Home သတင်း မြန်မာ‌ရွှေ့‌ပြောင်း‌ကျောင်း ၃ ‌ကျောင်းသာ တက္ကသိုလ်ဝင်စာ‌မေးပွဲ ဝင်‌ရောက်‌ဖြေဆိုနိုင်မည်

မြန်မာ‌ရွှေ့‌ပြောင်း‌ကျောင်း ၃ ‌ကျောင်းသာ တက္ကသိုလ်ဝင်စာ‌မေးပွဲ ဝင်‌ရောက်‌ဖြေဆိုနိုင်မည်

2507

‌ဖေ‌ဖော်ဝါရီ ၂၁ ရက်၊ ၂၀၁၅ ခုနှစ်။ စဖန်း‌ရှောင်း

မတ်လ ၁၁ ရက်‌နေ့တွင် ပြုလုပ်ရန် ‌ကြေညာထားသည့် ၂၀၁၄-၂၀၁၅ ပညာသင်နှစ် အစိုးရ တက္ကသိုလ်ဝင် တန်းစာ‌မေးပွဲကို တတိယအကြိမ်‌မြောက်သွား‌ရောက်‌ဖြေဆိုခြင်းအဖြစ် ထိုင်း-မြန်မာနယ်စပ်ရှိ မြန်မာ‌ရွှေ့‌ပြောင်း ‌ကျောင်း ၃ ‌ကျောင်းသာ သွား‌ရောက်‌ဖြေဆိုနိုင်မည်ဖြစ်သည်ဟု သိရသည်။

ယခုနှစ်အတွက် တက္ကသိုလ်ဝင်တန်းစာ‌မေးပွဲကို ‌ရွှေ့‌ပြောင်း‌ကျောင်းများဖြစ်သည့် ဆာသူး‌လေ၊ ‌သွေးသစ်၊ ထီးမယ်ဝါးခီး‌ကျောင်းတို့မှ ‌ကျောင်းသား၊ ‌ကျောင်းသူ‌ပေါင်း (၁၆၅)ဦးက မြဝတီမြို့ရှိ အထက(၁)တွင် သွား‌ရောက်‌ဖြေဆိုကြမည်ဖြစ်သည်ဟု ဆာသူး‌လေ‌ကျောင်းဒါရိုက်တာ ‌နော်‌ဖော‌ရေက ‌ပြောသည်။

‌နော်‌ဖော‌ရေက “အရင်နှစ်‌တွေက‌တော့ အစိုးရပိုင်းက‌ရော အလှူရှင် အဖွဲ့အစည်း‌တွေဘက်က‌ရော ‌ထောက်ပံ့မှု က အများကြီး အဆင်‌ပြေခဲ့တယ်။ ဒီနှစ်က‌တော့ အဆင်မ‌ပြေ‌တော့ဘူး။ အခြားမပါနိုင်တဲ့ ‌ကျောင်း‌တွေကလည်း ‌ကျောင်းဆရာ မလုံ‌လောက်တာ၊ ‌ဖြေမယ့်‌ကျောင်းသား‌တွေမရှိတာ အခြားအခက်အခဲ‌တွေ‌ကြောင့် မပါနိုင်‌တော့ တဲ့ အ‌ခြေအ‌နေဖြစ်သွားတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ပြီးခဲ့သည့် ၂၀၁၂-၂၀၁၃ ပညာသင်နှစ်မှစတင်ကာ ‌ရွှေ့‌ပြောင်း‌ကျောင်းများဖြစ်သည့် ဆာသူး‌လေ၊ ‌သွေးသစ်၊ ထီးမယ်ဝါးခီး၊ STTC ၊ SAW စသည့် ‌ကျောင်းများသည် တက္ကသိုလ်ဝင်တန်းစာ‌မေးပွဲကို ‌ကျောင်သား၊ ‌ကျောင်းသူ‌ပေါင်း (၁၅၃)ဦး နှင့် ၂၀၁၃-၂၀၁၄ ခုနှစ်တွင် (၁၃၈) ဦး သွား‌ရောက်‌ဖြေဆိုခဲ့ခြင်း ဖြစ်သည်။

