Home သတင်း ‌ကျောင်းချိန်အတွင်း ကရင်စာသင်ခွင့်ရ‌ရေး ‌တောင်းဆိုသွားရန် စာယဉ် ၆ မြို့နယ် ဆုံးဖြတ်

‌ကျောင်းချိန်အတွင်း ကရင်စာသင်ခွင့်ရ‌ရေး ‌တောင်းဆိုသွားရန် စာယဉ် ၆ မြို့နယ် ဆုံးဖြတ်

2301

‌ဖေ‌ဖော်ဝါရီ ၁၂ရက်၊ ၂၀၁၅ ခုနှစ်။ ‌စောထွန်းလင်း

ဧရာဝတီတိုင်း‌ဒေသကြီးအတွင်း လာမည့် ၂၀၁၅-၁၆ ပညာသင်နှစ်တွင် ‌ကျောင်းချိန်အတွင်း ကရင်စာသင်ကြား ခွင့်ရ‌ရေးအတွက် တိုင်း‌ဒေသကြီး ကရင်တိုင်းရင်းသား‌ရေးရာဝန်ကြီးမှတဆင့် တိုင်းလွှတ်‌တော်သို့ ‌တောင်းဆို သွားရန် ‌ဖေ‌ဖော်ဝါရီ ၁၂ရက်‌နေ့က ဆုံးဖြတ်လိုက်သည်ဟု သိရှိရသည်။

‌မြောင်းမြမြို့၊ မုဆိုးကွင်းရပ်ကွက်၊ သတ္တမ‌နေ ့ဥပုဒ် စာ‌ဖြေ ဓမ္မတက္ကလိုလ်ဝန်း၊ အစည်းအ‌ဝေးခန်းမ၌ ပြုလုပ် သည့် ‌မြောင်းမြ၊ ပန်းတ‌နော်၊ အိမ်မဲ၊ ‌ကျောင်းကုန်း၊ ပုသိမ်၊ ကန်ကြီး‌ထောင့်မြို့နယ် ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု ‌ကော်မတီတို့၏ အစည်းအ‌ဝေးတွင် ထိုသို့ အတည်ပြုဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ‌မြောင်းမြမြို့နယ် စာယဉ် အတွင်း‌ရေးမှူး မန်းထွန်းလင်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

“အခု ကရင်စာသင်တဲ့အခါ အားနည်းချက်က‌တော့ ‌ကျောင်းချိန်ပြင်ပမှာ သင်ရတာဖြစ်တဲ့အတွက် မထိ‌ရောက် ဘူး။ ဒါ‌ကြောင့် လာမဲ့ပညာသင်နှစ်မှာ ‌ကျောင်းချိန်အတွင်း သင်ခွင့်ရ‌အောင် ‌ရေးရာဝန်ကြီးကတဆင့် တိုင်းလွှတ်‌တော်ကို တင်ပြဖို့ အစည်းအ‌ဝေးတက်‌ရောက်လာသူ‌တွေက ဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်”ဟု မန်းထွန်းလင်းက ‌ပြောဆိုသည်။

နံနက် ၁ဝ နာရီမှ ည‌နေ ၄ နာရီခွဲအထိ ပြုလုပ်ခဲ့သည့် ယင်းအစည်းအ‌ဝေးသို့ မြို့နယ် ၆ မြို့နယ်မှ ကို်ယ်စား လှယ် ၆ဝ ဦး တက်‌ရောက်ခဲ့ပြီး အစည်းအ‌ဝေးတွင် ‌ကျောင်းချိန်အတွင်း ကရင်စာသင်ခွင့်ရ‌ရေး အပါအဝင် ကရင်စာသင်ဆရာ၊ ဆရာမများအား တစ်လတစ်ကြိမ် ‌ထောက်ပံ့‌ကြေး‌ပေးရန်၊ ပြဌာန်းစာအုပ်များကို ‌ကျောင်းသားများအား အချိန်မီ ထုတ်‌ပေးရန်နှင့် ကရင်စာသင်ဆရာများ မွမ်းမံသင်တန်းကုန်ကျစရိတ်များကို သက်ဆိုင်ရာမှ ကျခံ‌ပေးရန်တို့ ‌တောင်းဆိုသွားရန် ဆုံးဖြတ်ခဲ့ကြသည်ဟုလည်း သိရသည်။

