Home တွေ့ဆုံမေးမြန်းခန်း ‌တွေ့ဆုံ‌မေးမြန်းခြင်း

‌တွေ့ဆုံ‌မေးမြန်းခြင်း

1586

မန်း‌ကျော်ငြိမ်း ၅၈နှစ် (အ‌ထွေ‌ထွေအတွင်း‌ရေးမှူး – ကရင်အမျိုးသားပါတီ)
ပညာအရည်အချင်း – ၁၉၇၄-၇၅ ခုနှစ်တွင် အထက(၄)၌ အ‌ခြေခံပညာအထက်တန်း‌အောင်မြင်ခဲ့သည်။
၁၉၇၄ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ (B.Sc Botany) ရရှိခဲ့သည်။
အမျိုးသား‌ရေးလှုပ်မှုများ – ရန်ကုန်ကရင်နှစ်သစ်ကူးပွဲ‌တော်ကျင်းပ‌ရေး ဗဟို‌ကော်မတီတွင် နှစ် ၂၀‌ကျော် ပါဝင်ခဲ့သည်။
– ၁၉၈၈ခုနှစ်၊ နိုဝင်ဘာလတွင် နဝတ အစိုးရ၏ ဖမ်းဆီးခြင်းခံရပြီး မတရားအသင်း၌ ပါဝင်မှုပုဒ်မ (၁၇/၂)ဖြင့် ‌ထောင် ၇နှစ်ချခံခဲ့ရကာ အင်းစိန်‌ထောင်၊ သရက်‌ထောင်တို့၌ အကျဉ်းကျခဲ့ရကာ ၁၉၉၅ ခုနှစ်၊ ဇန်နဝါရီလကုန်တွင် ပြန်လည် လွတ်‌မြောက်လာခဲ့သည်။
– ၂၀၁၄ခုနှစ်တွင် စတင်တည်‌ထောင်ခဲ့သည့် ကရင်အမျိုးသားပါတီ၌ အ‌ထွေ‌ထွေအတွင်း‌ရေးမှူးအ ဖြစ် တာဝန်ထမ်း‌ဆောင်လျှက်ရှိသည်။

– ကရင်အမျိုးသားပါတီရဲ့ ဖြစ်တည်လာတဲ့ ရည်ရွယ်ချက် ရှင်းပြ‌ပေးပါလား။
ပါတီတည်‌ထောင်ရတဲ့ ရည်ရွယ်ချက်က‌တော့ ကျ‌နော်တို့ ကရင်အမျိုးသား‌တွေဟာ ကျန်တဲ့တိုင်းရင်းသား‌တွေနဲ့ အတူတူပါပဲ။ ဒီအမျိုးသားတန်းတူ‌ရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိပြီဖြစ်တဲ့ ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်‌ထောင်စုကို ကျ‌နော်တို့က တည်‌ထောင် ချင်တယ်။ တိုင်းရင်းသား‌တွေ တည်‌ထောင်ချင်တဲ့ ဆန္ဒဖြစ်တဲ့ ဖက်ဒရယ်ပြည်‌ထောင်စုပုံစံမျိုးနဲ့ သွားချင်တဲ့အခါကျ‌တော့ ကျ‌နော် တို့ သူငယ်ချင်းမိတ်‌ဆွေ‌တွေနဲ့ စုစည်းကြတယ်။ ကျ‌နော်တို့ရဲ့ ရည်မှန်းချက်ဖြစ်တဲ့ ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်‌ထောင်စုကို လုပ်ချင်တဲ့ဆန္ဒရှိတဲ့အတွက် ပါတီတည်‌ထောင်ဖို့ ကျ‌နော်တို့ စိတ်ကူးခဲ့ကြတာ ဖြစ်ပါတယ်။

ပါတီနာမည်‌ရွေးတဲ့အခါကျ‌တော့ အရိုးရှင်းဆုံးဖြစ်တဲ့ ဟိုး ၁၈၈၁တုန်းက ‌ဒေါကလူလို‌ပေါ့။ ကရင်အမျိုးသား အဖွဲ့အစည်းလို ပုံစံ မျိုးကိုပဲ အားလုံး သ‌ဘောကျပြီး‌တော့ ကရင်အမျိုးသားပါတီဆိုပြီး ပါတီနာမည်‌ပေးခဲ့တယ်။ အဲဒါနဲ့ ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်ကို နာမည်သွားတင်တယ်။ တချို့ပါတီ‌တွေက ကရင်ကို Kayin လို့ သုံးတယ်။ ခင်ဗျားတို့က ဘယ်လိုသုံးမလဲ‌ပေါ့။ ကျ‌နော်တို့က‌တော့ Karen ပဲ သုံးမယ်။ ဘာ‌ကြောင့်လဲဆို ဗမာစကားမှာ “ယ”(ယပက်လက်)နဲ့ “ရ”(ရ‌ကောက်)က ယထွက်တယ်လို့။ ကရင်စကား၊ ရခိုင်စကား၊ မွန်စကားတို့မှာ “ရ”(ရ‌ကောက်)က ရထွက်တယ်။ ယပက်လက်က “ယ”ထွက်တဲ့အခါကျ‌တော့ အဲဒါဆိုရင် ကျ‌နော် တို့ YIN နဲ့ သုံးရင် ယပက်လက်နဲ့ ပြန်’ယင်’‌နေရမယ်။ ‌နောက်ပြီး Karen ဆိုတဲ့ အသုံးအနှုန်းပဲ ကျ‌နော်တို့ ကြိုက်တယ်လို့။ ဒါ‌ကြောင့် Karen National Party ပဲ သုံးတယ်။ အဲဒါနဲ့ ၂၀၁၄ခုနှစ်၊ ‌အောက်တိုဘာ ၁၄ရက်‌နေ့မှာ ပါတီမှတ်ပုံတင်ကျတယ်။ ကျ‌နော်တို့ပါတီရဲ့ မှတ်ပုံတင်နံပါတ် အမှတ်စဉ်က‌တော့ ၇၈ ဖြစ်တယ်။ မှတ်ပုံတင်ကျခွင့်ရှိပြီးသားပါတီ‌တွေထဲမှာ ကျ‌နော်တို့ပါတီ က ၆၉‌မြောက်‌သောပါတီဖြစ်ပါတယ်။ ကျ‌နော်တို့အထက်မှာ လူ့‌ဘောင်သစ်ဒီမိုကရက်တစ်ပါတီရှိတယ်။ ကျ‌နော်တို့ပါတီက တနှစ်‌တော့ မပြည့်‌သေးပါဘူး။ လသား‌လေးပဲ ရှိ‌သေးတာ‌ပေါ့‌နော်။

