Home သတင်း ‌လေးပွင့်ဆိုင်‌တွေ့ဆုံ‌ရေးမှာ တိုင်းရင်းသားများကို ချန်ထားခြင်းမဟုတ်ဟု ‌ဒေါ်‌အောင်ဆန်းစုကြည် ‌ပြောဆို

‌လေးပွင့်ဆိုင်‌တွေ့ဆုံ‌ရေးမှာ တိုင်းရင်းသားများကို ချန်ထားခြင်းမဟုတ်ဟု ‌ဒေါ်‌အောင်ဆန်းစုကြည် ‌ပြောဆို

1438

ဇန်နဝါရီ ၂ဝရက်၊ ၂၀၁၅ခုနှစ်။ ‌စောထွန်းလင်း

‌လေးပွင့်ဆိုင်‌တွေ့ဆုံ‌ရေး ‌တောင်းဆိုရာတွင် တိုင်းရင်းသားများကို ချန်ထားလို၍ မဟုတ်ဟု ဇန်နဝါရီ ၁၈ရက်‌နေ့က ‌နေပြည်‌တော် ၌ စည်းလုံးညီညွတ်‌သော တိုင်းရင်းသားလူမျိုးများမဟာမိတ်အဖွဲ့(UNA)နှင့် အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်(NLD)၏ တိုင်းရင်း သားအဖွဲ့အစည်းများနှင့် ဆက်ဆံ‌ရေး‌ကော်မတီတို့ ‌တွေ့ဆုံကြသည့်အခါ ‌ဒေါ်‌အောင်ဆန်းစုကြည်က ထိုသို့ ရှင်းပြခဲ့သည်ဟု NLD ဖက်က ‌ပြောဆိုသည်။

‌တွေ့ဆုံပွဲ တက်‌ရောက်ခဲ့သူ NLD ဗဟိုအလုပ်အမှု‌ဆောင်‌ကော်မတီဝင် နန်းခင်‌ထွေးမြင့်က “‌ဒေါ်‌အောင်ဆန်းစုကြည်က ‌လေးပွင့် ဆိုင် ကျမ‌တောင်းရတဲ့အချက်ကလည်း တိုင်းရင်းသားကိုယ်စားလှယ်‌တွေထဲမှာ တိုင်းရင်းသားကို သတ်သတ်မှတ်မှတ် မ‌ပေးနိုင် ‌သေးတဲ့အချိန်မှာ ထည့်သွင်းလိုက်လို့ရှိရင် ရှုတ်လာမယ်‌ပေါ့။ အခု ‌ဒေါက်တာ‌အေး‌မောင်ကို ‌ရွေးသလိုမျိုး‌ပေါ့‌နော်။ အဲ့လိုမျိုး ဖြစ် လာမှာစိုးလို့ ‌လေးပွင့်ဆိုင်အရင် ‌တွေ့ဖို့‌တောင်းလိုက်တာပါ။ မြန်မာပြည်မှာ တိုင်းရင်းသားအ‌ရေးက ချန်ခဲ့စရာမှ မဟုတ်တာလို့ UNAကို ရှင်းပြခဲ့တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် UNA အဖွဲ့ဝင်များသည် စစ်အစိုးရ လက်ထက်တွင် ဖွဲ့စည်းခဲ့သည့် ပြည်သူ့လွှတ်‌တော်ကိုယ်စားပြု ‌ကော်မတီ(CRPP) အဖွဲ့ဝင်များဖြစ်ပြီး ယခင်ကတည်းက NLD နှင့် မဟာမိတ်အဖြစ် ရပ်တည်ခဲ့သူများဖြစ်‌ကြောင်း၊ စစ်အစိုးရလက်ထက် သုံးပွင့် ဆိုင်‌တွေ့ဆုံ‌ရေး‌တောင်းဆိုခဲ့စဉ် ‌ဆွေး‌နွေးပွဲဖြစ်‌ရေးအတွက် ‌ဒေါ်‌အောင်ဆန်းစုကြည်နှင့် စစ်အစိုးရ နှစ်ပွင့်ဆိုင် အရင်‌တွေ့ရန် ‌နောက်ဆုတ်‌ပေးခဲ့ဖူးသလို ယခု ‌လေးပွင့်ဆိုင်‌တွေ့ဆုံရန် ‌တောင်းဆိုမှုကို လက်ခံသည်ဟု UNA အဖွဲ့ဝင်များက ပြန်လည် ‌ဆွေး ‌နွေးခဲ့‌ကြောင်း နန်းခင်‌ထွေးမြင့်က ဆက်‌ပြောသည်။

