Home သတင်း ‌ကေအဲန်ယူ ‌ညောင်‌လေးပင်ခရိုင်၌ မြို့နယ် ၃ခု‌ပေါင်းကာ ကရင်‌တော်လှန်‌ရေး‌နေ့ ကျင်းပ

‌ကေအဲန်ယူ ‌ညောင်‌လေးပင်ခရိုင်၌ မြို့နယ် ၃ခု‌ပေါင်းကာ ကရင်‌တော်လှန်‌ရေး‌နေ့ ကျင်းပ

2356

‌ဖေ‌ဖော်ဝါရီ ၂ရက်၊ ၂၀၁၅ခုနှစ်။ နန်း‌ချောင်‌ဖော့

ဇန်နဝါရီ ၃၁ရက်‌နေ့၌ ကျ‌ရောက်သည့် ၆၆ကြိမ်‌မြောက် ကရင့်‌တော်လှန်‌ရေး‌နေ့ကို ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ) နယ်‌မြေ တပ်မဟာ (၃)၊ ‌ညောင်‌လေးပင်ခရိုင်ရှိ ‌ကျောက်ကြီး၊ မုံးနှင့် ‌ဆောထိ(‌ရွှေကျင်)မြို့နယ်တို့ ပူး‌ပေါင်း၍ ‌ဆောထိမြို့နယ်၊ ‌မောကိုးကွင်း၌ ပထမဦးဆုံးအကြိမ် ဂုဏ်ပြုအခမ်းအနား ကျင်းပခဲ့သည်။

ယင်းအခမ်းအနားတွင် ကရင်အမျိုးသားအလံ‌ေ‌တော်ကို အ‌လေးပြုခြင်း၊ စစ်‌ရေးပြခြင်း၊ သဝဏ်လွှာများ ဖတ်ကြားခြင်း၊ ‌ခေါင်း ‌ဆောင်များအား ဂုဏ်ပြုခြင်း၊ ကရင်အမျိုးသားများ၏ ‌တော်လှန်‌ရေးသမိုင်း‌ကြောင်းဆိုင်ရာ ပြခန်းများ ခင်းကျင်းပြသထားခြင်း စသည်ဖြင့် ပြုလုပ်ကျင်းပခဲ့‌ကြောင်း ‌ညောင်‌လေးပင်ခရိုင် အလုပ်အမှု‌ဆောင်တစ်ဦးဖြစ်သူ ပဒို‌စောနဲထူးဗျိုင်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

ပဒို‌စောနဲထူးဗျိုင်းက “အခု ကျ‌နော်တို့ ကျင်းပပြုလုပ်တဲ့ ကရင့်‌တော်လှန်‌ရေး‌နေ့က‌တော့ တပ်မဟာ၊ ခရိုင်အဆင့်အ‌နေနဲ့ ကျင်းပ ပြုလုပ်ခဲ့တာပါ။ နှစ်စဉ်နှစ်တိုင်း ကျ‌နော်တို့လုပ်‌ဆောင်ရတဲ့ ရည်ရွယ်ချက်က‌တော့ အနာဂတ် ကရင်ပြည်သူလူထု‌တွေ ကရင် ‌တော်လှန်‌ရေး‌နေ့ကို အသိအမှတ်ပြု အ‌လေးထားတတ်ဖို့နဲ့ အမျိုးသားစည်းလုံးညီညွှတ်‌ရေးအတွက် ဖြစ်တယ်”ဟု ဆိုသည်။

‌ဆောထိမြို့နယ်၊ ‌မောကိုးကွင်း၌ ပြုလုပ်သည့် ကရင့်‌တော်လှန်‌ရေး‌နေ့တွင် ‌ကေအဲန်ယူဗဟို တရား‌ရေးဌာန မှ တာဝန်ခံ ပဒို‌စော ‌ဒေါ့‌လေးမူ၊ ‌ညောင်‌လေးပင်ခရိုင်ရှိ သက်ဆိုင်ရာ ခရိုင်၊ မြို့နယ် ‌ခေါင်း‌ဆောင်များနှင့် ‌ဒေသခံပြည်သူလူထုများ စုစု‌ပေါင်း လူဦး‌ရေ ၄၀၀၀‌ကျော် တက်‌ရောက်ခဲ့ကြပြီး ‌တော်လှန်‌ရေး‌နေ့ မ‌ရောက်မီတစ်ရက်က အားကစားပြိုင်ပွဲများနှင့် သီဆို‌ဖျော်‌ဖြေ‌ရေး အစီအ စဉ်များကို ကျင်းပခဲ့ကြသည်။

‌ကျောက်ကြီးမြို့ခံတစ်ဦးဖြစ်သူ ‌စောတကာသီးဖိုးက “အခု ကရင်‌တော်လှန်‌ရေး‌နေ့မှာ ကျ‌နော်တို့ ကရင်ပြည်သူလူထု ဖြစ်တည်မှု ‌တွေက အမြဲတမ်း ရှင်သန်‌နေတယ်ဆိုတာ ‌တွေ့ရတယ်။ စည်းလုံးမှုအပိုင်းမှာလည်း ‌ပေါ်လွင်တာ ‌တွေ့ရတယ်။ သူတို့ရဲ့အိပ်မက် ‌တွေ မပျက်စီး‌သေးဘဲ အမြဲရှင်သန်ရပ်တည်‌နေတယ် ဆိုတာလည်း ‌တွေ့ရတယ်။ ဒီလိုမျိုး‌နေ့မှာ ကရင်ပြည်သူ‌တွေအ‌နေနဲ့ စိတ် ထဲမှာ အမြဲအမှတ်ရ‌စေမိတယ်”ဟု ‌ပြောဆိုသည်။

ကရင့်‌တော်လှန်‌ရေး‌နေ့ အခမ်းအနားသို့ ‌ကေအဲန်ယူ၏ သက်ဆိုင်ရာ ခရိုင်နှင့် တပ်မဟာ ၇ခု အသီးသီးက စုစည်းမှု၊ ‌ငွေ‌ကြေးနှင့် စစ်‌ရေး၊ နိုင်ငံ‌ရေးအ‌ခြေအ‌နေ‌ပေါ် မူတည်၍ နှစ်စဉ်ကျင်းပခဲ့ကြခြင်းဖြစ်ပြီး ‌ကေအဲန်ယူ ‌ညောင်‌လေးပင်ခရိုင်၊ တပ်မဟာ(၃)အ‌နေ ဖြင့် ယမန်နှစ်က ကရင့်‌တော်လှန်‌ရေး‌နေ့ကို ‌ညောင်‌လေးပင်ခရိုင်ဌာနချုပ်တွင် ကျင်းပခဲ့သည်ဟု ‌ကေအဲန်ယူက ဆိုသည်။