– ကရင်အမျိုးသားပါတီရဲ့ အ‌ခြေစိုက်တဲ့‌နေရာက ဘယ်မှာလဲ။
ကရင်ပြည်နယ်ဘက်မှာ ဖလုံ-စ‌ဝေါ်ပါတီ ရှိပြီးသားဆို‌တော့ အဲဒါဘက်ကို ကျ‌နော်တို့ လက်လှမ်းမမှီဘူး။ ကျ‌နော်တို့က ဒီဘက် ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းရယ်။ ‌နောက်ပြီး ကျန်တဲ့‌ဒေသ မွန်ပြည်နယ်၊ တနသင်္ာရီတိုင်းဘက်ကလည်း တိုးချဲ့စည်းရုံး ဖို့လည်း ကျ‌နော်တို့ ကြိုးစား‌နေပါတယ်။ အခု ‌လော‌လောဆယ် ရန်ကုန်မှာပဲ အ‌ခြေစိုက်တယ်။ ရန်ကုန်၊ အင်းစိန်မြို့နယ် ခဝဲခြံ (၁)လမ်း အမှတ်(၆၃၆)၊ အ‌နောက်ကြို့ကုန်းရပ်ကွက်မှာပါ။

– ကရင်အမျိုးသားပါတီက ပါတီသစ်ဖြစ်‌တော့ ပြီးခဲ့တဲ့ ၂၀၁ဝ ‌ရွေး‌ကောက်ပွဲတုန်းက မပါဝင်ခဲ့ဘူးဆို‌ပေမယ့် အဲဒီတုန်းက အ‌ခြေအ ‌နေ‌တွေ ဘယ်လိုရှိခဲ့လဲဆိုတာ သုံးသပ်ပြပါလား။
ကျ‌နော်တို့က ‌ရွေး‌ကောက်ပွဲအ‌တွေ့အကြုံ‌တော့ မရှိ‌သေးဘူး။ ပြီးခဲ့တဲ့ ၂၀၁ဝ ‌ရွေး‌ကောက်ပွဲတုန်းကလည်း မမှီလိုက်ဘူး။ သို့ ‌သော်လည်း ကျ‌နော်တို့ ပါတီမှတ်ပုံတင်တဲ့အထဲမှာ စည်းမျဉ်းစည်းကမ်းထဲမှာ သူက အနည်းဆုံး ၃‌နေရာ ဝင်ပြိုင်ရမယ်။ အဲလိုမှ မပြိုင်နိုင်ရင် ပါတီမှတ်ပုံတင် ဖျက်သိမ်းမယ်ဆိုတဲ့အခါကျ‌တော့ ကျ‌နော်တို့အ‌နေနဲ့ ဝင်ပြိုင်ဖို့အတွက် အနည်းဆုံး ၃‌နေရာရ ‌အောင်‌တော့ ယှဉ်ပြိုင်သွားမယ်။

– ကရင်အမျိုးသားပါတီရဲ့ မူဝါဒ‌ပေါ်လစီက ဘာလဲ။ ရှင်းပြ‌ပေးပါလား။
ကျ‌နော်တို့က ဖက်ဒရယ်ပြည်‌ထောင်စုကိုပဲ လိုလားတဲ့အတွက် ကျ‌နော်တို့နဲ့ တူညီတဲ့ ကျန်တိုင်းရင်းသားပါတီ‌တွေဖြစ်တဲ့ ညီ ညွှတ်‌သောတိုင်းရင်းသားများမဟာမိတ်အဖွဲ့(UNA)ထဲမှာ မဟာမိတ်အ‌နေနဲ့ ကျ‌နော်တို့ပါတီ ပါတယ်။ ကျ‌နော်တို့ရဲ့ ရည်မှန်းချက် က‌တော့ စစ်မှန်တဲ့ ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်‌ထောင်စုကို လိုချင်တယ်။ အဲဒါ ကျ‌နော်တို့ရဲ့ အမျိုးသား‌ရေး လိုလားချက်ပဲ။ ဒါကို ကျ‌နော်တို့ ကြိုးစားမယ်။ ‌နောက်တစ်ချက်က ပြန့်ကျဲ‌နေတဲ့ ကျ‌နော်တို့ ကရင်အမျိုးသား‌တွေ အားလုံးကို စုစည်းနိုင်တဲ့ ပုံစံ မျိုး‌တော့ ဖြစ်မယ်။ လက်ရှိ ရှိ‌နေတဲ့ ကရင်ပါတီ‌တွေနဲ့လည်း တကယ်လို့ ဖက်ဒရယ်ပြည်‌ထောင်စု‌ပေါ်မှာ ကျ‌နော်တို့နဲ့ မူဝါဒချင်း အားလုံးသ‌ဘောတူညီကြမယ်ဆိုလည်း ပြန်လည်‌ပေါင်းစည်းဖို့လည်း မခဲယဉ်းနိုင်ပါဘူး။

