Home သတင်း ကရင့်ပညာ‌ရေးဌာန၏ ‌တော‌နောအထက်တန်း‌ကျောင်းတွင် ကွန်ပြူတာသင်တန်း စတင်ဖွင့်လှစ်

ကရင့်ပညာ‌ရေးဌာန၏ ‌တော‌နောအထက်တန်း‌ကျောင်းတွင် ကွန်ပြူတာသင်တန်း စတင်ဖွင့်လှစ်

2174

ဇန်နဝါရီ ၁၅ ရက်၊ ၂၀၁၅ ခုနှစ်။ စဖန်း‌ရှောင်း

ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ) လက်‌အောက်ခံ ကရင့်ပညာ‌ရေးဌာ(KED)နှင့် ‌ဒေါနအ‌ရှေ့ခြမ်း ကရင်လူထုအ‌ခြေပြုကွန်ရက်တို့ လမ်းညွှန်မှုဖြင့် (၃)လကြာမြှင့်မည့် ကွန်ပြူတာသင်တန်းတစ်ခုကို ကရင် ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ KED အထက်တန်း‌ကျောင်း ‌တော‌နောအထက်တန်း‌ကျောင်းတွင် ဇန်နဝါရီ ၁၄ရက်‌နေ့က စတင်ဖွင့်လှစ်ခဲ့သည်။

သင်တန်းဖွင့်လှစ်ရခြင်းအ‌ပေါ် ကရင်လူထုအ‌ခြေပြုကွန်ရက်မှ ပ‌ရောဂျက်မန်‌နေဂျာဖြစ်သူ ‌နော်စန္ဒာဝိုင်းက “ကျမတို့က က‌လေး‌တွေ ‌ကျောင်းပြီးတာနဲ့ စာတင်မကပဲ ‌ခေတ်အ‌ခြေအ‌နေအရ အတတ်ပညာပိုင်းဆိုင်ရာမှာ အခွင့် အလမ်း‌တွေ ရသွား‌အောင် ဖန်တီး‌ပေးချင်တာရယ်၊ နိုင်ငံတကာက သတင်းအချက်အလက်‌တွေကို ပိုမိုကြားသိ ခွင့်ရ‌အောင်ရယ်ဆိုပြီး ဒီသင်တန်းကို ဖွင့်လှစ်ခြင်းဖြစ်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

သင်တန်းဖွင့်လှစ်နိုင်ရန်အတွက် ကရင့်ပညာ‌ရေးဌာနှင့် ‌ဒေါနအ‌ရှေ့ခြမ်းကရင်လူထုအ‌ခြေပြုကွန်ရက်တို့အပြင် ‌ကျောင်း‌ကော်မတီနှင့် ‌ကျေးရွာလူထုများက ဝိုင်းဝန်းပံ့ပိုးအ‌ကောင်အထည်‌ဖော်ခြင်းဖြစ်ပြီး သင်တန်းနည်းပြ ဆရာ‌စောမြဝင်းနှင့် အ‌မေရိကန်နိုင်ငံသား မစ္စတာရိုင်ယယ်တို့မှ ကွန်ပြူတာ အလုံး‌ရေ ၂ဝ ဖြင့် ကွန်ပျူတာ ဆိုင်ရာ အ‌ခြေခံအတတ်ပညာတို့ကို သင်တန်းသား၊ သင်တန်းသူ ၄ဝ အား စတင်သင်ကြား‌ပေးသွားမည်ဖြစ် သည်ဟု သိရသည်။

ကွန်ပြူတာသင်တန်း နည်းပြဆရာ ‌စောမြဝင်းက “ဒီကက‌လေး‌တွေအ‌နေနဲ့ ၈ တန်း‌ရောက်တဲ့အထိ ကွန်ပြုတာကို တစ်ခါမှ ထိ‌တွေ့ကိုင်တွယ်ဖူးခြင်း မရှိပါဘူး။ အခုလိုဖွင့်နိုင်‌တော့ ကျ‌နော့်အမြင် အကျိုး အများကြီးရှိတယ်လို့ ‌ပြောချင်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းအပြင် သင်တန်းတက်‌ရောက်မည့်သူများကို ‌ရွေးချယ်ရာတွင် အထက်တန်း‌ကျောင်းတွင် တက်‌ရောက်‌နေ သည့် အတန်းကြီးသူများထဲမှ အမှန်တကယ် စိတ်ပါဝင်စားသည့်သူများကိုသာ ‌ရွေးချယ်ပြီး မည်သူမဆို အကန့် အသတ်မရှိ တက်‌ရောက်နိုင်‌ရေးအတွက် ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်သည်ဟု ‌နော်စန္ဒာဝိုင်းက ဆိုသည်။

ကရင့်ပညာ‌ရေးဌာ ‌တော‌နောအထက်တန်း‌ကျောင်းကို ‌ကေအဲန်ယူနှင့် ဒီမိုက‌ရေစီအကျိုးပြု ကရင်တပ်မ‌တော် (ဒီ‌ကေဘီ‌အေ)တို့၏ ထိုင်း-မြန်မာနယ်စပ် အ‌ခြေစိုက် ‌ရွှေ့‌ပြောင်း‌ကျောင်းများကို ကူညီ‌ပေး‌နေသည့် အဖွဲ့အစည်းတစ်ခု ဖြစ်သည့် Global Neighbors တို့အပါအဝင် ‌ဒေသခံ‌ကျေးရွာလူထုများ၏ အဓိက ကူညီပံ့ပိုးမှုဖြင့် အပစ် အခတ်ရပ်စဲ‌ရေး‌နောက်ပိုင်းမှသာ စနစ်တကျပြန်လည်ဖွင့်လှစ်နိုင်သည့်‌ကျောင်းဖြစ်‌ကြောင်း သိရသည်။

‌တော‌နော အထက်တန်း‌ကျောင်းသည် ကရင့်ပညာ‌ရေးဌာ(KED)၏ သင်ရိုးညွန်းတမ်းအတိုင်း မူလတန်းမှ အထက်တန်းအထိရှိပြီး ‌ကျောင်းဆရာ၊ ဆရာမ (၁၁)ဦးဖြင့် ‌ကျောင်းသား ‌ကျောင်းသူ‌ပေါင်း (၁၇၈) ဦးကို သင်ကြား‌ပေး‌နေ‌ကြောင်း KED ၏ စာရင်းအရ သိရသည်။