Home ကဗျာ အဆင့်မြင့်ရန်သူ သတိမူ

အဆင့်မြင့်ရန်သူ သတိမူ

2047

(လကင်္ာဒီပ)

လာပါသူငယ်ချင်း……
‌ဆွေး‌နွေးခြင်း ညှိနှိုုင်းခြင်း
ပူးတွဲခြင်းမရှိတဲ့ လုပ်‌ဆောင်မှု
တခုပြီးတခု ပြုမိတဲ့အမှား
စမ်းတဝါးဝါးနဲ့ ငြိမ်းချမ်း‌ရေး
ထိုး‌ကျွေးပစ်မှာလား ကရင့်အနာဂတ်နဲ့
လက်တည့်စမ်း လည်စင်းခံ
တန်ဖိုးကြီးကြီး ပြန်‌ပေးဆပ်ရတဲ့အခါမှာ‌လေ
သင်ပုန်း‌ချေနိုင်သူတချို့ ရှိကြ‌သော်လည်း။

လာပါသူငယ်ချင်း……
မင်းပဲ တချိန်က ကမ္ဘာမ‌ကြေဘူး ဟစ်‌ကြွေး
ကိုယ်‌လေးလက်ဝန်နဲ့ မိခင်ကိုကာကွယ်
နယ်နယ်ရရမဟုတ်တဲ့ သတ္တိမဟာ
ငါတို့‌တွေ ချီးကျူး‌ထောပနာပြုခဲ့တာ
ဒါ‌ပေမယ့် ‌နောက်‌ကြောင်းလှည့် မင်းစိတ်မှန်
ရန်သူကို မိတ်‌ဆွေဆင့် ‌ကျော်လွန်
အခွန်‌တော်ဆက် သခင်လို မှတ်ယူလိုက်ပြီးတဲ့‌နောက်
‌ကျောက်ရုပ် ‌ခေါင်းငြိမ့်တတ်မှန်း ငါသိ‌တော့တယ်။

လာပါသူငယ်ချင်း……
ပွင့်လင်း မြင်သာမှုမရှိတဲ့ လုပ်ရပ်များ
ရိုးသားမှန်ကန်စွာ မရပ်တည်ခြင်း
အတွင်း အပြင် အ‌နောက် အ‌ရှေ့
‌ဝေ့လည်‌ကြောင်ပတ် ကိစ္စများစွာ
ငါမှားတာ ‌စေတနာအမှားဆိုတာမျိုး
တိုးလျှိုး‌တောင်းပန် ‌နောင်တနဲ့
ကရင့်ရဲ့ ပုံရိပ်‌တွေကို
‌ဈေးချိုချိုနဲ့ အ‌လျှော့အတင်း ပြန်လာမလုပ်ပါနဲ့။

လာပါသူငယ်ချင်း……
မီးတွင်းထဲက ထွက်လာကာစ
မိန်းမသား အစိုးရသစ်လို
အားလုံးကို စိန်‌ခေါ်မှု အခက်အခဲ
အကြပ်တည်း ကြုံ‌နေရဟန်
သဏ္ဍာန်‌ဆောင် ‌လေ‌ပြေ‌သွေး
‌ချေးတိုး‌ငွေ‌တွေ ဗရဗျစ်
‌လျှော်ပစ်‌ပေးခြင်း‌တောင် ခံရဖူးတယ်
ညံကျယ်တဲ့ သားသတ်သမား
*စကားနှစ်မျိုးနဲ့ တိုင်းပြည်အုပ်ချုပ်ရင်း
တိုင်းရင်းသား‌တွေကို ငုတ်တုတ်‌မေ့‌နေ‌စေတယ်။

လာပါသူငယ်ချင်း……
မင်းတို့ ငါတို့ ညီညီညာညာ
ယထာဘူတကျကျ
တစ်‌လှေထဲစီး တစ်ခရီးထဲသွား
တစ်ဖဝါးမခွာ တစ်သံထဲထွက်ပြီး
အထက်စီးဆန်တဲ့ ၂၀၀၈အ‌မွေ
အ‌ခြေခံဥပ‌ဒေကိုပြင်
အာဏာရှင် တံတိုင်းအိုကြီးကို
တိုက်ဖြိုတွန်းလှဲ စခန်းသိမ်းမယ်
ဖယ်ဒရယ်နိုင်ငံ‌တော်ကြီးတစ်ခု
စု‌ပေါင်းတည်‌ဆောက်ကြစို့လား လာခဲ့ပါသူငယ်ချင်း။

‌မေလ ၂၄၊ ၂၀၁၅
မှတ်ချက်။ ။ *စကားနှစ်မျိုး(ခုတမျိုး ‌တော်ကြာတမျိုး)