– အခုနှစ် နိုဝင်ဘာမှာ လုပ်မယ့် ၂၀၁၅ ‌ရွေး‌ကောက်ပွဲအတွက် စည်းရုံးမှု‌တွေ ဘာ‌တွေ ပြင်ဆင်လုပ်ထား‌နေပြီလဲ။
အခုက တရားဝင် ‌ကြေညာတာ မရှိ‌သေးတဲ့အခါကျ‌တော့ ကျ‌နော်တို့က တရားဝင်လုပ်လို့ မရ‌သေးဘူး။ စည်းရုံးပိုင်ခွင့်က သူတို့ ခွင့်ပြုတဲ့ အချိန်ကျမှသာ လုပ်ခွင့်ရတဲ့အတွက် ‌လော‌လောဆယ်‌တော့ လုပ်လို့ မရ‌သေးဘူး။ သို့‌သော်လည်း ‌ရွေး‌ကောက်ပွဲဝင်ဖို့ ကိုယ်စားလှယ်‌လောင်း‌တွေကို လျာထားဖို့ကိစ္စ‌တော့ ကျ‌နော်တို့ စီစဉ်‌နေပါတယ်။ လျာထားတယ်ဆိုတဲ့အဆင့်ကလည်း သူတို့က လုပ်နိုင်၊ မလုပ်နိုင်ဆိုတာက ရှိ‌သေးတယ်‌လေ။ တချို့ကလည်း လုပ်‌တော့ လုပ်ချင်တယ်။ အခက်အခဲရှိတာမျိုးလည်း ဖြစ်မယ်။ တချို့ကျ‌တော့လည်း သိပ်မလုပ်ချင်ဘူး။ သို့‌သော်လည်း သင့်တယ်လို့ ကျ‌နော်တို့က ထင်တယ်။ အဲလို‌တွေ့ရတယ်။ အခု တရား ဝင် စည်းရုံးခွင့်က မကျ‌သေး‌တော့ ကျ‌နော်တို့ တရားဝင်လည်း ‌ကြေညာလို့ မရ‌သေးဘူး။ အမှန်မှန်က ‌ကော်မရှင်က‌တောင် ‌တောင်းပိုင်ခွင့်မရှိဘူး။ ကျ‌နော်တို့ရဲ့ မဲဝင်ပြိုင်မယ့် ကိုယ်စားလှယ်နာမည်‌တွေ၊ အ‌ရေအတွက်‌တွေ ‌ပြောပိုင်ခွင့်‌တောင် မရှိဘူး။ တရားဝင်‌ကြေညာ‌ပေးမှသာ ကျ‌နော်တို့ ‌ပြောလို့ရမယ်။

– ကရင်အမျိုးသားပါတီအ‌နေနဲ့ ၂၀၁၅ ‌ရွေး‌ကောက်ပွဲအတွက် ‌မျှော်လင့်ချက်၊ ရည်မှန်းချက်‌တွေ ရှင်းပြ‌ပေးပါလား။
ကျ‌နော်တို့က‌တော့ ဝင်ပြိုင်လို့ ရနိုင်တဲ့‌နေရာကို နည်းနည်းပဲ လုပ်နိုင်မယ်။ ကျ‌နော်တို့ပါတီက အသစ်လည်း ဖြစ်တဲ့အခါကျ‌တော့ သူများ‌တွေလို ‌ခြေလှမ်း‌တော့ မကျဲနိုင်ဘူး။ ကိုယ်ပြိုင်နိုင်တဲ့ ‌နေရာ‌လောက်မှာပဲ ကျစ်ကျစ်လစ်လစ်နဲ့ နိုင်‌အောင်‌တော့ ကြိုးစား မယ်။ ‌နောက်တတ်နိုင်ရင်‌တော့ ကရင့်‌ရေးရာလို အရာမျိုး‌တွေမှာ ဦးစား‌ပေးချင်တယ်။

