Home သတင်း နယ်စပ်‌ဒေသရှိ ‌ရွှေ့‌ပြောင်းက‌လေးငယ်များ ပညာသင် ‌ထောက်ပံ့‌ကြေးရရှိ

နယ်စပ်‌ဒေသရှိ ‌ရွှေ့‌ပြောင်းက‌လေးငယ်များ ပညာသင် ‌ထောက်ပံ့‌ကြေးရရှိ

2149

ဇွန် ၁၉ရက်၊ ၂၀၁၅ခုနှစ်။ ‌စောသိန်းမြင့်

ရန်ကုန်အ‌ခြေစိုက်၊ မြန်မာအမျိုးသမီး စီးပွား‌ရေး စွမ်း‌ဆောင်ရှင်များအသင်း(MWEA)မှ ပညာ့မိခင်‌မေတ္တာရှင် အစီအစဉ်က ထိုင်း-မြန်မာနယ်စပ်ရှိ မြန်မာ‌ရွှေ့‌ပြောင်း က‌လေးငယ်များအား ပညာသင်‌ထောက်ပံ့‌ကြေး ‌ပေးအပ်လှူဒါန်းပွဲအခမ်းအနားတစ်ရပ်ကို ယ‌နေ့ ကရင်ပြည်နယ်၊ မြဝတီမြို့၊ ‌ငွေစကြင်္ာခန်းမတွင် ပြုလုပ်ကျင်းပခဲ့သည်။

မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမားများ ပညာ‌ရေး‌ကော်မတီ(BMWEC)လက်‌အောက်ရှိ ‌ရွှေ့‌ပြောင်းစာသင်‌ကျောင်း (၁၁)‌ကျောင်းအတွက် ‌ထောက်ပံ့‌ကြေး ကျပ်‌ငွေ ၃၅သိန်းအပါအဝင် မူကြို‌ကျောင်းသူ (၆၀)ဦးအား တစ်ဦးလျှင် ကျပ်‌ငွေ ၄,၀၀ဝ ‌ထောင်နှင့် ကျပ်‌ငွေ ၂‌သောင်းတန်ဘိုးရှိ ‌ကျောင်းဝတ်စုံ၊ ‌ကျောပိုးအိတ်၊ စာအုပ်နှင့် ထမင်းချိုင့်စသည့် ‌ထောက်ပံ့ပစ္စည်းတို့ကို ‌ပေးအပ်လှူဒါန်းခြင်းဖြစ်သည်။

MWEA ဥက္ကဋ္ဌဖြစ်သူ ‌ဒေါ်လှဝတီက “နယ်စပ်‌ဒေသ ‌ရွှေ့‌ပြောင်းအလုပ်သမားရဲ့ က‌လေးများ‌ထောက်ပံ့မှု ပညာ‌ရေး က‌နေပြီး‌တော့ ကျမတို့ကို ဆက်သွယ်တယ်။ ကျမတို့လည်း ပညာ့မိခင်‌မေတ္တာရှင် အစီအစဉ်ရှိတဲ့ အတွက်‌ကြောင့်မို့လို့ ကျမတို့ရဲ့ရည်ရွယ်ချက်နဲ့ သူတို့မှာလည်း တကယ့်ကို နွမ်းပါးတဲ့က‌လေး‌တွေရှိတဲ့ အတွက် ကျမတို့စု‌ပေါင်းပြီး‌တော့ ပညာသင်‌ထောက်ပံ့‌ကြေး လာ‌ပေးအပ်တာဖြစ်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် ၎င်းမြန်မာ‌ရွှေ့‌ပြောင်းစာ‌ကျောင်းသင်‌ကျောင်း (၁၁)‌ကျောင်းမှ မူကြို ‌ကျောင်းသူ (၆၀)ဦးအတွက် တစ်ဦးလျှင် ၄,၀၀ဝကျပ်နှင့် ၂‌သောင်းတန်းဘိုးရှိ ‌ထောက်ပံ့ပစ္စည်းတို့ကို မြန်မာအမျိုးသမီး စီးပွား‌ရေး စွမ်း‌ဆောင်ရှင်များအသင်းမှ (၅)နှစ်စာ ဆက်လက် တာဝန်ယူ‌ထောက်ပံ့‌ပေးသွားမည်ဟု သိရှိရသည်။

