Home သတင်း ‌ကေအဲန်ယူ ဒူးပလာယာခရိုင်အဆင့် ပထမဦးဆုံးအကြိမ် ရဲတပ်ဖွဲ့သင်တန်းပြုလုပ်ပြီးစီး

‌ကေအဲန်ယူ ဒူးပလာယာခရိုင်အဆင့် ပထမဦးဆုံးအကြိမ် ရဲတပ်ဖွဲ့သင်တန်းပြုလုပ်ပြီးစီး

1889

ဇွန် ၁ဝရက်၊ ၂၀၁၅ခုနှစ်။ ‌စောသိန်းမြင့်

ကရင်အမျိုးသားအစည်းအရုံး(KNU) ဒူးပလာယာခရိုင်ရှိ ကရင်အမျိုးသားရဲတပ်ဖွဲ့(Karen National Police Force-KNPF)က ပထမဦးဆုံးအကြိမ် ခရိုင်အဆင့် အ‌ခြေခံရဲသင်တန်းတစ်ခုကို ကရင်ပြည်နယ်၊ ‌ကော့ကရိတ်မြို့နယ်၊ ‌လေး‌ကေ‌ကော်‌ကျေးရွာ၌ ဧပြီလ ၂၇ရက်မှ ဇွန်လ ၁ဝရက်‌နေ့အထိ ပြုလုပ်ခဲ့ပြီး ယ‌နေ့တွင် သင်တန်းဆင်းပွဲ ကျင်းပခဲ့သည်။

သင်တန်းတွင် KNU ဒူးပလာခရိုင်ရှိ ‌ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ ကျုံဒိုးနှင့် ဝင်း‌ရေးမြို့နယ်မှ ရဲတပ်ဖွဲ့ဝင် သင်တန်းသူ၊ သင် တန်းသား ၁၁၅ဦး တက်‌ရောက်ခဲ့ပြီး တရားဥပ‌ဒေဆိုင်ရာလုပ်ငန်းများ၊ အမှုလိုက်ခြင်းဆိုင်ရာ လုပ်ငန်းများ၊ ရဲတပ်ဖွဲ့ဝင်များ ‌စောင့်ထိန်းရမည့်ကျင့်ဝတ်၊ ရုံးလုပ်ငန်းတို့ကို သင်တန်းဆရာ (၉)ဦးမှ တစ်လ‌ကျော်ကြာ သင်ကြားပို့ချခဲ့ခြင်းဖြစ်သည်။

