မရှိရင် ‌ကောင်းတာ‌ပေါ့။״ဟု ‌ပြောသည်။

မြဝတီမြို့တွင် ယခင်က ဂိမ်း‌လောင်းကစားရုံများကို သက်ဆိုင်ရာ အာဏာပိုင်များက လိုက်လံဖမ်းဆီးမှုများရှိခဲ့‌သော်လည်း ယခုလို ပစ်ခတ်မှုဖြစ်ပွားခြင်းသည် ပထမဆုံးအကြိမ်ဖြစ်သည်ဟု နီးစပ်သူများက ‌ပြောသည်။