ထိုသို့ ‌ပေးအပ်လှူဒါန်းမှုအ‌ပေါ် BMWEC မှ ဦးမြတ်မင်း‌အောင်က “ဆယ်စုနှစ် နှစ်ခုမက ‌ရွှေ့‌ပြောင်း‌ဒေသမှာ ရှင်သန်‌နေပြီး ဆင်းရဲချို့တဲ့စွာ ပညာသင်ကြား‌နေရတဲ့က‌လေး‌တွေကို အခုချိန်မှာ ပြည်တွင်းက အဖွဲ့‌တွေ သိလာတယ်။ သူတို့ရဲ့ ‌ထောက်ပံ့‌ကြေးကိုလည်း ‌လေးစားစွာနဲ့ ကြိုဆိုပါတယ်။ ‌ကျောင်းသူ အ‌ယောက် (၆၀)အတွက် ငါးနှစ်စာ‌ထောက်ပံ့‌ပေးတာဟာ စိန်‌ခေါ်မှုတစ်ရပ်ကို လာ‌ရောက်‌ဖြေရှင်း‌ပေးတယ်လို့ပဲ ကျ‌နော်ထင်တယ်”ဟု ‌ပြောသည်။

ယ‌နေ့ပြုလုပ်သည့် အခမ်းအနားသို့ မြန်မာအမျိုးသမီး စီးပွား‌ရေး စွမ်း‌ဆောင်ရှင်များအသင်း ဥက္ကဋ္ဌ ‌ဒေါ်လှဝတီ၊ BMWECဥက္ကဋ္ဌ ဆရာမကြီး‌နော်‌ဖော‌ရေ၊ ကရင်ပြည်နယ်၊ မြဝတီခရိုင် သံဃာ့နာယက ဥက္ကဋ္ဌ၊ မြဝတီခရိုင် ခရိုင်ရဲမှူး၊ မြဝတီခရိုင် အုပ်ချုပ်‌ရေးမှူး၊ (MWEA) အဖွဲ့ဝင်များ၊ ‌ရွှေ့‌ပြောင်း မြန်မာစာသင်‌ကျောင်းများမှ ဆရာ၊ ဆရာမများနှင့် မူကြို ‌ကျောင်းသူ‌လေးများအပါအဝင် စုစု‌ပေါင်း ၂၀ဝခန့်တက်‌ရောက်ခဲ့ကြသည်။

အမျိုးသမီး စီးပွား‌ရေး စွမ်း‌ဆောင်ရှင်များ ‌မွေးထုတ်‌ပေးရန်၊ စီးပွား‌ရေးအခန်းကဏ္ဍတွင် အမျိုးသမီးများ ဦး‌ဆောင်မှုပါဝင်လာရန် ‌မျှော်မှန်းကာ MWEA ကို ၁၉၉၅ခုနှစ်၌ ဖွဲ့စည်းခဲ့ပြီး ၂၀၀၅ခုနှစ်မှစ၍ ပညာ့မိခင် ‌မေတ္တာရှင် အစီအစဉ်ဖြင့် မြန်မာနိုင်ငံ ပြည်နယ်နှင့်တိုင်းအချို့တွင် မူလတန်းပညာကို သင်ယူရန် ခက်ခဲသည့် အမျိုးသမီးများစွာကို ပညာသင်‌ထောက်ပံ့‌ကြေးများ ‌ပေးအပ်လှူဒါန်းခဲ့‌သော်လည်း နယ်စပ်‌ဒေသရှိ ‌ရွှေ့‌ပြောင်းက‌လေးငယ်များ၏ ပညာသင်‌ထောက်ပံ့‌ကြေးကို ပထမဆုံးအကြိမ် ‌ပေးအပ်ခြင်းဖြစ်သည်။