Home သတင်း ‌ကေအဲန်ယူကို အဖွဲ့ဝင်အဖြစ် အမြန်ဆုံး ပြန်လည်ပါဝင်လာရန် UNFC လိုလား

‌ကေအဲန်ယူကို အဖွဲ့ဝင်အဖြစ် အမြန်ဆုံး ပြန်လည်ပါဝင်လာရန် UNFC လိုလား

1965

‌ဖေ‌ဖော်ဝါရီ ၂ရက်၊ ၂၀၁၅ခုနှစ်။ ‌စောခါးစူးညား

ညီညွှတ်‌သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်‌ကောင်စီ(UNFC)အ‌နေဖြင့် ကရင်အမျိုးသားအစည်းအရုံး (‌ကေအဲန်ယူ)ကို အဖွဲ့ဝင်အဖြစ် အမြန်ဆုံး ပြန်ဝင်‌စေလို‌ကြောင်း ဇန်နဝါရီ ၃၁ရက်‌နေ့က ကရင်ပြည်နယ်၊ ‌ကော့ကရိတ်မြို့နယ် အူးက‌ရေ့ခီးစခန်း၌ ကျင်းပ‌သော ကရင့်‌တော်လှန်‌ရေး‌နေ့ အခမ်းအနားတွင် UNFC အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ခူးဦးရယ်က ‌ပြောကြားလိုက်သည်။

“မြန်မာနိုင်ငံမှာ အမျိုးသားပြည်နယ်ကို အ‌ခြေခံတဲ့ ဖက်ဒရယ်ပြည်‌ထောင်စုကို တည်‌ဆောက်သွားဖို့ အဓိဋ္ဌာန်ပြု တည်‌ဆောက် တဲ့အချိန် ဖြစ်ပါတယ်။ ဒါ‌တွေ ပြီး‌မြောက်‌အောင်မြင်ဖို့အတွက် အစဉ်အလာအရ ‌ရှေ့က‌နေ အမြဲဦး‌ဆောင်ဦးရွက်ပြုခဲ့တဲ့ ‌ကေအဲန် ယူအ‌နေနဲ့ ကရင်တစ်မျိုးသားလုံးရဲ့အ‌ရေးကို ‌ရှေးရှုပြီး မိမိတို့ UNFC နဲ့ အမြန်ဆုံး ပြန်လည်ပူး‌ပေါင်း‌ဆောင်ရွက်နိုင်ဖို့ ဖိတ်‌ခေါ်ပါ တယ်”ဟု ခူးဦးရယ်က ‌ပြောကြားခဲ့သည်။

ကရင် အပါအဝင် အခြားဘဝတူ တိုင်းရင်းသားများသည် အကြီးမားဆုံးအခက်အခဲဖြစ်သည့် စည်းလုံးညီညွှတ်မှုမရှိခြင်း အ‌တွေ့ အကြုံ ရရှိပြီးဖြစ်‌ကြောင်း၊ ယခု အ‌ရေးကြီးသည့် သမိုင်းအလှည့်‌ပြောင်း အခါသမယ၌ မျိုးဆက်သစ်များအတွက် ‌ကောင်းမွန် သည့် အနာဂါတ် ‌ဖော်‌ဆောင်သွားရန်လို‌ကြောင်းနှင့် ‌ကေအဲန်ယူ၏ ၆၆နှစ်တာ လက်နက်ကိုင်‌တော်လှန်‌ရေးကာလအတွင်း တိုင်းရင်းသားလူမျိုးများအကြား ဖွဲ့စည်းခဲ့သမျှ‌သော မဟာမိတ်တပ်‌ပေါင်းစု အသီးသီး၌ အဓိက အခန်းကဏ္ဍများတွင် ပါဝင်ခဲ့မှု တို့ကို UNFC အ‌နေဖြင့် အသိအမှတ်ပြု‌ကြောင်းလည်း ၎င်းက ဆက်‌ပြောသည်။

