Home သတင်း မဲ‌ဆောက်မြို့ ‌ရှေး‌ဟောင်းပစ္စည်းများ ‌ဈေးကွက်တွင် မြန်မာနွားလှည်းများ အဝယ်လိုက်‌နေ

မဲ‌ဆောက်မြို့ ‌ရှေး‌ဟောင်းပစ္စည်းများ ‌ဈေးကွက်တွင် မြန်မာနွားလှည်းများ အဝယ်လိုက်‌နေ

4469

ဇွန် ၁၁ရက်၊ ၂၀၁၅ခုနှစ်။ ‌ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ် မဲ‌ဆောက်-မြဝတီ ထိုင်းဖက်ခြမ်းရှိ ‌ရှေး‌ဟောင်းပစ္စည်းဆိုင်များတွင် မြန်မာနိုင်ငံမှ နွားလှည်း အပါအဝင် အခြားလှည်းယာဉ်များကို ယခုနှစ်ဆန်းပိုင်းအတွင်း တစ်လလျှင် ပျမ်းမျှအစီး‌ရေ (၃၀)ခန့် ပုံမှန်‌ရောင်းချကာ အဝယ်လိုက်‌နေ သည်ဟု အ‌ရောင်းအဝယ်ပြုလုပ်သူ ထိုင်းလူမျိုး နိုင်ဖိဘွန်းက ‌ပြောသည်။

၎င်းက “မြန်မာနိုင်ငံကလာတဲ့ ‌ရှေး‌ဟောင်းပစ္စည်း‌တွေထဲမှာ နွားလှည်း၊ မြင်းလှည်းနဲ့ ဆိုက်ကား‌တွေ လတ်တ‌လောမှာ အဝယ် လိုက်‌နေတယ်။ တစ်လကို အစီး‌ရေ (၃၀)‌လောက်‌တော့ ‌ရောင်း‌နေရပါတယ်။ အများစု ဝယ်ယူကြတဲ့ လူ‌တွေက‌တော့ ‌ဟော် တယ်နဲ့ ခရီးသွားလုပ်ငန်းလုပ်ကိုင်‌နေတဲ့သူ‌တွေဖြစ်တယ်”ဟု ဆိုသည်။

အဆိုပါ လှည်းယာဉ်များ အပါအဝင် ‌ရှေး‌ဟောင်းပစ္စည်းများကို မြန်မာနိုင်ငံမှတဆင့် ဝယ်ယူရခြင်းဖြစ်ပြီး လက်ရှိ ထိုင်းနယ်စပ် တွင် ‌ရောင်းချ‌နေသည့် နွားလှည်းနှင့် မြင်းလှည်း တန်ဖိုးမှာ တစ်စီးလျှင် ထိုင်းဘတ်‌ငွေ ၁၅,၀၀၀၊ မြန်မာ‌ငွေကျပ် ၅သိန်းခန့်ဖြစ် ပြီး ဆိုက်ကား‌ဈေးမှာ တစ်စီးလျှင် ထိုင်းဘတ်‌ငွေ ၆,၀၀ဝခန့်၊ မြန်မာ‌ငွေ ၂သိန်းခန့်ဖြစ်‌ကြောင်း သိရသည်။

နွားလှည်းများ ဝယ်ယူစု‌ဆောင်းပြီး ထိုင်းဘက်သို့ တင်ပို့သည့် မြန်မာကုန်သည်တစ်ဦးက “ကျ‌နော်က‌တော့ ကရင်ပြည်နယ်နဲ့ မွန် ပြည်နယ်က နွားလှည်း‌တွေကို လိုက်ရှာဝယ်ပြီး ထိုင်းဖက်ကို ပြန်‌ရောင်းတာပါ။ ‌အောက်က‌နေ မဲ‌ဆောက်ဖက်ခြမ်းကို ပစ္စည်း‌တွေ ‌ရောက်ဖို့ ကိုယ့်တစ်‌ယောက်တည်း သပိတ်ဝင်၊ အိတ်ဝင်‌တော့ မရဘူး။ အားလုံးနဲ့ အဆင်‌ပြေ‌အောင် လုပ်ရပါတယ်။ ဒီပစ္စည်း ‌တွေက သယ်ချင်သလို သယ်လို့မရဘူး။ အကန့်အသတ်‌တွေ ရှိပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

