Home ကဗျာ လူ‌လေးရဲ့ ‌တော်လှန်‌ရေး

လူ‌လေးရဲ့ ‌တော်လှန်‌ရေး

2345

(လကင်္ာဒီပ)

‌မောပမ်း ဆာ‌လောင်မှု
ထုဆစ်ပြုပြင်ရမဲ့အချိန်‌တွေရှိမယ်‌လေ
‌ဝေဒနာ‌တွေ အများသား
စွန့်စားတဲ့‌ပေးဆပ်ခြင်း
ပူ‌လောင်ခြင်း ဆင်းရဲခြင်းများစွာ
အနစ်နာခံခြင်း‌တွေရှိမယ်
တကယ်ဆို ဒီလို‌နေရာ ဒီလိုအရပ်
သာမန်သတိ္တ‌လေးနဲ့
မလာခဲ့ပါနဲ့ လူ‌လေး‌ရေ။

ဆန္ဒနဲ့‌မျှော်ကိုးခြင်းက
အတ္တမဲ့သ‌ဘောတရား
လူသားအားလုံး တန်းတူ‌ရေး
သူ့‌သွေး သူ့မဏ္ဍိုင်
ကိုယ်ပိုင်ပြဌာန်းခွင့်ရှိမှသာ
သာယာတဲ့ ငြိမ်းချမ်း‌ရေး
မ‌နှေးအမြန် တည်‌ဆောက်နိုင်ပါလိမ့်
စိတ်ချတဲ့လုံခြုံ‌ရေးက ရှိဖို့လိုတယ်။

အသက် ‌သွေး ‌ချွေး စ‌တေးရဲကြ
တစ်ဘဝလုံးကို‌တောင်
‌နှောင်ကြိုးမဲ့ ထိုး‌ကျွေးရဲကြပြီ
ဒီအရပ် ဒီတစ်ခွင်
ထင်ထင်ရှားရှား မထင်မရှားသူ
လူသိသူသိ လူမသိသူမသိ
ပကတိ ‌စေတနာအမှန်နဲ့
‌တော်လှန်ခဲ့တဲ့ အာဇာနည်ကြီး‌တွေ ရှိခဲ့ကြတယ်။

ဒီလိုအလုပ်မျိုး ဘယ်သူလုပ်မှာလဲ
ဆင်းရဲခြင်း‌တွေနဲ့
ဘဝရဲ့အချိန်အခါ‌တွေကို
ငြိုငြင်ခါးတူးတဲ့ သံသရာအလယ်
ဘယ်သူမှ အဆုံးမသတ်ချင်ဘူး လူ‌လေး‌ရေ။

သတ္တဝါခြင်းတူ‌သော်လည်းအမှန်
တိရိစ္ဆာန်‌တွေစိတ်ထား
လူသား‌တွေကပိုသလို
ထိုထိုလူသား အချင်းချင်းမှာ‌တောင်
ဟန်မ‌ဆောင်တဲ့လူမှန်
စစ်မှန်‌ပေးဆပ်တဲ့ မြင့်မြတ်သူ‌တွေကသာတယ်
ကဲ…ဘယ်လမ်းကို‌ရွေးမလဲ လူ‌လေး။

အပင်ပမ်းခံရင်
တစ်ပင်နန်း‌တော့ စံရလိမ့်မယ်
ရည်ရွယ်ရာလမ်းက မပြီး‌သေး
အတွင်း‌ရေးကလည်း ရှုတ်သ‌လေ
အထုပ်‌တွေ ဖြည်ချပြရ‌သေး
တိုင်း‌ရေးကလည်း ခပ်ညစ်ညစ်
နွံနစ်တဲ့ နင်းပြား‌တွေ ကယ်တင်ဖို့
ပျိုတို့‌မောင်တစ်‌တွေ‌ရေ
တွဲလက်‌တွေ ခိုင်မြဲချိတ်ဆက် ချီတက်ကြမယ်‌ဟေ့။

ဇန်နဝါရီ ၁၈ ၂၀၁၅