Home သတင်း ၂၀၁၅ ‌ရွေး‌ကောက်ပွဲတွင် ကရင်‌ရေးရာဝန်ကြီး ၅ ‌နေရာ အဓိကထား ဝင်ပြိုင်မည်ဟု KPP ‌ပြောဆို

၂၀၁၅ ‌ရွေး‌ကောက်ပွဲတွင် ကရင်‌ရေးရာဝန်ကြီး ၅ ‌နေရာ အဓိကထား ဝင်ပြိုင်မည်ဟု KPP ‌ပြောဆို

1496

KPP ပါတီ ‌ခေါင်း‌ဆောင်များ

နိုဝင်ဘာ ၄ရက်၊ ၂၀၁၄ ခုနှစ်။ ‌စောထွန်းလင်း

လာမည့် ၂၀၁၅ ‌ရွေး‌ကောက်ပွဲတွင် ကရင်ပြည်သူ့ပါတီ(KPP) အ‌နေဖြင့် ကရင်တိုင်းရင်းသား‌ရေးရာဝန်ကြီး ၅ ‌နေရာကို အဓိကထား ဝင်ပြိုင်သွားမည်ဖြစ်‌ကြောင်း ပါတီ‌ပြော‌ရေးဆိုခွင့်ရှိသူ ဒုတိယဥက္ကဌ ‌စော‌စေးဝါးက ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းက “၂၀၁၅ ‌ရွေး‌ကောက်ပွဲမှာ ကရင်တိုင်းရင်းသား‌ရေးရာဝန်ကြီး ၅ ‌နေရာစလုံးကို ဝင်ပြိုင်မယ်။ ဒုတိယ အ‌နေနဲ ့ကျန်လွှတ်‌တော်‌တွေအတွက် ဧရာဝတီတိုင်း‌ဒေသကြီးကို အားစိုက်လုပ်မယ်။ ‌လော‌လောဆယ် ကိုယ်စားလှယ်‌လောင်း‌တွေကို‌တော့ မ‌ရွေးရ‌သေးဘူး၊ လူထုကို‌ပြောချင်တာက‌တော့ ကရင်အမျိုးသားထုကို အမှန်တကယ် ဦး‌ဆောင်နိုင်မယ့် အဖွဲ့အစည်းကို ‌သေချာ‌ရွေးပြီး ‌ပေးကြပါလို ့‌ပြောချင်တယ်”ဟု ‌ပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေအရ နိုင်ငံလူဦး‌ရေး စုစု‌ပေါင်း၏ သုညဒသမ တစ်ရာခိုင်နှုန်းနှင့်အထက် ‌နေထိုင် သည့် ပြည်နယ်နှင့် တိုင်း‌ဒေသကြီးတို့၌ သက်ဆိုင်ရာ တိုင်းရင်းသား‌ရေးရာဝန်ကြီး တစ်ဦး‌ရွေး‌ကောက်တင် ‌မြှောက်ခွင့်ရှိခြင်း‌ကြောင့် ရန်ကုန်တိုင်း‌ဒေသကြီး၊ ဧရာဝတီတိုင်း‌ဒေသကြီး၊ ပဲခူးတိုင်း‌ဒေသကြီ၊ တနသာင်္ရီတိုင်း ‌ဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် ကရင်တိုင်းရင်းသား‌ရေးရာဝန်ကြီးများ ‌ရွေး‌ကောက်တင်‌မြောက်ခွင့် ရရှိထား ကာ ယင်း‌နေရာအားလုံးကို KPP က ဝင်ပြိုင်ရန်စီစဉ်ထားခြင်းဖြစ်သည်။

လက်ရှိ KPP အ‌နေဖြင့် ၂၀၁၅ ‌ရွေး‌ကော်ပွဲ‌အောင်နိုင်‌ရေး‌ကော်မတီကို ပါတီဥက္ကဌ ဦး‌ဆောင်ကာ ယခုနှစ် ‌အောက်တိုဘာလအတွင်းက ဖွဲ့စည်းထားပြီးဖြစ်သလို ကရင်လူထုများကို အဓိကထား စည်းရုံးထား‌ကြောင်း၊ အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်(NLD)နှင့် ပြည်‌ထောင်စုကြံံ့ခိုင်‌ရေးနှင့်ဖွံ့ဖြိုး‌ရေးပါတီ(USDP)တို့သည် KPP ၏ အဓိက ပြိုင်ဘက်များ ဖြစ်လာနိုင်‌ကြောင်း ‌စော‌စေးဝါးက ဆက်‌ပြောသည်။

လာမည့် ‌ရွေး‌ကောက်ပွဲတွင် အခြားပါတီများထက် ကရင်ပါတီများကိုသာ အား‌ပေး‌ထောက်ခံသွားမည်ဖြစ်ပြီး KPP သည် ကရင်လူထုအတွက် ယခုထက် ပိုမိုလုပ်‌ဆောင်‌ပေး‌စေလို‌ကြောင်း အင်းစိန်မြို့နယ်၊ ‌တောင်သူကုန်း ရပ်ကွက်တွင် ‌နေထိုင်သည့် ‌နော်ဝါးဆဲကလည်း ‌ကေအိုင်စီသို့ ယခုလို ‌ပြောဆိုသည်။

“KPP ကို အား‌ပေးပါတယ်။ ဒါ‌ပေမယ့် အမျိုးသား‌ရေး‌ပေါ့။ ဥပမာ-ကရင်စာ‌ပေသင်ကြား‌ရေးကိစ္စ‌တွေမှာ ဒီထက် အားစိုက်လုပ်‌ပေး‌စေချင်တယ်။ တချို့‌နေရာ‌တွေမှာ ပါတီဆိုင်းဘုတ်သာရှိပြီး လှုပ်ရှားမှု မ‌တွေ့ရဘူး။ လူထုဆန္ဒ အတိုင်း ဒီထက် ပိုအားစိုက်လှုပ်ရှားပါ။ အား‌ပေး‌ထောက်ခံသွားမယ်လို့ ‌ပြောချင်တယ်”ဟု သူမက ‌ပြောသည်။

ထို့အပြင်၂၀၁၅ ‌ရွေး‌ကောက်ပွဲအတွက် ကရင်ပြည်နယ် အ‌ခြေစိုက် ကရင်ဒီမိုကရက်တစ်ပါတီ(KDP)၊ ကရင် ပြည်နယ်ဒီမိုက‌ရေစီနှင့် ဖွံ့ဖြိုးတိုးတက်‌ရေးပါတီ(KSDDP)တို့နှင့် လက်တွဲကာ အပြန်အလှန်ကူညီ လုပ်‌ဆောင် သွားရန် နာလည်မှုရယူထားပြီးဖြစ်‌ကြောင်း KPP တာဝန်ရှိသူများထံမှ သိရသည်။

ပြီးခဲ့သည့် ၂၀၁ဝ ‌ရွေး‌ကောက်ပွဲတွင် KPP သည် ကရင်တိုင်းရင်းသား‌ရေးရာဝန်ကြီး ငါး‌နေရာအပါအဝင် မဲဆန္ဒနယ် ၄၂ ‌နေရာကို ဝင်‌ရောက်ယှဉ်ပြိုင်ခဲ့ပြီး တိုင်းရင်းသား‌ရေးရာဝန်ကြီး ၂ ‌နေရာအပါအဝင် စုစု‌ပေါင်း လွှတ်‌တော်ကိုယ်စားလှယ် ၆ ဦး အနိုင်ရရှိခဲ့သည်။