Home သတင်း ကရင်အမျိုးသား အကြိုညီလာခံကို ဇူလိုင်လ ပထမအပတ်တွင် ကျင်းပရန် ဆုံးဖြတ်

ကရင်အမျိုးသား အကြိုညီလာခံကို ဇူလိုင်လ ပထမအပတ်တွင် ကျင်းပရန် ဆုံးဖြတ်

1804

ဇွန် ၁၆ရက်၊ ၂၀၁၅ခုနှစ်။ နန်း‌ဝေဖြိုးဇာ

ကရင်တစ်မျိုးသားလုံး ညီလာခံကြီးကျင်းပနိုင်‌ရေးအတွက် အကြိုညီလာခံတစ်ခုကို လာမည့် ဇူလိုင် ၂ရက်‌နေ့မှ ၄ရက်‌နေ့အထိ ရန်ကုန်မြို့၊ MCC ခမ်းမတွင် ကျင်းပပြုလုပ်မည်ဟု ဇွန်လ ၁၂ရက်‌နေ့က ကရင်ပြည်နယ် ဖားအံမြို့၌ ပြုလုပ်သည့် ကရင်စည်းလုံး ညီညွတ်‌ရေးနှင့် ငြိမ်းချမ်း‌ရေး‌ကော်မတီ-KUPC အစည်း‌ဝေးတွင် ဆုံးဖြတ်ခဲ့ကြသည်။

အစည်းအ‌ဝေးတွင် KUPC အဖွဲ့ဝင်နှင့်အတူ ကရင်အမျိူးသားအစည်းအရုံး(‌ကေအဲန်ယူ)ဘက်မှ ဖွဲ့စည်းထားသည့် ကရင်အမျိုး သားညီလာခံ ကျင်းပ‌ရေး‌ကော်မတီအဖွဲ့(KNCPC)တို့က တက်‌ရောက်ပြီး ကရင်အမျိုးသား အကြိုညီလာခံကျင်းပနိုင်‌ရေးအတွက် အဓိကဆုံးဖြတ်ချက် ၃ခုကို ချမှတ်ခဲ့ကြ‌ကြောင်း KUPC ‌ကော်မတီဝင်တစ်ဦးဖြစ်သူ ‌စော‌ကျော်စွာက ‌ပြောသည်။

၎င်းက “ကျ‌နော်တို့ အခုလုပ်တဲ့ အစည်းအ‌ဝေးက ကရင်အမျိုးသား ညီလာခံကျင်းပနိုင်ဖို့ KUPC ကလည်း ရည်ရွယ်ပြီး ဦးတည် ထားသလို KNU ကလည်း ညီလာခံတစ်ခုကျင်းပဖို့ ရည်ရွယ်ထားတာရှိတဲ့အတွက် အခုလုပ်တဲ့ဟာက KNU က ဖွဲ့စည်းတဲ့ ညီလာခံဖြစ်‌မြောက်‌ရေး‌ကော်မတီနဲ့ ကျ‌နော်တို့ဘက်ကနဲ့ ညှိနှိုင်း‌ဆွေး‌နွေးပြီးမှ ကရင်အမျိုးသားအကြိုညီလာခံအ‌ကြောင်း ဆက် ‌ဆွေး‌နွေးတာ ဖြစ်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ကရင်အမျိုးသားအကြိုညီလာခံကို ဇူလိုင် ၂ရက်မှ ၄ရက်‌နေ့အထိတွင် ကျင်းပရခြင်း၊ ‌ကေအဲန်ယူမှ ဖွဲ့စည်းထားသည့် KNCPC နှင့် IKO (ပြည်ပ‌ရောက်ကရင်အဖွဲ့အစည်း)နှင့်အတူ KUPC စသည့်ကရင်အဖွဲ့များက ယင်းအကြို ညီလာခံတွင် စာတမ်းတင်ခွင့် ရခြင်းနှင့် ကရင်အမျိုးသားညီလာခံကြီး မကျင်းပနိုင်‌သေးသည့် အချိန်ကာလတွင် အကြိုညီလာခံကို အကြိမ်ကြိမ် ကျင်းပသွား မည်ကို ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ယင်းသို့ စာတမ်းတင်ရန်အတွက် KUPC မှ စာတမ်း ၆‌စောင်အပြင် KNCPC နှင့် IKO တို့မှ စာတမ်းတစ်‌စောင်စီတို့ကို ညီလာခံ တွင် တင်ပြသွားရန်လည်း ဆုံးဖြတ်ခဲ့သည်။

