Home သတင်း ၂၆နှစ်‌မြောက် ကရင်လူငယ်အစည်းအရုံး‌နေ့ကို သက်ဆိုင်ရာ ‌ဒေသအလိုက် ဂုဏ်ပြုကျင်းပ

၂၆နှစ်‌မြောက် ကရင်လူငယ်အစည်းအရုံး‌နေ့ကို သက်ဆိုင်ရာ ‌ဒေသအလိုက် ဂုဏ်ပြုကျင်းပ

2073

‌မေ ၂၃ရက်။ ၂၀၁၅ခုနှစ်။ ‌စောသိန်းမြင့်

ယခုနှစ်၊ ‌မေ ၂၃ရက်‌နေ့တွင် ကျ‌ရောက်သည့် (၂၆)နှစ်‌မြောက် ကရင်လူငယ်အစည်းအရုံး(KYO)‌နေ့ကို ကရင်အမျိုးသားအစည်းအရုံး(KNU)နယ်‌မြေ၊ ထိုင်း-မြန်မာနယ်စပ်ရှိ မယ်လ၊ မယ်လအူး၊ မယ်ရာမို၊ ဘန့်ဒုံယမ်းနှင့် ထမ့်ဟင် ဒုက္ခသည်စခန်းများအပါအဝင် နိုင်ငံတကာ‌ရောက် ကရင်လူငယ်အချို့လည်း ဂုဏ်ပြုကျင်းပခဲ့သည်ဟု KYO အတွင်း‌ရေးမှူး(၁)ဖြစ်သူ ‌စောဂျစ်ပစီက ‌ပြောသည်။

၎င်းက“ဒီနှစ်‌တော့ သက်ဆိုင်ရာ ‌နေရာ‌ဒေသအလိုက်ပဲ ‌ဟော‌ပြောပွဲတို့၊ အားကစားပွဲတို့ ကျင်းပကြတယ်။ လူငယ်‌တွေရဲ့အခမ်းကဏ္ဍကို မြှင့်တင်တဲ့အ‌နေနဲ့ဖြစ်‌စေ၊ ကရင်လူငယ်အစည်းအရုံးရဲ့ အနာဂတ်ဖြစ်‌စေ၊ အတိတ်ကာလဖြစ်‌စေ၊ ပစ္စုပ္ပန်ကာလဖြစ်‌စေ အမြဲတမ်း ထင်ဟလာ‌အောင် KYO ‌နေ့ကို တစ်နှစ်တစ်ခါ ဂုဏ်ပြုကျင်းပတာဖြစ်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ကရင်လူငယ်အစည်းအရုံး‌နေ့ကို ပြုလုပ်ကျင်းပခြင်းဖြင့် အမျိုးသား‌ရေးအတွက် လူငယ်၏ ပါဝင်မှုအခန်းကဏ္ဍ မည်မျှအ‌ရေးပါ‌ကြောင်းကို သိရှိနားလည်ကာ အနယ်နယ်အရပ်ရပ်ရှိ ကရင်လူငယ်များအ‌နေဖြင့် မိမိတတ်စွမ်းသည့် အစွမ်းအစများကို အသုံးချကာ အမျိုးသား‌ရေးမှာပို၍ ပူး‌ပေါင်းပါဝင်လာနိုင်မည်ဟု ‌စောဂျစ်ပစီက ဆက်‌ပြောသည်။

ထို့အပြင် ၂၆နှစ်‌မြောက် KYO‌နေ့အတွက် က‌နေဒါနိုင်ငံ ကရင်လူမှုအဖွဲ့အစည်း(KCC)၊ မြန်မာနိုင်ငံ ‌ကျောင်းသားလူငယ်ကွန်ကရက်(SYCB)နှင့် ကရင်လူငယ်အစည်းအရုံး(KYO)ဥက္ကဋ္ဌတို့မှ သဝဏ်လွှာများ အသီးသီး‌ပေးပို့ခဲ့ကြသည်ဟု သိရသည်။
IMG_7797
မယ်လဒုက္ခသည်စခန်းမှ လူငယ်တာဝန်ခံတစ်ဦးဖြစ်သူ ‌စောအယ့်သူးကလည်း “KYO ‌နေ့ကို ‌ဘောလုံး အားကစားပြိုင်ပွဲနဲ့ ‌မေလ ၁၈ရက်‌နေ့ကတည်းက စတင်ကျင်းပလာတယ်။ ‌ဘောလုံးအားကစားပြိုင်ပွဲနဲ့ ကျင်းပရတာက စခန်းထဲမှာရှိတဲ့ လူငယ်‌တွေ စုစည်းရင်းနှီးဖို့ရယ်၊ လူငယ်‌တွေ မူးယစ်‌ဆေးဝါး ‌ရှောင်းရှားနိုင်ဖို့ က‌နေတဆင့် KYO လှုပ်ရှားမှုလုပ်ငန်းစဉ်‌တွေကို ချပြနိုင်ဖို့ ပြုလုပ်ကျင်းပရတာဖြစ်တယ်”ဟု ‌ပြောသည်။

မျိုးချစ်ကရင်လူငယ်များ ‌မွေးထုတ်‌ပေးရန်နှင့် ကရင်အမျိုးသား‌တော်လှန်‌ရေးတွင် လူငယ်များ ကျရာအခန်းကဏ္ဍ၌ ပိုမိုပါဝင်လှုပ်ရှားရန် ရည်ရွယ်ကာ ၁၉၈၉ခုနှစ် ‌မေလ (၂၃)ရက်‌နေ့၊ KNU ဗဟိုဋ္ဌာနချုပ်‌ဟောင်း မာနယ်ပ‌လောစခန်းတွင် KYO ကို စတင်ဖွဲ့စည်းခဲ့သည်။

KYO သည် လက်ရှိ ကရင်လူငယ်လှုပ်ရှားမှု‌ဆွေး‌နွေးပွဲများ ဖြစ်‌ပေါ်လာ‌ရေးလှုပ်ရှားမှု၊ ကရင်အမျိုးသား၏ ‌နေ့ကြီးရက်ကြီးများကို အခြားကရင်အဖွဲ့အစည်းများနှင့် ပူး‌ပေါင်းလုပ်‌ဆောင်မှုနှင့် KNU၏ လှုပ်ရှားမှုအချို့တွင် ပါဝင်လှုပ်ရှားလျှက်ရှိသည်။