ပန်းတ‌နော်မြို့နယ် ကရင်စာ‌ပေနှင့်ယဉ်‌ကျေးမှု ‌ကော်မတီ တွဲဖက်အတွင်း‌ရေးမှူး မန်းဝင်း‌မောင်က “ဒီကိစ္စ က‌တော့ အများလိုလား‌နေတာပဲ။ နဂိုထဲကရှိခဲ့တာ ကျ‌နော်တို့ ပိုးကရင်ဆို ၇ တန်းထိ စ‌ကောကရင်ဆို ၁ဝ တန်းအထိ သင်ခဲ့ဖူးတယ်။ ‌လော‌လောဆယ် ‌ကျောင်းချိန်ပြင်ပမှာ သင်တာ ထိ‌ရောက်မှု အားနည်းတယ်။ ‌ကျောင်းချိန်အတွင်းမှာ သင်ကြားမှုဘာသာရပ်အ‌နေနဲ ့ထည့်သွင်း‌ပေးမယ်ဆိုရင် ပို‌ကောင်းတာ‌ပေါ့။ သူတို့ရဲ့ ဆုံးဖြတ်ချက်ကို ကျ‌နော်တို့ ကြိုဆိုပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

လက်ရှိ ဧရာဝတီတိုင်း‌ဒေသကြီးအတွင်းရှိ အစိုးရ‌ကျောင်းများတွင် ကရင်စာသင်ကြားမှုကို ‌ကျောင်းချိန်ပြင်ပ တွင် သင်ကြားခွင့်ရှိသလို သင်ကြား‌ရေးတွင် စုစု‌ပေါင်း‌ကျောင်းသားဦး‌ရေ ဆယ်ရာခိုင်နှုန်းခန့်သာ ပြဌာန်း စာအုပ်ရရှိခြင်း၊ သင်ကြား‌ပေး‌နေသည့် ဆရာ၊ ဆရာမများ မွမ်းမံသင်တန်းတက်‌ရောက်‌ရေးကို ကရင်စာ‌ပေနှင့် ယဉ်း‌ကျေးမှု‌ကော်မတီများကသာ အကုန်အကျခံပြုလုပ်ရသည့်အတွက် ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်နိုင်ခြင်း မရှိ‌ကြောင်း ကရင်စာယဉ်များက ဆိုသည်။

ထို့အပြင် ကရင်စာသင် ဆရာဆရာမများကို တရားဝင်‌ထောက်ပံ့‌ကြေးတစ်လ ကျပ် ၃၀,၀၀ဝ ကို ယခု ပညာ သင်နှစ်အစမှ ဇန်နဝါရီလကုန်ထိ အစိုးရက ထုတ်‌ပေးခြင်းမရှိ‌သေး‌ကြောင်း ‌မြောင်းမြမြို့နယ် ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီ အတွင်း‌ရေးမှူး မန်းထွန်းလင်းက ဖြည့်စွက်‌ပြောသည်။

‌မြောင်းမြမြိ့နယ်အတွင်း အ‌ခြေခံပညာ‌ကျောင်း ၉၇ ‌ကျောင်းတွင် ဆရာ၊ ဆရာမ ၂၁၃ ဦးက ကရင်‌ကျောင်းသူ ‌ကျောင်းသား ၇၀၀ဝ ‌ကျော်ကို ကရင်စာသင်ကြား‌ပေးလျှက်ရှိကာ ဆရာ၊ ဆရာမ ၈ဝ ဦးမှာ အစိုးရဝန်ထမ်း ‌ကျောင်းဆရာမများဖြစ်ပြီး ကျန်ဆရာ၊ဆရာမများမှာ မြို့နယ် စာယဉ် အစီအစဉ်ဖြင့် ပြင်ပမှ ‌ခေါ်ယူသင်ကြား‌ပေး ‌နေခြင်းဖြစ်သည်ဟု ‌မြောင်းမြမြိ့နယ် စာယဉ်မှ ပြုစုထားသည့် စာရင်းများအရ သိရသည်။