Home သတင်း မဲ‌ဆောက်‌ဒေသ မြန်မာ‌ရွှေ့‌ပြောင်း‌ကျောင်းများ တက္ကသိုလ်ဝင်တန်း‌အောင်ချက် ရာခိုင်နှုန်း အနည်းငယ်ကျဆင်း

မဲ‌ဆောက်‌ဒေသ မြန်မာ‌ရွှေ့‌ပြောင်း‌ကျောင်းများ တက္ကသိုလ်ဝင်တန်း‌အောင်ချက် ရာခိုင်နှုန်း အနည်းငယ်ကျဆင်း

2151
မဲ‌ဆောက်မြို့ ဆာသူး‌လေ‌ကျောင်းတွင် ကပ်ထားသည့် ၂၀၁၄-၁၅ တက္ကသိုလ်ဝင်တန်း ‌အောင်စာရင်း
ဇွန် ၈ရက်၊ ၂၀၁၅ ခုနှစ်။ စအိုင်စူး

ထိုင်း-မြန်မာနယ်စပ် မဲ‌ဆောက်‌ဒေသရှိ မြန်မာ‌ရွှေ့‌ပြောင်း‌ကျောင်းသူ၊ ‌ကျောင်းသားများမှ မြဝတီမြို့ အထက(၁) စာစစ်ဌာနသို့ ယခုနှစ် ၂၀၁၄-၁၅ခုနှစ် ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်းကို ၁၆ဝ ဦး ‌ဖြေဆိုခဲ့ရာ ၄၄ ဦးသာ ‌အောင်မြင်သည့်အတွက် ယခင်နှစ်ထက် ‌အောင်ချက်ရာခိုင်နှုန်း အနည်းငယ်ကျဆင်းခဲ့သည်ဟု သိရသည်။

၂၀၁၄-၁၅ တက္ကသိုလ်ဝင်တန်းကို မဲ‌ဆောက်‌ဒေသရှိ ဆာသူး‌လေ၊ ‌သွေးသစ်(New Blood)၊ ထီးမဲဝါးခီး စသည့် ‌ကျောင်းတို့မှ ‌ကျောင်းသား‌ကျောင်းသူများ ဝင်‌ရောက်‌ဖြေဆိုခဲ့ကြခြင်းဖြစ်ပြီး ထိုသို့ ‌ဖြေဆိုရာတွင် ၂၇ ဒဿမ ၅ဝ ရာခိုင်နှုန်း(၂၇.၅၀%)သာ ‌အောင်မြင်သည့်အတွက် ဒဿမ ငါးရာခိုင်နှုန်း(၀.၅%) ‌အောင်ချက်ကျဆင်း ခဲ့ခြင်းဖြစ်သည်ဟု ဆာသူး‌လေ ‌ကျောင်းအုပ်ဆရာမ ‌နော်ဆာအဲ့က ‌ကေအိုင်စီသို့ ‌ပြောသည်။

ဆရာမ ‌နော်ဆာအဲ့က “ပြီးခဲ့တဲ့၂၀၁၃-၂၀၁၄ပညာသင်နှစ်မှာ ‌ကျောင်းသူ၊ ‌ကျောင်းသား စုစု‌ပေါင်း ၁၂၆ဦး ဝင်‌ရောက်ပြီး‌ဖြေဆိုခဲ့တာ ၃၆ဦး ‌အောင်မြင်ခဲ့တယ်။ အဲ့ဒီမှာ ‌အောင်ချက်ရာခိုင်နှုန်းက ၂၈ ရာခိုင်နှုန်းရရှိခဲ့တယ်။ ယခင်နှစ်‌တွေထက် ‌ဖြေဆိုသူဦး‌ရေ တိုးလာ‌ပေမယ့် ‌အောင်ချက်ရာခိုင်နှုန်းက ဒီနှစ်မှာ အနည်းငယ် ကျဆင်းသွားတယ်”ဟု ‌ပြောသည်။

ထို့အပြင် ပြီးခဲ့သည့်နှစ် တက္ကသိုလ်ဝင်တန်းစာ‌မေးပွဲ ‌အောင်မြင်‌သော ‌ကျောင်းသား‌ကျောင်းသူများသည် ဂုဏ်ထူးတစ်ဘာသာမှ ‌လေးဘာသာအထိ ရရှိခဲ့သူများရှိ‌သော်လည်း ယခုနှစ်တွင် ‌အောင်မြင်သူများသည် တစ်ဘာသာဂုဏ်ထူးဖြင့် ၃ဦးသာ ရရှိသည်ဟု ဆရာမ ‌နော်ဆာအဲ့က ဆက်‌ပြောသည်။

မြန်မာ‌ရွှေ့‌ပြောင်း‌ကျောင်းများ ‌အောင်ချက်ကျဆင်းသွား‌သော်လည်း ယခုနှစ် တက္ကသိုလ်ဝင်တန်း ‌ဖြေဆို‌အောင်မြင်ခဲ့‌သော ဆာသူ‌လေး‌ကျောင်းသူ နန်းမြတ်ပန်းဖြူက သူမ စာ‌မေးပွဲ‌အောင်မြင်ခဲ့မှုအ‌ပေါ် ရည်မှန်ချက်‌အောင်မြင်သွားသည်ဟုပင် ထင်မှတ်မိ‌ကြောင်း ‌ကေအိုင်စီသို့ ယခုလို ‌ပြောသည်။

“အခုလို ‌အောင်မြင်ခဲ့မှုအ‌ပေါ်မှာ အရမ်းဝမ်းသာတယ်။ အခွင့်အလမ်းတစ်ခုကို ရခဲ့တာလည်း ဖြစ်ပါတယ်။ ကျမအ‌နေနဲ့ စာ‌မေးပွဲရမှတ်အ‌ပေါ် မူတည်ပြီး တက္ကသိုလ် ဆက်တက်ဖို့ ရည်ရွယ်ထားပါတယ်။ ကျမရည်မှန်း ထားတာက ‌ကျောင်းဆရာမ တစ်‌ယောက်ဖြစ်ချင်ပါတယ်” ဟု ၎င်းက ‌ပြောသည်။

မဲ‌ဆောက်‌ဒေသရှိ မြန်မာ‌ရွှေ့‌ပြောင်း‌ကျောင်းများမှ ၂၀၁၂-၂၀၁၃ ပညာသင်နှစ်မှစ၍ တက္ကသိုလ်ဝင်တန်း စာ‌မေးပွဲကို မြဝတီခရိုင်စာစစ်ဌာနသို့ ပထမဦးဆုံးအကြိမ်အဖြစ် ၅၆ဦး ‌ဖြေဆိုခဲ့ရာ ၈ ဦး ‌အောင်မြင်ခဲ့ပြီး ဒုတိယ အကြိမ်တွင် ၁၂၆ ဦး ‌ဖြေဆိုခဲ့ရာ ၃၆ဦး ‌အောင်မြင်ခဲ့သည်။