– မဲဆန္ဒရှင်‌တွေက ကရင်အမျိုးသားပါတီကို ဘာ‌ကြောင့် မဲ‌ပေး‌စေချင်လဲ။ သူတို့အတွက် ဘာ‌တွေ လုပ်‌ပေးဖို့ရှိလဲ။
ဒီလိုရှိတယ်‌လေ။ ကျ‌နော်တို့ ကရင်ပြည်သူ‌တွေရဲ့ လိုလားချက်‌တွေ ရှိတယ်။ နစ်နာဆုံးရှုံးတာ‌တွေ ရှိတယ်။ ဒါ‌တွေကို သူတို့ တင် ပြချင်တယ်၊ ‌ပြောချင်တယ်။ တကယ်လို့ ကျ‌နော်အနိုင်ရခဲ့လို့ လွှတ်‌တော်ထဲ‌ရောက်လို့ရှိရင် သူတို့ဖြစ်ချင်တဲ့ သူတို့အသံ‌တွေကို ကျ‌နော်တို့ ‌ပြော‌ပေးလို့ရတယ်။ ဒီအတိုင်း အပြင်မှာက‌တော့ တရားမဝင်ဖြစ်တယ်။ လွှတ်‌တော်ထဲ‌ပြောတာ ရတာ၊ မရတာက ‌တော့ တစ်ပိုင်း‌ပေါ့‌နော်။ ကိုယ်က တစ်မဲပဲရှိလို့က‌တော့ ရချင်မှလည်း ရမှာ‌ပေါ့။ သို့‌သော်လည်း အသံတစ်ခုတည်း ထွက်လာတာ က သိပ်‌ကောင်းတယ်။ ကိုယ့်အမျိုးသား‌ရေးအတွက် လိုအပ်တာ‌တွေ ဘာ‌တွေရှိ‌သေးလဲ။ နစ်နာတာ ဘာ‌တွေရှိ‌သေးလဲဆိုတာ ‌နောက်ဆုံး မီဒီယာနဲ့‌တွေ့‌တော့လည်း ကမ္ဘာသိ‌ပြောလို့ရတယ်။ တရားဝင်ပါတီတစ်ခုက အဲလို ‌ပြောခွင့်ရှိတယ်ဆို‌တော့ ကျ‌နော် တို့က အဲဒီအကျိုးအမြတ်‌ပေါ်မှာ ဒါကို အ‌လေးထားတယ်။ ကရင်ပြည်သူလူထု‌တွေကလည်း သူတို့ရဲ့ နစ်နာဆုံးရှုံးမှု‌တွေကို ‌ပြော ပြ‌စေချင်တယ်။ သူတို့တချို့က ဘယ်သူ့ကို‌ပြောလို့ ‌ပြောရမှန်းလည်း မသိဘူး။ အဲဒါ‌တွေက အများကြီး နစ်နာတယ်။ ‌ဒေသ‌တော် ‌တော်များများက အဲဒါ‌တွေကို ‌တွေ့ရတယ်။ ကိုယ့်အခွင့်အ‌ရေးက ဘာဆိုတာလည်း မသိဘူး။ ဆုံးရှုံးမှသာ သူတို့က ဆုံးရှုံးသွားပြီ လို့ သိလိုက်တယ်။ ကိုယ့်ရဲ့ ရပိုင်ခွင့်ဆိုတာ ဘာလဲမသိဘူး ဖြစ်‌နေတယ်။ အဲဒါ‌တွေသိဖို့အတွက် ကျ‌နော်တို့က ပညာ‌ပေးပြီး စည်းရုံးတာတို့၊ ‌ဟော‌ပြောတာတို့၊ သင်တန်း‌ပေးတာတို့ လုပ်ရမယ့်တာဝန်‌တော့ ကျ‌နော်တို့ အခုလုပ်ဖို့ ကြိုးစား‌နေတယ်။

ဖက်ဒရယ်လို့‌ပြောတဲ့အခါမှာ ဖက်ဒရယ်လစ်ဇင် ဆိုတဲ့ဟာကို တခြားပြည်သူ‌တွေ မ‌ပြောနဲ့။ ကျ‌နော်တို့ရဲ့ ပါတီဝင်‌တွေသိ‌အောင် ‌ပြောပြရမယ်။ သင်တန်း‌ပေးရမယ်။ ဖက်ဒရယ်လို့ သူများ‌တွေ ‌မေးလာလို့ရှိရင် ရှက်စရာဖြစ်မယ်။ အဲဒါကို ဖက်ဒရယ်က ဘာဖက် ဒရယ်လဲဆိုတာ သိ‌အောင် ကျ‌နော်တို့လုပ်ရမယ်။ ဖက်ဒရယ်လစ်ဇင်စာအုပ်ကို‌တော့ အခု ကျ‌နော်တို့အားလုံး ပြုစုပြီးပြီ။ သင်တန်း‌ပေးဖို့ပဲ ကျန်တယ်။ ကျ‌နော်တို့ကိုယ်တိုင်လည်း ပြန်တက်ရမယ်။

– နိုဝင်ဘာမှာ ‌ရွေး‌ကောက်ပွဲလုပ်ဖြစ်ရင် အခုက ပါတီဝင်‌တွေကို ဖက်ဒရယ်နားလည်ဖို့ ရှင်းပြရဦးမှာ တစ်ပိုင်း၊ ပါတီစည်းရုံး‌ရေးက လည်း တစ်ပိုင်းရှိ‌သေးတယ်ဆို‌တော့ အချိန်လုံ‌လောက်မှု ရှိနိုင်ပါ့မလား။
အချိန်က‌တော့ သိပ်‌တော့ လုံ‌လောက်မှုမရှိဘူး။ ကျ‌နော်တို့က‌တော့ ကုထုံးမှုအရ ‌ပြောရမယ်ဆိုရင် ‌ဆေးမီးတိုကုထုံး‌ပေါ့။ စနစ် တကျ သင်ရတာ မဟုတ်ဘဲနဲ့ ကျ‌နော်တို့က တစ်ရက်၊ နှစ်ရက်ပုံစံနဲ့ Hand Note ‌လေး သ‌ဘောမျိုး လုပ်‌ပေးလိုက်ပြီး‌တော့ အဲဒါ ကိုကိုင်ပြီး ဖတ်လိုက်၊ သွားလိုက် အဲလိုပဲ လုပ်ရမယ်။ ‌သေချာစနစ်တကျနဲ့ လုပ်မယ်ဆိုရင်‌တော့ အချိန်‌ပေးရမယ်။ အဲလိုဆိုရင် အလုပ်က ‌နှောင့်‌နှေးသွားနိုင်တယ်။