အူးက‌ရေ့ခီး၌ ကျင်းပ‌သော ကရင့်‌တော်လှန်‌ရေး‌နေ့အခမ်းအနားတွင် UNFC အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ခူးဦးရယ်၊ ဗဟိုအလုပ်အ မှု‌ဆောင်‌ကော်မတီဝင် ‌ခေါင်း‌ဆောင်များဖြစ်ကြသည့် ‌ဒေါက်တာလဂျာ၊ စဝ်စိုင်းထူး တက်‌ရောက်ခဲ့ကြပြီး ကရင်အမျိုးသားကာ ကွယ်‌ရေးအဖွဲ့(KNDO)‌ခေါင်း‌ဆောင်များ၊ ဒီမိုက‌ရေစီအကျိုးပြု ကရင့်တပ်မ‌တော် (ဒီ‌ကေဘီ‌အေ)၊ KNU/KNLA PC စသည်တို့မှ ကိုယ်စားလှယ်များနှင့် ပြည်သူလူထု စုစု‌ပေါင်း ၁,၀၀၀‌ကျော် တက်‌ရောက်ခဲ့ကြသည်။

‌ဒေါက်တာလဂျာက “‌ကေအဲန်ယူကို ‌လေးစားတန်ဖိုးထားလို့ UNFC ကိုယ်စား ဒီအခမ်းအနားကို ကျ‌နော်တို့ တက်‌ရောက်တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ အဖိနှိပ်ခံ တိုင်းရင်းသားအားလုံး လွတ်‌မြောက်‌ရေးအတွက် ‌ကေအဲန်ယူ အပါအဝင် ကျ‌နော်တို့ ‌တွေ ‌ရှေ့ဆက် လက်တွဲကြိုးစား ‌ဆောင်ရွက်ကြဖို့ တိုက်တွန်းပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

KNDO ဦးစီးချုပ် ဗိုလ်မှူးချုပ်‌စောနယ်ဒါးမြကလည်း “ကျ‌နော်တို့ နိုင်ငံမှာဖက်ဒရယ်စနစ် တည်‌ဆောက်မယ်ဆိုရင် တိုင်းရင်းသား မဟာမိတ်အဖွဲ့‌တွေဟာ အ‌ရေးကြီးတယ်။ တစ်ဦးနဲ့တစ်ဦး ကျန်ထားလို့ မရပါဘူး။ ဘာဖြစ်လဲဆိုရင် ‌တော်လှန်‌ရေးစတင်က တည်းက အတူတကွ လက်တွဲ အလုပ်လုပ်ကြတာ ဖြစ်ပါတယ်”ဟု ‌ပြောဆိုသည်။

UNFC အ‌နေဖြင့် ၆၆နှစ်‌မြောက် ကရင့်‌တော်လှန်‌ရေး‌နေ့သို့ သဝဏ်လွှာတစ်‌စောင် ‌ပေးပို့ခဲ့ရာတွင် လူမျိုးစုံ တိုင်းရင်းသားပြည်သူ တစ်ရပ်လုံး၏ ‌ထောက်ခံမှုဖြင့် ရပ်တည်တိုက်ပွဲဝင်‌နေကြသည့် လူမျိုးအသီးသီး၏ အမျိုးသားတန်းတူ‌ရေး၊ ‌တော်လှန်‌ရေးရည်မှန်း ချက်ပန်းတိုင် လက်တစ်ကမ်းအလိုကာလတွင် ‌နောက်ဆုံးအတားအဆီးဖြစ်‌နေသည့် စစ်အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်း‌ရေး တိုက်ပွဲကို ကရင်အမျိုးသား‌တော်လှန်‌ရေး ဦး‌ဆောင်အင်အားစုများနှင့်အတူ အဆုံးသတ်တိုက်ပွဲဝင်သွားမည်ဟု ‌ဖော်ပြထား သည်။

‌ကေအဲန်ယူသည် UNFC အဖွဲ့ဝင်အဖြစ် ပူး‌ပေါင်းပါဝင်မှုကို ယာယီရပ်ဆိုင်းထား‌ကြောင်း ထိုင်းနိုင်ငံအတွင်း ဩဂုတ် ၂၅ရက်မှ စက်တင်ဘာ ၁ရက်‌နေ့အထိ ကျင်းပ‌သော ပထမအကြိမ် UNFC ညီလာခံတွင် ဆုံးဖြတ်ခဲ့ပြီး‌နောက်ပိုင်း ယခုလို အဖွဲ့ဝင်အဖြစ် အမြန်ဆုံး ပြန်လည်ပါဝင်လာရန် UNFC က လိုလား‌နေခြင်းဖြစ်သည်။