Home သတင်း ကရင်လူထုအ‌ခြေပြုကွန်ရက်အဖွဲ့မှ စွမ်းရည်မြှင့်တင်ခြင်းဆိုင်ရာ ရက်တိုသင်တန်းပြုလုပ်

ကရင်လူထုအ‌ခြေပြုကွန်ရက်အဖွဲ့မှ စွမ်းရည်မြှင့်တင်ခြင်းဆိုင်ရာ ရက်တိုသင်တန်းပြုလုပ်

1218

‌ဖေ‌ဖော်ဝါရီ ၁၁ ရက်၊ ၂၀၁၅ ခုနှစ်။ စဖန်း‌ရှောင်း

ကရင်ပြည်နယ် ‌ကော့ကရိတ်မြို့နယ် ‌ဒေါနအ‌ရှေ့ဘက်‌ဒေသအ‌ခြေစိုက် ကရင်လူထုအ‌ခြေပြုကွန်ရက်အဖွဲ့ (KCBNG)မှ ဦး‌ဆောင်၍ ရပ်ရွာလူထုစွမ်းရည်မြှင့်တင်‌ရေး အစီအစဉ်အဖြစ် ရက်တိုသင်တန်းတစ်ရပ်ကို မြဝတီ မြို့နယ်ခွဲ ‌သေ့‌ဘောဘိုး‌ကျေးရွာ၊ ‌တော‌နောအထက်တန်း‌ကျောင်းတွင် ‌ဖေ‌ဖော်ဝါရီ ၁ဝ မှ ၁၄ ရက်‌နေ့အထိ ဖွင့်လှစ်‌ပေး‌နေ‌ကြောင်း သိရသည်။

သင်တန်းပြုလုပ်ခြင်းအ‌ပေါ် KCBNG တာဝန်ခံ ‌နော်စန္ဒာဝိုင်းက “အပစ်အခတ်ရပ်‌နေတဲ့ကာလမှာ လူထု‌တွေ ပြန်လည်အ‌ခြေချဖို့ဆိုရင် လူထု‌တွေတာဝန်နဲ့ ‌ဒေသဆိုင်ရာ စီမံခန့်ခွဲမှု‌တွေမှာ စွမ်းရည်မြင့်တက်လာဖို့နဲ့ လူထုအဖွဲ့အစည်း‌တွေ အား‌ကောင်းလာဖို့ ကရင်လူထုအ‌ခြေပြုကွန်ရက်က‌နေ ၂၀၁၄-၂၀၁၅ အတွက် စီစဉ်‌ရေးဆွဲထားတဲ့ အစီအစဉ်အရ အခုလို ပြုလုပ်ခြင်းဖြစ်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခုရက်တိုသင်တန်းကို Save the Children အဖွဲ့မှ သင်တန်းနည်းပြဆရာ နှစ်ဦးက သင်ကြား‌ပေး‌နေခြင်း ဖြစ်ပြီး KCBNG အပါအဝင် ကရင်လူငယ်အစည်းအရုံး(KYO)၊ ကရင်အမျိုးသမီးအစည်းအရုံး(KWO)၊ ‌ဒေသခံ ‌ကျေးရွာအုပ်ချုပ်‌ရေး ကိုယ်စားလှယ်များ၊ ဒီမိုက‌ရေစီအကျိုးပြု ကရင်တပ်မ‌တော်(DKBA)ရုံးအဖွဲ့နှင့် စီမံခန့်ခွဲမှုဆိုင်ရာ သင်တန်းသားများ စုစု‌ပေါင်း (၃၂) ဦး တက်‌ရောက်သင်ကြားလျှက်ရှိသည်ဟု သိရသည်။
10423710_1598530263725608_2364754109449626188_n
သင်တန်းတက်‌ရောက်‌နေသူ ‌နော်နီနီက “ကျမအ‌နေနဲ့ ဒီသင်တန်းကို စိတ်ဝင်စားလို့ တက်ဖြစ်တာပါ။ သင်တန်း မှာ သတင်းအချက်အလက် ဘယ်လိုစု‌ဆောင်းရမလဲပါ‌တော့ အဲဒါကို စိတ်ဝင်စားတယ်။ အဲဒီအတွက် ကိုယ်တိုင် ကွင်းဆင်းပြီး လုပ်‌ဆောင်ရတဲ့အခါမှာလည်း အများကြီးအကျိုးရှိလာမယ်လို့ ကျမယူဆပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထိုသို့ သင်ကြား‌ပေးရာတွင် လုပ်ငန်းစီမံကိန်းတစ်ခုလုပ်‌ဆောင်သည့်အခါ လိုအပ်‌သော သတင်းအချက်အလက် စု‌ဆောင်းခြင်း၊ ‌ဒေသဆိုင်ရာအဖွဲ့အစည်းများနှင့် မည်သို့ ပါဝင်ပူး‌ပေါင်းရမည်ကို သင်ကြား‌ပေးခြင်းအပြင် ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်ဆိုင်ရာ သင်တန်း၊ ပညာ‌ရေးဆိုင်ရာ အ‌ထောက်အကူပြုသင်တန်းများကို ယခုလအတွင်း ဆက်လက်ဖွင့်လှစ်‌ပေးသွားရန် ရှိသည်ဟု KCBNG က ဆိုသည်။

ယခုဖွင့်လှစ်‌သောသင်တန်းမှာ (၃) ကြိမ်‌မြောက်ဖွင့်လှစ်‌သော သင်တန်းဖြစ်ပြီး အလားတူ သင်တန်းမျိုးကို ၂၀၁၄ ခုနှစ်အတွင်းက ‌သေ့‌ဘောဘိုး‌ကျေးရွာတွင် (၂) ကြိမ် ဖွင့်လှစ်ခဲ့ပြီးဖြစ်သည်ဟု သိရသည်။

KCBNG ကို ငြိမ်းချမ်း‌ရေးဖြစ်စဉ်အတွင်း လူထု၏ ဖွံ့ဖြိုး‌ရေး၊ စွမ်းရည်မြှင့်တင်‌ရေးနှင့် ပညာ‌ရေးများတွင် ‌ပေါင်းကူးတံတားသဖွယ် ပါဝင်နိုင်‌ရေးအတွက် ရည်ရွယ်ကာ ၂၀၁၃ ခုနှစ်၊ ဩဂုတ် ၃ဝ ရက်‌နေ့တွင် ‌ဒေသခံအဖွဲ့အစည်းများမှ ‌ကော်မတီဝင် (၁၀)ဦးဖြင့် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။