– ကရင်အမျိုးသားပါတီ ဝင်‌ရောက်ယှဉ်ပြိုင်မယ့် မဲဆန္ဒနယ်‌တွေမှာ အဓိက ဘာ‌တွေလိုုအပ်တယ်လို့ မြင်လဲ။
ကျ‌နော်တို့ လိုချင်တာက‌တော့ နိုင်ငံ‌ရေးနဲ့ပတ်သက်တဲ့ အနာဂတ်ကရင်မျိုးဆက်တစ်ခုကို ‌မွေးထုတ်ချင်တယ်။ ဒါ ကျ‌နော်တို့ရဲ့ ရည်ရွယ်ချက်ပါပဲ။ ဘာဖြစ်လဲဆို‌တော့ နိုင်ငံ‌ရေးနဲ့ ကျ‌နော်တို့မျိုးဆက် အဆက်ပြတ်ခဲ့တာ ‌တော်‌တော်ကြာပြီ။ မျိုးဆက်သစ်တစ် ခုကို ကျ‌နော်တို့ ပြန်ထူ‌ထောင်ချင်တယ်။ ကရင်အမျိုးသား‌တွေထဲမှာ ‌စောစီးစွာ နိုင်ငံ‌ရေးအမြင်ကျယ်ကျယ်နဲ့ လုပ်နိုင်ခဲ့တဲ့ အဲဒီ အ‌နေအထားမျိုးကို ကျ‌နော်တို့ ပြန်လည်အားကျတယ်။ ‌ဒေါကလုလို ပြန်ဖြစ်ချင်တယ်။ ရည်ရွယ်ချက်က‌တော့ အဲဒါပါပဲ။

– ကိုယ့်ရဲ့ လူမှုအသိုင်းအဝိုင်းမှာ နိုင်ငံ‌ရေးနဲ့ အလှမ်း‌ဝေးခဲ့တာ အကြာကြီးဆို‌တော့ ဘာ‌တွေဆုံးရှုံးနစ်နာမှု‌တွေ ရှိခဲ့လဲ။
နစ်နာဆုံးရှုံးမှု‌တွေက‌တော့ တချို့‌နေရာ‌တွေမှာ‌တော့ ‌မြေသိမ်းယာသိမ်းတဲ့ကိစ္စ‌တွေ ဧရာဝတီတိုင်းလိုမျိုးနဲ့ အခုရန်ကုန်တိုင်းမှာ ဆိုရင်လည်း ဘယ်သူ့ကိုတိုင်လို့ တိုင်ရမှန်းမသိ အဲဒါလည်း အများကြီးရှိတယ်။ ကျ‌နော်တို့‌တွေ ပါတီတစ်ခုဖြစ်လာလို့ရှိရင် ကိုယ့် ရဲ့ရပိုင်ခွင့်က ဒါ‌တော့ ရှိတယ်။ ဆုံးရှုံးနစ်နာ‌တွေကို‌တော့ ဘယ်လိုလုပ်သွားမလဲ။ ဘယ်လိုနည်းလမ်းနဲ့ ပြန်ပြီး‌တော့ ‌တောင်းယူရ မလဲ။ ဒါ‌တွေကို ကျ‌နော်တို့က လိုက်လုပ်‌ပေးရမယ်။ ‌ရွေး‌ကောက်ပွဲကဲန်ပိန်းလုပ်တဲ့အချိန်မှာ တွဲလုပ်လို့ ရတယ်။ ကျ‌နော်တို့က နယ်မှာ အခုက‌နေ တကူးတကဆင်းရင်လည်း နှစ်ခါဆင်းရမယ်။ ‌ဟော‌ပြောစည်းရုံးပြီး၊ မဲဆွယ်စည်းရုံးပြီး သွားတာက တစ်ပိုင်း။ တချိန်တည်းလည်း အဲဒီအလုပ်ကို လုပ်လို့ရတယ်။ ကျ‌နော်တို့က အချိန်လည်း သိပ်မ‌ပေးနိုင်တဲ့အတွက် တစ်ခါတည်း တွဲလုပ် သွားတာပဲ ‌ကောင်းပါတယ်။

– အခုဆိုရင် ကရင်ပါတီက ၅ပါတီရှိတာ‌ပေါ့‌နော်။ အဲဒီပါတီ‌တွေနဲ့ ကိုယ့်ပါတီ ကွဲပြားမှု‌လေး‌တွေ ဘာ‌တွေရှိလဲ။
ကျ‌နော်တို့က ခုနက ‌ပြောသလို အမျိုးသားတန်းတူ‌ရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိ‌သော တိုင်းရင်းသားလူမျိုးများ၏ ပြည်နယ်များ ဖြင့် ဖွဲ့စည်းထားသည့် ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်‌ထောင်စုစနစ်ကို ကျ‌နော်တို့ သွားချင်တာဖြစ်တယ်။ ကျ‌နော်ထင်တယ်။ တချို့က ဖက်ဒရယ်လို့ ‌ပြောတယ်။ ဒါ‌ပေမယ့် သူတို့က ‌ဒေသကို အ‌ခြေခံပြီး‌တော့ ဖက်ဒရယ်မှာ သူတို့ပါ‌နေကြတာကို‌တွေ့တယ်။ သူတို့လုပ်တဲ့ မဟာမိတ်‌တွေမှာ ကျ‌နော်တို့ တချို့ပါတဲ့ ကရင်ပါတီ‌တွေက မဟာမိတ်လုပ်တဲ့ ကရင်ပါတီအဖွဲ့‌တွေနဲ့‌တွေ့တဲ့အခါ သူတို့လည်း ဖက်ဒရယ်လို့‌တော့ တပ်တယ်။ သို့‌သော်လည်း ကျ‌နော်တို့လိုချင်တဲ့ တိုင်းရင်းသားဖက်ဒရယ် မဟုတ်ဘူး။ သူတို့က အ‌မေရိကန်တို့လို ဖက်ဒရယ်‌ပေါ့‌နော်။ ‌ဒေသကို အ‌ခြေခံတဲ့ ဖက်ဒရယ်လို သူတို့သွား‌နေတယ်။ အဲဒီ‌တော့ ကျ‌နော်တို့နဲ့‌တော့ တူမှာ မဟုတ်ဘူး။ ကွာခြားတယ်။