မြန်မာနိုင်ငံတွင် ယခင်ကဲ့သို့ နွားလှည်းများ၊ ခိုင်းနွားများ‌နေရာတွင် ‌ထော်လာဂျီ အပါအဝင် လယ်ယာသုံး စက်ပစ္စည်းများ အစား ထိုး အသုံးပြုမှုများ‌ကြောင့် လယ်ယာလုပ်ငန်းခွင်တွင် အသုံးမပြု‌တော့သည့် နှားလှည်းများကို ‌တောင်သူများက ထုတ်‌ရောင်းကြ ခြင်းဖြစ်သည် အဆိုပါမြန်မာကုန်သည်က ဖြည့်စွက်‌ပြောဆိုသည်။

အ‌ရှေ့‌တောင်အာရှတွင် ‌ဟော်တယ်နှင့် ခရီးသွားလုပ်ငန်း ‌အောင်မြင်‌နေသည့် ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံမှ ‌ရှေး‌ဟောင်းပစ္စည်း များနှင့် နွားလှည်းမြင်းလှည်းများကို ‌ဟော်တယ်များ၌ အလှဆင်ပစ္စည်းများအဖြစ် ပြသခြင်းနှင့် တဆင့် ပြန်လည်‌ရောင်းချခြင်း ဖြစ်သည်ဟု သိရသည်။

မြန်မာနိုင်ငံမှ လှည်းယာဉ်များကို မဲ‌ဆောက်မှတဆင့် ထိုင်းနိုင်ငံအတွင်းပိုင်းရှိ မြို့ကြီးများသို့ တင်ပို့ရာတွင် တရားဝင်အခွန်‌ပေး ‌ဆောင်ကာ တင်ပို့ကြခြင်းဖြစ်ပြီး အချို့ကုန်သည်များမှာ မ‌လေးရှားနယ်စပ်မှတဆင့် မ‌လေးနိုင်ငံအတွင်းပိုင်းသို့ တင်ပို့မှုများရှိ သည်ဟု ထိုင်းကုန်သည်များက ‌ပြောသည်။

လှည်းယာဉ်များ ‌ရောင်းချခြင်းအ‌ပေါ် ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် တခင်းလုံရွာမှ ‌ကျောင်းထိုင်ဘုန်း‌တော်ကြီးက “လူ‌တွေက ‌ဈေး‌ကောင်းရ‌တော့ အလွယ်တကူပဲ ထုတ်‌ရောင်းကြတယ်။ ‌နောက်ကိုဆိုရင် ‌နောင်လာ‌နောက်သား‌တွေကို ပြဖို့အတွက် နွား လှည်းဆိုတာ ဓာတ်ပုံထဲမှာပဲ ပြရ‌တော့မယ်”ဟု မိန့်ကြားသည်။

ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံကဲ့သို့ပင် ‌ရှေးယခင်ကာလများက လယ်ယာလုပ်ငန်းခွင်များတွင် နွားလှည်းများနှင့် ခိုင်းကျွဲ၊ ခိုင်းနွား များ အသုံးပြုခဲ့သည့်နိုင်ငံဖြစ်ကာ လက်ရှိကာလတွင် စက်မှုလယ်ယာလုပ်ငန်းတိုးတက်လာပြီး ‌ရှေး‌ဟောင်းနွားလှည်းများ မရှိ ‌တော့သည့်အတွက် ‌ဟော်တယ်နှင့်ခရီးသွားလုပ်ငန်းများတွင် အမှတ်တရ ထားရှိရန်အတွက် မြန်မာနိုင်ငံမှ နွားလှည်းများကို ‌ဈေး‌ကောင်း‌ပေးကာ ဝယ်ယူကြခြင်းဖြစ်သည်ဟု ‌ဟော်တယ်လုပ်ငန်းရှင် နိုင်စုံချိုင်းက ‌ပြောသည်။

မဲ‌ဆောက်-မြဝတီနယ်စပ် နှစ်နိုင်ငံချစ်ကြည်‌ရေးတံတားအနီး ထိုင်းဘက်ခြမ်းတွင် မြန်မာ‌ရှေး‌ဟောင်းပစ္စည်းမျိုးစုံ ‌ရောင်းချသည့် ဆိုင်ကြီး (၁၀)ဆိုင်ခန့်ရှိပြီး ၎င်းဆိုင်များ၏ သက်တမ်းမှာ ၂၅နှစ်အထက်တွင်ရှိသည်ဟု ထိုင်းအ‌ကောက်ခွန်ဝန်ထမ်းတစ်ဦးကဆို သည်။