Home သတင်း NCA စာချုပ်မူကြမ်း ပြင်ဆင်ဖြည့်စွက်ချက်များကို EAOs အဆင့်မြင့်ညှိနှိုင်း‌ရေးကိုယ်စားလှယ်အဖွဲ့ အစိုးရ နှင့် ဆက်လက်‌ဆွေး‌နွေးသွားမည်

NCA စာချုပ်မူကြမ်း ပြင်ဆင်ဖြည့်စွက်ချက်များကို EAOs အဆင့်မြင့်ညှိနှိုင်း‌ရေးကိုယ်စားလှယ်အဖွဲ့ အစိုးရ နှင့် ဆက်လက်‌ဆွေး‌နွေးသွားမည်

1616

ဇွန် ၁ဝရက်၊ ၂၀၁၅ခုနှစ်။ စဖန်း‌ရှောင်း

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် KNU နယ်‌မြေ ‌လော်ဟီးလာ၌ ပြုလုပ်‌သော တိုင်းရင်းသားလက်နက်ကိုင် ‌တော်လှန်‌ရေးအဖွဲ့အ စည်းများ၏ ထိပ်သီး‌ခေါင်း‌ဆောင်များ အစည်းအ‌ဝေးမှ ဖွဲ့စည်းလိုက်သည့် (၁၅)ဦးပါ အဆင့်မြင့်ညှိနှိုင်း‌ရေးကိုယ်စားလှယ်အဖွဲ့က NCA မူကြမ်းနှင့်ပတ်သက်၍ ပြင်ဆင်ဖြည့်စွက်ချက် ၁၄ချက်ကို အစိုးရနှင့်အပြီးသတ် ဆက်လက် ညှိနှိုင်းသွားမည်ဟု ဆုံးဖြတ် လိုက်သည်။

ယင်းအဖွဲ့တွင် အဖွဲ့‌ခေါင်း‌ဆောင်အဖြစ် ‌ကေအဲန်ယူ ဒုဥက္ကဋ္ဌ ပဒို‌နော်စီဖိုးရာစိန်၊ ဒုအဖွဲ့‌ခေါင်း‌ဆောင်(၁) ‌ကေအိုင်အို အ‌ထွေ‌ထွေ အတွင်း‌ရေးမှူး ‌ဒေါက်တာလဂျာ၊ ဒုအဖွဲ့‌ခေါင်း‌ဆောင်(၂) စီအဲန်အက်ဖ် အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ပူဇင်ကျုံးတို့ ဦး‌ဆောင်ပြီး အခြားတိုင်းရင်းသားလက်နက်ကိုင် ‌တော်လှန်‌ရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များအပြင် NCCT မှ ပဒို‌စောကွယ်ထူးဝင်း၊ ဗိုလ်ချုပ်ဂွန်‌မော်၊ ခွန်ဥက္ကာ၊ ‌စောမြရာဇာလင်းနှင့် ဆလိုင်းလျံမှုန်းဆ‌ခေါင်တို့ ပါဝင်သည်။

အဆင့်မြင့်အဖွဲ့‌ခေါင်း‌ဆောင် ပဒို‌နော်စီဖိုးရာစိန်က “ကျမတို့ အခုဖွဲ့လိုက်တဲ့အဖွဲ့က အ‌ရေးကြီးတဲ့အချက်‌တွေကို ပြန်လည်ညှိနှိုင်း ရမှာ ဖြစ်ပါတယ်။ ဘယ်‌လောက်အထိ ရနိုင်မယ်ဆိုတာက‌တော့ အစိုးရအ‌ပေါ်မှာပဲ မူတည်‌နေပါတယ်။ ညှိနှိုင်းလို့ရသည်အထိ ‌ပေါ့။ ပြီး‌တော့ ညှိနှိုင်းလို့ရသည်ဖြစ်‌စေ၊ မရသည်ဖြစ်‌စေ အ‌ခြေအ‌နေ‌တွေကို ပြန်လာတင်ပြရမှာဖြစ်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆင့်မြင့်ညှိနှိုင်း‌ရေးကိုယ်စားလှယ်အဖွဲ့အ‌နေဖြင့် NCA မူကြမ်းကို အခန်း(၇)ခုအတွင်းရှိ နှစ်ဖက်လက်မှတ်ထိုးမည့် ပုဂ္ဂိုလ်များ၊ အသိသက်‌သေများ၊ NCCT အဖွဲ့ဝင်များအပြင် NCA ကို လက်ခံသည့် အဖွဲ့ဝင်များအားလုံး ပါဝင်လက်မှတ်‌ရေးထိုးနိုင်‌ရေးကိစ္စ များ၊ မူပိုင်းဆိုင်ရာအချို့နှင့် ‌ဝေါဟာရပိုင်းဆိုင်ရာ စကားအသုံးအနှုန်းအချို့ကို အစိုးရနှင့် ပြန်လည်ညှိနှိုင်းကြမည်ဖြစ်သည်ဟု လည်း သိရသည်။