– ကရင်ပါတီ‌တွေ အ‌ခြေစိုက်တဲ့ ‌ဒေသ‌တွေထဲမှာ အခြားပါတီ‌တွေဖြစ်တဲ့ အဲန်အယ်လ်ဒီလို၊ ကြံ့ဖွံ့လိုပါတီရှိတဲ့အတွက် အဲဒီအ‌ပေါ် ဘယ်လို‌ဖြေရှင်းသွားမလဲ။
အဲလိုဟာမျိုး‌တော့ ကျ‌နော်တို့ စဉ်းစားရမယ်။ ကျ‌နော်ကရင်ပါတီ‌တွေအ‌နေနဲ့ ခွဲပြီး‌တော့ ကိုယ် မနိုင်‌လောက်တဲ့ ‌နေရာ‌တွေမှာဆို ရင် မပြိုင်နဲ့။ သ‌ဘောက တိုင်း‌ဒေသကြီးလွှတ်‌တော်မှာ ပြိုင်မယ်။ တကယ်လို့ မဖြစ်နိုင်ဘူးဆိုရင် မပြိုင်နဲ့။ ပြည်သူ့လွှတ်‌တော်မှာ ပြိုင်ချင်ပြိုင်။ အဲလိုမျိုး ‌နေရာလွှဲပြီး‌တော့ ပြိုင်လို့လည်း ရတယ်။ ပြိုင်တဲ့အခါမှာလည်း သူ့မဲ၊ ကိုယ့်မဲခွဲပြီး‌တော့ စည်းရုံး‌ပေးရင် လည်း ရတယ်။ ဥပမာ-ကျ‌နော်တို့ပြိုင်မယ့်‌နေရာ စည်းရုံး‌ပေးမယ်။ ကိုယ်ပြိုင်တဲ့‌နေရာကိုလည်း စည်းရုံး‌ပေးမယ်ဆိုရင်‌တော့ ကရင်ပါတီအချင်းချင်း အဲလို ညှိလုပ်လုပ်‌တော့ ရတယ်။ အညှိခံဖို့‌တော့ လိုတယ်။ ကျ‌နော်တို့ကိုလာပြီး ညှိနှိုင်းတဲ့ ပုံစံမျိုး ဖြစ်‌နေ မယ်။ ညှိမယ် ညှိမယ်ဆိုပြီး ပါးစပ်နဲ့‌တော့ ‌ပြောမယ်။ သူတို့လူ‌တွေ အပြည့်‌ရွေးထားပြီးပြီ။ တိုင်း‌ဒေသကြီး‌ကော အမျိုးသားလွှတ် ‌တော်‌ကော၊ ပြည်သူ့လွှတ်‌တော်‌ကော ‌ရွေးထားပြီးပြီ။ ကျ‌နော်တို့က ညှိရမယ်ဆို‌တော့ သူတို့က ‌နေရာ‌တွေ အကုန်ယူထားပြီးပြီ။ အဲဒီ‌တော့ ကျ‌နော်တို့က ‌နေရာ‌တွေ ဖယ်‌ပေးရမှာလား။