ဇူလိုင်လတွင် ပြုလုပ်သွားမည့် ကရင်အမျိုးသားအကြိုညီလာခံတွင် သက်ဆိုင်ရာ ကရင်အမျိုးသား အပါအဝင် ကရင်လက်နက် ကိုင်အဖွဲ့အစည်းများ၊ ဘာသာ‌ရေးအဖွဲ့‌ခေါင်း‌ဆောင်များ၊ ကရင်လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ စုစု‌ပေါင်းလူဦး‌ရေ ၄၀ဝတက်‌ရောက်နိုင်ရန် စီစဉ်သွားမည်ဖြစ်သည်ဟု အစည်းအ‌ဝေးတွင် ဆုံးဖြတ်ခဲ့‌ကြောင်းလည်း သိရသည်။

KNCPC တွင် ပါဝင်သည့် ‌ကေအဲန်ယူ တွဲဖက်အတွင်း‌ရေးမှူး(၂) ပဒိုမန်းမန်းမန်းက “ကရင်အမျိုးသားညီလာခံကြီး ကျင်းပနိုင်ဖို့ ကျ‌နော်တို့အများကြီး ကြိုးစားရဦးမယ်။ ကရင်တစ်မျိုးသားလုံး အမျိုးသား သ‌ဘောတူညီချက် ပဋ္ဋိဉာဏ်ကို‌တော့ ညီလာခံကြီး ကျင်းပမှ ရရှိမှာဖြစ်တဲ့အတွက် ကျင်းပနိုင်ဖို့က ကျ‌နော်တို့ကြားထဲမှာ ‌ဆောင်ရွက်နိုင်မယ့်အရာ‌တွေ နှီး‌နှောဖလှယ်ပွဲ‌သော်လည်း ‌ကောင်း၊ အကြိုညီလာခံ‌သော်လည်း‌ကောင်း ဒါမှမဟုတ် ‌ဆွေး‌နွေးညှိနှိုင်းပွဲ‌သော်လည်း‌ကောင်း ကျ‌နော်တို့ အများကြီး ပြင်ဆင် ‌ဆောင်ရွက်ရမယ်”ဟု ဆိုသည်။

အကြိုညီလာခံမှ ရရှိလာမည့် ‌ဆွေး‌နွေးချက် ရလဒ်များကို တိုင်း‌ဒေသအလိုက်၊ ပြည်နယ်‌ဒေသအလိုက်နှင့် ‌ကေအဲန်ယူအုပ်ချုပ် သည့်နယ်‌မြေ တပ်မဟာ ၇ခု၌လည်း ပြန်လည်ချပြမည်ဖြစ်ပြီး လိုအပ်ပါက သင့်‌တော်သည့် ‌နေရာ‌ဒေသများတွင် အကြိုညီလာခံ ဆက်လက် ပြုလုပ်သွားမည်ဖြစ်သည်ဟုလည်း ပဒိုမန်းမန်းမန်းက ဆက်‌ပြောသည်။

KUPC ကို ၂၀၁၃ခုနှစ်တွင် စတင်ဖွဲ့စည်းထားပြီး ‌ကော်မတီဝင်ထဲတွင် ကရင်တိုင်းရင်းသားလက်နက်ကိုင်များ၊ ဘာသာ‌ရေး‌ခေါင်း ‌ဆောင်များ၊ ကရင်တိုင်းရင်းသား ‌ရေးရာဝန်ကြီးများ၊ ကရင်နိုင်ငံ‌ရေးပါတီများနှင့် ကရင်လူမှုအဖွဲ့အစည်းတို့ ပါဝင်လျှက်ရှိသည်။ ကရင်အမျိုးသား အကြိုညီလာခံကျင်းပနိုင်‌ရေးအတွက် ယခုနှစ်၊ ‌မေလက ပဲခူးမြို့၌ ပြုလုပ်သည့် ပဉ်စမအကြိမ် KUPC အစည်းအ ‌ဝေးတွင် ‌ဆွေး‌နွေးခဲ့‌သေးသည်။