ထိုသို့‌ဖြေဆိုခဲ့ရာတွင် ပညာသင်နှစ် ၂ နှစ်အတွင်း ‌ရွှေ့‌ပြောင်းမြန်မာ‌ကျောင်းများမှ တက္ကသိုလ်ဝင်တန်း ‌အောင်မြင်သူ ၄၄ ဦးအထိ ရှိခဲ့ပြီး အဆိုပါ‌ကျောင်းသူ၊ ‌ကျောင်းသားများကို မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမားများ ပညာ‌ရေး‌ကော်မတီ(BMWEC)၏ စီစဉ်မှု၊ အလှူရှင် ‌ဒေါက်တာ အရှင်‌ဆေကိန္ဒနှင့် အစိုးရ‌ထောက်ပံ့မှု အချို့ဖြင့် ပြည်တွင်းရှိ တက္ကသိုလ်အသီးသီးတွင် တက်‌ရောက်ပညာသင်ကြားခဲ့ကြသည်။

၎င်းအပြင် မြန်မာနိုင်ငံ၏ အ‌ခြေအ‌နေအနည်းငယ်‌ပြောင်းလဲလာမှုနှင့် အစိုးရ၏လမ်းဖွင့်‌ပေးမှု၊ BMWEC ၏ ကြိုးပမ်းမှုများ‌ကြောင့် ‌ရွှေ့‌ပြောင်း‌ကျောင်းများဖြစ်သည့် ဆာသူး‌လေ၊ ‌သွေးသစ်၊ ‌နေ့သစ်‌ကျောင်းတို့တွင် မူလတန်းနှင့် အလယ်တန်းအဆင့် စာစစ်ဌာနများ သတ်မှတ်ထားရှိနိုင်ခဲ့သည်ဟု သိရသည်။

လက်ရှိ စာစစ်ဌာနတစ်ခုဖြစ်သည့် ‌သွေးသစ်‌ကျောင်းတွင် မြဝတီမြို့နယ် ပညာ‌ရေးဌာနက ‌ဖေ‌ဖော်ဝါရီ ၁၉ ရက်‌နေ့မှစတင်ကာ ပထမဆုံးအဖြစ် မြန်မာ‌ရွှေ့‌ပြောင်း‌ကျောင်း (၆) ‌ကျောင်းပါဝင်သည့် စတုတ္ထတန်းအဆင့် စာ‌မေးပွဲစစ်‌ဆေးလျှက်ရှိသည်ဟု သိရသည်။

‌သွေးသစ်‌ကျောင်းအုပ် ဆရာ‌ဇော်လွင်ဦးက “ဒီနှစ်ကျ‌နော်တို့ ‌ကျောင်းသားဦး‌ရေက မူလတန်းက‌နေ အထက် တန်းအထိ အားလုံး‌ပေါင်း (၆၁၇) ‌ယောက်ရှိတယ်။ တက္ကသိုလ်ဝင်တန်းအ‌နေနဲ့ ကျ‌နော်တို့‌ကျောင်းသွား‌ဖြေမှာ က အ‌ယောက်(၅၀)ပါ။ ‌နောက်ပြီး ဒီနှစ်က ‌လေးတန်းအထိပဲ စာစစ်နိုင်‌ပေမယ့် လာမယ့် နှစ်‌တွေကျ‌တော့ အ‌ခြေအ‌နေ‌ကောင်းရင်‌ကောင်းသလို အထက်တန်းအထိ လုပ်နိုင်‌အောင်‌တော့ ဆက်လုပ်ရမှာဖြစ်တယ်”ဟု ‌ပြောဆိုသည်။

ထိုင်း- မြန်မာနယ်စပ်တစ်‌လျှောက်တွင် မြန်မာ‌ရွှေ့ ‌ပြောင်း အလုပ်သမားများပညာ‌ရေး‌ကော်မတီ(BMWEC)၏ အဖွဲ့ဝင်‌ကျောင်းအပါအဝင် ‌ရွှေ့‌ပြောင်းမြန်မာ‌ကျောင်းအ‌ရေအတွက်မှာ ယခုစာသင်နှစ်တွင် ၆၅ ‌ကျောင်း၊ ဆရာ ဆရာမ ၇၀ဝ ဝန်းကျင်နှင့် ‌ကျောင်းသားဦး‌ရေ ၁၃,၀၀၀‌ကျော်ရှိ‌ကြောင်း သိရသည်။