– ပြည်သူလူထု‌တွေက နိုင်ငံ‌ရေးအားနည်တဲ့အခါကျ‌တော့ အင်အားကြီးတဲ့ ပါတီကိုပဲ မဲ‌ပေးလိုက်မယ်ဆိုရင် ကရင်အမျိုးသားပါတီ အ‌နေနဲ့ ဘာ‌တွေစိုးရိမ်မှု‌တွေ ရှိလဲ။
စိုးရိမ်ချက်တစ်ခုက‌တော့ အမှန်မှန်က‌တော့ နဂိုကတည်းက ကျ‌နော်တို့ပါတီက အခုမှ လာတဲ့အခါကျ‌တော့ ပါတီကြီး‌တွေကို ယှဉ်ဖို့က မလွယ်ဘူး။ မလွယ်တဲ့အခါကျ‌တော့ ကျ‌နော်တို့က ‌အောက်စည်းပဲ ‌ပြောရမှာ‌ပေါ့‌နော်။ သူတို့အ‌ပေါ်စည်းလို ကိုယ်က မယူနိုင်ဘူး။ ဒါ‌ပေမယ့် တချို့ကိစ္စ‌တွေမှာ ပါတီကြီး‌တွေထဲမှာ တချို့ကျ‌နော်တို့နဲ့ ဒီမိုက‌ရေစီလမ်း‌ကြောင်းထဲသွားတဲ့ ပါတီချင်းတူ တဲ့‌နေရာ‌တွေ တချို့ကိစ္စ‌တွေမှာ ညှိလုပ်လို့ရနိုင်တဲ့ အ‌နေအထားလည်း ရှိချင်ရှိမယ်။ အဲဒါမျိုးကျ‌တော့လည်း ညှိလုပ်သွားမယ်။ ကျ‌နော်တို့ အား‌ကောင်းတဲ့‌နေရာ‌တွေဆိုလည်း ခုနက ပါတီကြီး‌တွေက ဖယ်‌ပေးလိုက်‌ပေါ့။ ဆိုလိုတဲ့သ‌ဘောက‌တော့ ဥပမာ-တိုင်းရင်းသား‌ရေးရာ‌နေရာမျိုးမှာဆိုရင် သူတို့မပြိုင်‌တော့ဘူး။ ကျ‌နော်တို့ဘက်က အ‌နေအထားရှိရင် သူတို့လူ‌တွေကိုလည်း ထည့်ခိုင်းရင် ရတာပဲ။ သ‌ဘောတစ်ခုက တိုင်းရင်းသား‌ရေးရာမှာ ဝန်ကြီးတစ်‌နေရာဆို သူတို့ မပြိုင်‌တော့ဘူးဆိုပါ‌တော့။ သူတို့မဲ က ကျ‌နော်တို့ကို ‌ပေးလိုက်ရင် ရတာပဲ။ အဲလို‌တော့ ဖြစ်နိုင်တယ်။

– ၂၀၁၅ ‌ရွေး‌ကောက်ပွဲက ၂၀၀၈ ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေ‌အောက်မှာပဲ သွား‌နေရတယ်ဆိုတဲ့အခါကျ‌တော့ ဒီ‌ရွေး‌ကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှု ရှိနိုင်ပါမလား။
သူတို့(အစိုးရ)က‌တော့ နိုင်ငံတကာ သတင်း‌ထောက်‌တွေ ‌ခေါ်မယ်။ ပွင့်လင်းမြင်သာမှုရှိ‌အောင် လုပ်မယ်လို့‌တော့ ‌ကော်မရှင် ဥက္ကဋ္ဌက ‌ပြောတယ်။ ဘယ်‌လောက်မျှတမှု ရှိမယ်ဆိုတာက‌တော့ ကျ‌နော်တို့ ကြိုတင်ပြီး ‌ပြောလို့မရပါဘူး။
တကယ်ဆိုရင် ဒီ ၂၀၀၈ ဖွဲ့စည်းပုံနဲ့ ကျ‌နော်တို့ လိုချင်တဲ့ ဖက်ဒရယ်ပြည်‌ထောင်စုနဲ့ ဘယ်လိုမှ မကိုက်ပါဘူး။ မကိုက်ညီတဲ့အခါ ကျ‌တော့ ကျ‌နော်တို့ ဒီမိုကရက်တစ်အင်အားစုနဲ့ တိုင်းရင်းသားပါတီအင်အားစုက‌နေပြီး‌တော့ ဖွဲ့စည်းပုံကို ပြင်ဆင်လို့ ရနိုင်တဲ့အ ဆင့်အထိ‌တော့ ဝိုင်းကြိုးစားကြရမှာပဲ။ အဲလို‌ပြောပြန်‌တော့လည်း ၂၀၀၈ဖွဲ့စည်းပုံကို လက်ခံပြီး‌တော့ ဝင်ခဲ့ရတာဆို‌တော့ ဒါကြီး က လုံးလုံးကြီးကို ဆန့်ကျင်ပြီး‌တော့ ကျ‌နော်တို့က ‌ပြောလို့‌တော့ မရဘူး။ သို့‌သော်လည်း ကျ‌နော်တို့ရဲ့ ဖက်ဒရယ်ပြည်‌ထောင်စု နဲ့ သွားချင်တဲ့ပုံစံနဲ့ မကိုက်ညီတဲ့အတွက် ပြင်ဖို့‌တော့ လိုအပ်တယ်။
‌နောက်တစ်ခု ၂၀၀၈ ဖွဲ့စည်းပုံ ပြင်မယ်၊ မပြင်ဘူးဆိုတဲ့ကိစ္စက ‌ဒေါ်‌အောင်ဆန်းစုကြည်ကိုယ်တိုင်ကလည်း ပြန်ပြီး‌တော့ ‌ရွေး ‌ကောက်ပွဲဝင်ဖို့ ကြားဖြတ်‌ရွေး‌ကောက်ပွဲ မဝင်ခင်မှာ ဒီ‌ကြွေး‌ကြော်သံနဲ့ ဖွဲ့စည်းပုံပြင်ဖို့ ဝင်လာခဲ့တာပါ။ အခု ဖွဲ့စည်းပုံ ပြင်လို့ရမှ ဝင်မယ်။ ပြင်မရရင် မဝင်ဘူးဆိုတဲ့ကိစ္စက‌တော့ သူနဲ့ပဲ ဆိုင်တယ်။ သူ့ဆုံးဖြတ်ချက်ကို ကျ‌နော်တို့လည်း မသိနိုင်ဘူး။ ကျ‌နော်တို့ က ပြင်သည်ဖြစ်‌စေ၊ မပြင်သည်ဖြစ်‌စေ ပါတီရပ်တည်‌ရေးအတွက် ၃‌နေရာ‌လောက်‌တော့ အနည်းဆုံး ဝင်ရမှာဖြစ်တဲ့အတွက် ဝင် ‌တော့ ဝင်ရမှာပဲ။

