Home သတင်း လူထုများ ‌တောင်းဆိုချက်အရ KNU ‌မြေယာ‌ဖြေရှင်း‌ရေး‌ကော်မတီဖွဲ့စည်း

လူထုများ ‌တောင်းဆိုချက်အရ KNU ‌မြေယာ‌ဖြေရှင်း‌ရေး‌ကော်မတီဖွဲ့စည်း

1932

နိုဝင်ဘာ ၅ရက်၊၂၀၁၄ခုနှစ်။ နန်း‌ဝေဖြိုးဇာ

ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ)ထိန်းချုပ်နယ်‌မြေအတွင်း ဖြစ်‌ပေါ်‌နေ‌သော ‌မြေယာပြဿနာများကို ‌ဖြေရှင်း‌ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ‌ကေအဲန်ယူမှ ‌မြေယာ‌ဖြေရှင်း‌ရေး ‌ကော်မတီတစ်ရပ်ကို ဖွဲ့စည်းလိုက် သည်။

ကရင်ပြည်နယ် လှိုင်းဘွဲမြို့ ‌ကေအဲန်ယူ ဖားအံခရိုင် ‌လေးဝါး စခန်းတွင် ‌အောက်တိုဘာလ ၂၃ရက်‌နေ့မှ ၂၉ ရက်‌နေ့အထိ ကျင်းပ‌သော တတိယအကြိမ်‌မြောက် ‌ကေအဲန်ယူ အမြဲတမ်း ဗဟို‌ကော်မတီအ‌ရေး‌ပေါ် အစည်း အ‌ဝေးတွင် ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်ဟု ‌ကေအဲန်ယူ တွဲဘက်အတွင်း‌ရေးမှူး(၂) ပဒိုမန်းမန်းမန်းက ‌ပြောသည်။

“အစည်းအ‌ဝေးမှာ ‌မြေယာသိမ်းဆည်းမှုပြဿနာနဲ့ပတ်သက်ပြီး တင်ပြလာတာရှိတယ်။ ဒါကို အ‌ရေးယူ‌ဖြေရှင်းဖို့ ခရိုင်တိုင်း၊ ‌ဒေသတိုင်းမှာရှိတဲ့အ‌ပေါ်မှာ ‌ကေအဲန်ယူ ‌မြေယာဥပ‌ဒေနဲ့ အညီ အ‌ရေးယူ‌ဆောင်ရွက်နိုင်ဖို့ ဒီ‌ကော်မတီကို စုဖွဲ့လိုက်ခြင်းဖြစ်တယ်”ဟု ပဒိုမန်းမန်းမန်းက ‌ကေအိုင်စီကသို့ ‌ပြောသည်။

ယခု ဖွဲ့စည်းလိုက်သည့် ‌မြေယာ‌ဖြေရှင်း‌ရေး‌ကော်မတီတွင် ‌ကော်မတီဥက္ကဌအဖြစ် ပဒိုမန်းမန်းမန်း၊ အတွင်း‌ရေး မှူးအဖြစ် လယ်ယာနှင့် စိုက်ပျိုး‌ရေးဗဟိုဌာနမှူး ပဒို ‌စော‌ဒေါ့‌လေးမူ အပါအဝင် အဖွဲ့ဝင်အားလုံး စုစု‌ပေါင်း ၆ဦး ပါဝင်သည်ဟု သိရသည်။

ထို့အပြင် ‌ကေအဲန်ယူထိန်းချုပ်နယ်‌မြေ ကရင်ပြည်နယ်နှင့် အခြားကရင်‌နေထိုင်ရာ‌ဒေသများအတွင်း ဖြစ်‌ပေါ်‌နေ ‌သော ‌မြေယာသိမ်းဆည်းမှု ပြဿနာများကို ‌ကေအဲန်ယူ၏ ‌မြေယာဥပ‌ဒေနှင့်အညီ ‌ဖြေရှင်းသွားမည်ဖြစ်သလို အစိုးရနှင့် ဆက်စပ်သည့် ‌နေရာများတွင် အစိုးရနှင့်အတူ ‌ဖြေရှင်းသွားမည်ဟု ‌ကေအဲန်ယူက ဆိုသည်။

လယ်ယာ‌မြေပြဿနာများကို လိုက်လံ‌ဆောင်ရွက်‌ပေး‌နေသည့် ဖလုံ-စ‌ဝေါ်ဒီမိုကရက်တစ်ပါတီ(PSDP)၏ ပြည်သူ့လွတ်‌တော်အမတ် နန်း‌စေအွာက “အခုလို ‌ကော်မတီဖွဲ့တာ ကြိုဆိုတယ်။ လိုအပ်ရင် ကျမတို့လည်း ဝိုင်းဝန်းကူညီမယ်။ ကျမတို့ လူထုဆီမှာ စစ်တပ်‌တွေ သိမ်းဆည်းထားတဲ့ ‌မြေယာ‌တွေ အများဆုံးပဲ။ အဲဒီ မတရားသိမ်းထားတဲ့ ‌မြေယာကို ပြန်ရဖို့ လွတ်‌တော်မှာ ကျမတို့ အကြိမ်ကြိမ် ကြိုးစားပြီး တင်ပြခဲ့‌ပေမယ့် အခုထိ မ‌အောင်မြင်‌သေးဘူး”ဟု ‌ကေအိုင်စီသို့‌ပြောသည်။

‌မြေယာသိမ်းဆည်းမှုပြဿနာများဖြစ်‌ပေါ်ရာတွင် တစ်ဦးချင်းပိုင်ဆိုင်မှု အငြင်းပွားမှုများရှိသလို ကုမ္ပဏီများ အစိုးရ စစ်တပ်နှင့် အခြား‌သော လက်နက်ကိုင်အဖွဲ့အစည်းများလည်း ‌မြေယာသိမ်းဆည်းခြင်း ပြုလုပ်မှုများ ဖြစ်‌ပေါ်ကာ ထိုအထဲတွင် ကုမ္ပဏီနှင့် အစိုးရစစ်တပ်များ၏ သိမ်းဆည်းသည့်‌မြေယာအများဆုံးဖြစ်‌ကြောင်း အစည်းအ‌ဝေး တက်‌ရောက်လာသူများက တင်ပြခဲ့ကြသည်ဟု ပဒို မန်းမန်းမန်းက ‌ပြောသည်။

လက်ရှိ ကရင်ပြည်နယ်၊ ဖားအံမြို့နယ်နှင့် ‌ကော့ကရိတ်မြို့နယ်ထဲမှာပင် အစိုးရစစ်တပ်နှင့် ကုမ္ပဏီများ၏ ‌မြေယာသိမ်းဆည်းမှုများကို ‌ဖြေရှင်း‌ပေးရန် ‌တောင်းဆိုသည့်အ‌နေဖြင့် ယခုနှစ်၊ ဩဂုတ် ၂၅ရက်‌နေ့က ဖားအံမြို့နယ်အတွင်းရှိ လယ်သမား ၁၀ဝ ‌ကျော် ပါဝင်‌သော ဆန္ဒပြမှုတစ်ရပ် ဖြစ်‌ပေါ်ခဲ့‌သေးသည်။