ဒူးပလာယာခရိုင်၊ ခရိုင်ရဲမင်းကြီး ‌စောတီးတူက “ကျ‌နော်တို့ ပြဋ္ဌာန်းထားတဲ့ တရားဥပ‌ဒေရဲ့ စိုးမိုး‌ရေးရှိဖို့အတွက် သင်တန်း‌ပေး တာ ဖြစ်ပါတယ်။ ကျ‌နော်တို့နယ်‌မြေမှာ တရားဥ‌ပေ‌ဒေအတိုင်း လိုက်နာ‌ဆောင်ရွက်မှုအပိုင်းမှာ အားနည်းမှု‌တွေ ‌တွေ့ရှိရလို့ သင် တန်း‌ပေးတာလည်းဖြစ်တယ်။ သင်တန်းပြီးသွားတဲ့ သင်တန်းသား‌တွေ အားလုံးက သူတို့ရဲ့‌နေရာကို ပြန်ပြီး အလုပ်လုပ်ရမှာ ဖြစ် ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ကရင်အမျိုးသားရဲတပ်ဖွဲ့သည် ယခင်က ဥပ‌ဒေစိုးမိုး‌ရေးဆိုင်ရာ လုပ်ငန်းတို့ကို လုပ်‌ဆောင်မှုများရှိခဲ့‌သော်လည်း ယခုကဲ့သို့ သင် တန်းပြုလုပ်နိုင်ခြင်းအ‌ပေါ် ‌ရှေ့ဆက် ပြည်သူများ၏ ယုံကြည်မှု ပိုမိုရရှိမည်ဖြစ်သလို ဥပ‌ဒေစိုးမိုး‌ရေးအတွက် လုပ်‌ဆောင်ရာ၌ လည်း များစွာ အ‌ထောက်အကူပြုမည်ဟု ‌မျှော်လင့်‌ကြောင့် ‌စောတီးတူက ဆက်‌ပြောသည်။
KNPF 06
‌ကော့ကရိတ်မြို့နယ်မှ သင်တန်းသား ‌စောဒို့‌ထောက “ပဋိပက္ခ ထိပ်တိုက် ‌တွေ့ဆုံမှု‌တွေ မရှိတဲ့အခါမျိုးမှာ ပြည်သူ‌တွေ ဥပ‌ဒေ စိုးမိုးမှုနဲ့ပတ်သက်ပြီး သိရှိနားလည်ပြီး အမှား‌တွေ မကျူးလွန်မိဖို့ကို အသိ‌ပေးချင်တဲ့အတွက် သင်တန်းလာတက်တာဖြစ်တယ်။ ဥပ‌ဒေစိုးမိုး‌ရေးအပိုင်းနဲ့ပတ်သက်ပြီး ပြည်သူ‌တွေကို အရင်ဆုံး ပညာ‌ပေးရမယ်။ ပြီး‌တော့ ကျ‌နော်တို့လုပ်‌ဆောင်ချက်‌တွေကို ပြည်သူ‌တွေသိ‌အောင်လည်း ချပြရမယ်”ဟု ‌ပြောသည်။

ယ‌နေ့ သင်တန်းဆင်းပွဲသို့ KNU တရားသူကြီးချုပ် ပဒို‌စော‌ဒေါ့‌လေးမူ၊ ဒူးပလာယာခရိုင် တရားသူကြီးချုပ် ပဒို‌စောမြင့်၊ ခရိုင်ရဲ မင်းကြီး ‌စောတီးတူ၊ ဒူးပလာယာခရိုင် တွဲဘက်အတွင်း‌ရေးမှူး ပဒို‌စောမိုးအဲ့ဒို့၊ ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော် (KNLA) တပ်မှူးများ၊ နယ်ခြား‌စောင့်တပ်(BGF)၊ မြို့နယ်(၄)ခုမှ သင်တန်းသူ၊ သင်တန်းသားများနှင့် နယ်‌မြေခံ ရပ်မိရပ်ဖများ အပါ အဝင် လူဦး‌ရေ ၂၀ဝခန့် တက်‌ရောက်ခဲ့ကြသည်။

KNPF ကို ၁၉၉၁ခုနှစ်၌ KNU ဌာနချုပ်‌ဟောင်း မာနယ်ပ‌လောတွင် စတင်ဖွဲ့စည်းပြီး‌နောက် လှုပ်ရှားမှုများကို ရပ်တန့်ထားကာ ၂၀၁၃ခုနှစ်၊ စက်တင်ဘာ ၂၃ရက်‌နေ့တွင် KNU ပြည်ထဲ‌ရေးနှင့်သာသနာ‌ရေးဌာန၏ လက်‌အောက်ခံဌာနတစ်ခုအဖြစ် ပြန်လည် ဖွဲ့စည်းပြီး‌နောက် KNPF ၏ မူဝါဒလမ်းစဉ် အမှုလိုက်ပုံလိုက်နည်း၊ ကျင့်ဝတ်တို့ကို ရဲတပ်ဖွဲ့ဝင်များ သိရှိနားလည်ရန် ရည်ရွယ်ကာ သက်ဆိုင်ရာ KNU ခရိုင်၊ မြို့နယ်များတွင် ပြန်လည်သင်တန်း‌ပေးလျှက်ရှိသည်။