ဒီဖွဲ့စည်းပုံမှာ တိုင်းရင်းသားအ‌ရေးနဲ့ ဖြည့်စွက်‌ပြောရမယ်ဆိုရင် အာဏာခွဲ‌ဝေတဲ့အပိုင်းမှာ သမ္မတက‌နေပြီး‌တော့ ပြည်နယ်ဝန် ကြီးချုပ်တို့၊ ပြည်နယ်အစိုးရအဖွဲ့တို့ကို သူ့ခန့်အပ်ချက်နဲ့ သွားတဲ့ဟာက ဘယ်လိုုမှ မဖြစ်နိုင်ဘူး။ အမှန်မှန်က‌တော့ သူ့‌ဒေသအ လိုက် အစိုးရအဖွဲ့ကို သူ့နည်းသူ့ဟန်နဲ့ ‌ရွေးချယ်ရမယ်။ အခုက ဖွဲ့စည်းပုံအရ ဆိုလို့ရှိရင် သမ္မတက တိုက်ရိုက်ခန့်လို့ ရတယ်။ အဲဒီအ‌ခြေခံကိုက ‌တော်‌တော်‌လေးကို ကွဲလွဲတယ်လို့ မြင်တယ်။ တခြားကိစ္စလည်း အများကြီး ရှိပါ‌သေးတယ်။ ၂၅ရာခိုင်နှုန်းပါ တဲ့ကိစ္စ စတာ‌တွေ‌ပေါ့။ အမှန်‌ပြောရရင် ပြင်တယ်လို့စကားသာ ‌ပြောရတာ၊ အသစ်‌ရေးဆွဲရင်‌တော့ အ‌ကောင်းဆုံး ဖြစ်တယ်။ ဘာဖြစ်လဲဆို‌တော့ ပုဒ်မတစ်ခုကို ပြင်လို့ရှိရင် လွှတ်‌တော်မှာ အဆိုတင်သွင်းလိုက်၊ အဲဒီအဆိုကို ပြန်ပြီး‌တော့ ရှင်းလင်းပွဲလုပ် လိုက်၊ အဲလိုကျ‌နော်တို့ပြင်မယ့် ပုဒ်မအကုန်လုံးဆိုရင် အနှစ် ၂၀‌လောက်အထိ ကြာသွားလိမ့်မယ်။

– ၂၀၁၅ ‌ရွေး‌ကောက်ပွဲ မတိုင်ခင် ကိုယ့်လူထု‌တွေကို ဘာများ‌ပြောချင်လဲ။
ကျ‌နော်တို့ရဲ့ အမျိုးသားရည်မှန်းချက်ထဲမှာ ဖက်ဒရယ်ပြည်‌ထောင်စုကို ရဖို့လိုတာကို‌တော့ ကျ‌နော်တို့လူမျိုးထဲမှာ အသိပညာ ‌တွေ ‌ပေးဖို့လိုတယ်။ ကျယ်ကျယ်ပြန့်ပြန့်နဲ့ သိ‌စေချင်တယ်။ ဒါမှသာ ကျ‌နော်တို့ရဲ့ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးပိုင်ခွင့် ဆိုတဲ့ဟာ ‌တွေက အကုန်လုံး အဲလို ဖြစ်လိမ့်မယ်။ ဖက်ဒရယ်မဖြစ်‌သေးသမျှက‌တော့ ကျ‌နော်တို့ရဲ့ အမျိုးသားကံကြမ္မာ ကိုယ့်ဟာကိုယ် ဖန်တီးလို့ရမှာ မဟုတ်ဘူး။ အဲဒါက အဓိကကျတဲ့ကိစ္စပါ။ ပြည်သူလူထုကို ကျ‌နော်တို့ မက်‌ဆေ့ချ်‌ပေးချင်တာက အဲဒါပါပဲ။ ‌နောက်ထပ် ဖြည့်စွက်‌ပြောချင်တာက ကျ‌နော်တို့ ကရင်ပြည်သူလူထု‌တွေကိုလည်း နိုင်ငံ‌ရေး အသိအမြင်‌လေးနဲ့ ပါတီရဲ့မူဝါဒ‌တွေ ကိုလည်း ‌သေချာ‌လေ့လာပါ။ ကရင်ဆိုရင် ပြီး‌ရော (မဲ)‌ပေးရင်လည်း မဖြစ်သင့်ပါဘူး။ သ‌ဘောတစ်ခုက ကရင်‌တော့ ကရင်ပါတီ ပဲ။ ဒါ‌ပေမယ့် ဘယ်လမ်း‌ကြောင်းကိုသွား‌နေလဲ။ ဒီမိုက‌ရေစီလမ်း‌ကြောင်းကို သွားသလား၊ အာဏာရှင်လမ်း‌ကြောင်းကို ပံ့ပိုး‌ပေး ‌နေလားဆိုတာ မသိဘဲနဲ့ ကရင်ဆိုရင်ပြီး‌ရော ‌ပေးမယ်ဆိုရင် မှားမယ်လို့‌တော့ ထင်တယ်။ ဒါ‌ကြောင့်မို့ ဘယ်လမ်းကိုသွား‌နေလဲ ဆိုတာ ခွဲခြားမြင်‌စေချင်တယ်။ အဲလို‌တော့ သိ‌စေချင်တယ်၊ လိုလည်း လိုအပ်တယ်။