နံနက် ၁ဝနာရီမှစ၍ နှစ်နာရီနီးပါးကြာမြင့်သည့် ယင်း‌တွေ့ဆုံပွဲတွင် UNA အတွင်း‌ရေးမှူးအဖွဲ့ဝင်များဖြစ်ကြသည့် စိုင်းညွှန့်လွင်၊ မန်း‌ကျော်ငြိမ်း စသည်တို့ ဦး‌ဆောင်သည့် အဖွဲ့ဝင် ၅ဦးတက်‌ရောက်ခဲ့ပြီး NLD ဘက်မှ တိုင်းရင်းသားအဖွဲ့အစည်းများနှင့် ဆက် ဆံ‌ရေး‌ကော်မတီ ဥက္ကဌ ‌ဒေါ်‌အောင်ဆန်းစုကြည်နှင့် ဖွဲ့ဝင်များ တက်‌ရောက်ခဲ့ကာ ‌ခေါင်းစဉ်သုံးခုကို အဓိကထား ‌ဆွေး‌နွေးခဲ့သည် ဟု သိရသည်။

‌ဆွေး‌နွေးပွဲတက်‌ရောက်သည့် မန်း‌ကျော်ငြိမ်းက “UNA နဲ့ NLD ပူး‌ပေါင်းလုပ်‌ဆေင်နိုင်မဲ့ အပိုင်း‌လေး‌တွေကို ‌ခေါင်းစဉ်သုံးခုနဲ့ ‌ဆွေး‌နွေးတယ်။ ပထမတစ်ခုက ‌တွေ့ဆုံ‌ဆွေး‌နွေး‌ရေးမှာ တကယ့်ကို စစ်မှန်တဲ့ အ‌ခြေအ‌နေဖြစ်‌ရေး၊ ‌နောက် ဖွဲ့စည်းပုံ ပြင်ဆင် ‌ရေးကိစ္စရယ်၊ ၂၀၁၅ ‌ရွေး‌ကောက်ပွဲ မှန်မှန်ကန်ကန်နဲ့ဖြစ်ဖို့‌ပေါ့‌လေ။ အဲ့အချက်‌တွေ‌ပေါ်မှာ သ‌ဘောထားတင်ပြတယ်။ အခုလို ‌တွေ့ရ‌တော့ တစ်‌ယောက်နဲ့တစ်‌ယောက် အ‌ခြေအ‌နေ‌လေး‌တွေ သိရ‌တော့ ‌ကောင်းပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

NLD တို်င်းရင်းသားအဖွဲ့အစည်းများနှင့် ဆက်ဆံ‌ရေး‌ကော်မတီအ‌နေဖြင့် ယခုကဲ့သို့ UNA နှင့် ‌တွေ့ဆုံခြင်းမှာ ပထမဦးဆုံးအကြိမ် ဖြစ်သလို ‌ရှေ့ဆက် နှစ်ဖက် လက်တွဲလုပ်‌ဆောင်မည့်အပိုင်း ‌ဆွေး‌နွေးခဲ့မှုများကို သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးထံသို့ ပြန် လည် တင်ပြသွားရန်ရှိသည်ဟု နှစ်ဖက်တာဝန်ရှိသူများက ‌ပြောသည်။