ထိုသို့ညှိနှိုင်းရာတွင် NCA စာချုပ်မူကြမ်းကို နှစ်ဖက်သ‌ဘောတူညီသည်အထိ လုပ်‌ဆောင်ခွင့်ရှိပြီး ရရှိလာသည့် သ‌ဘောတူညီမှု များကို သက်ဆိုင်ရာအဖွဲ့အစည်းအလိုက် အတည်ပြုချက် ပြန်လည်ရယူဆုံးဖြတ်မည်ဖြစ်ကာ နှစ်ဖက်‌တွေ့ဆုံနိုင်‌ရေး အမြန်ဆုံး အ‌ကောင်အထည်‌ဖော်‌ဆောင်ရွက်သွားမည်ဖြစ်‌ကြောင်း အဆင့်မြင့်ညှိနှိုင်း‌ရေးကိုယ်စားလှယ်အဖွဲ့က ဆိုသည်။

ထိုအထဲမှ NCA စာချုပ်လက်မှတ်‌ရေးထိုးမည့်သူများတွင် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် ‌တော်လှန်‌ရေးအဖွဲ့အစည်းများ မှ နှစ်ဖက်အဆင့်မြင့်‌ခေါင်း‌ဆောင်များ ပါဝင်လက်မှတ်‌ရေးထိုး‌ရေး၊ အသိသက်‌သေများအဖြစ် ကုလသမဂ္ဂ အ‌ထွေ‌ထွေအတွင်း ‌ရေးမှူးချုပ်နှင့် အာဆီယံ အ‌ထွေ‌ထွေအတွင်း‌ရေးမှူးချုပ်များအပြင် နိုင်ငံ(၇)ခုဖြစ်သည့် အ‌မေရိကန်၊ ဂျပန်၊ ‌နော်‌ဝေ၊ ဗြိတိန်၊ ထိုင်း၊ အိန္ဒိယ၊ တရုတ်နိုင်ငံများက ပါဝင်လက်မှတ်‌ရေးထိုး‌ရေး စသည့်အချက်များ ပါဝင်သည်။

အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့မှ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ခွန်မြင့်ထွန်းက “NCA (မူကြမ်း)ကို လက်မှတ်‌ရေးထိုးနိုင်ခဲ့ပြီ ဆို‌ပေမယ့် NCCT ရဲ့ တာဝန်က ပြီးဆုံးသွားတာမဟုတ်‌ပေမယ့်လို့ အဆင့်တစ်ခုအထိ‌တော့ ပြီးပြီလို့ ‌ပြောလို့ရတယ်။ ဒီပြန်လည်ပြင်ဆင် ဖြည့်စွက်ထားတဲ့ NCA ကို အတည်ပြုဖို့က NCCT ထက် လုပ်ပိုင်ခွင့်ရှိတဲ့ အဖွဲ့လိုအပ်တဲ့အတွက် အခုလို ဖွဲ့လိုက်တာ ဖြစ်ပါ တယ်။ နိုင်ငံတကာဖြစ်‌စေ၊ အစိုးရဖြစ်‌စေ ဆက်သွယ်‌ဆောင်ရွက်မယ့်ကိစ္စ‌တွေ၊ နိုင်ငံ‌ရေးဆိုင်ရာ မူ‌ဘောင်‌ရေးဆွဲမှု‌တွေမှာ ကျန် တဲ့ NCCT အဖွဲ့ဝင်‌တွေက ‌ရှေ့ဆက် လုပ်‌ဆောင်သွားရမှာဖြစ်ပါတယ်”ဟု ‌ပြောသည်။

‌လော်ဟီးလာ၌ ဇွန်လ ၂ရက်မှ ၉ရက်‌နေ့အထိ ပြုလုပ်ခဲ့‌သော တိုင်းရင်းသားလက်နက်ကိုင်‌တော်လှန်‌ရေး အဖွဲ့အစည်းများ၏ ထိပ်သီး‌ခေါင်း‌ဆောင်များ အစည်းအ‌ဝေးတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၁၇)ဖွဲ့အပြင် ကုလသမဂ္ဂအထူးကိုယ်စားလှယ်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ အထူးကိုယ်စားလှယ်နှင့် နီပွန်‌ဖောင်‌ဒေးရှင်းမှ ကိုယ်စားလှယ်များ အပါအဝင် စုစု‌ပေါင်း(၁၉၀)ဦး တက်‌ရောက်ခဲ့ကြသည်။