Home သတင်း တိုင်းရင်းသားစာ‌ပေသင်ကြား‌ရေး တိုင်းအဆင့်စီမံချက် ပဲခူးတိုင်း‌ဒေသကြီး အစိုးရအဖွဲ့ စတင်‌ရေးဆွဲ

တိုင်းရင်းသားစာ‌ပေသင်ကြား‌ရေး တိုင်းအဆင့်စီမံချက် ပဲခူးတိုင်း‌ဒေသကြီး အစိုးရအဖွဲ့ စတင်‌ရေးဆွဲ

2203

နိုဝင်ဘာ ၃ရက်၊ ၂၀၁၄ ခုနှစ်။ ‌စောထွန်းလင်း

ပဲခူးတိုင်း‌ဒေသကြီးအတွင်း တိုင်းရင်းသားစာ‌ပေသင်ကြား‌ရေး တိုင်းအဆင့် လုပ်ငန်းစီမံချက် မူကြမ်းတစ်‌စောင် ကို တိုင်း‌ဒေသကြီးအစိုးရက ‌အောက်တိုဘာ ၂၈ရက်‌နေ့တွင် စတင်‌ရေးဆွဲ‌နေပြီဖြစ်‌ကြောင်း ပဲခူးတိုင်း‌ဒေသကြီး အစိုးရအဖွဲ့ဝင် ကရင်တိုင်းရင်းသား ‌ရေးရာဝန်ကြီး ‌စောဂျူပလီစံလှက ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းက “အခုစီမံချက် ‌ရေးဆွဲရတာက‌တော့ ပြည်‌ထောင်စု အစိုးရအဖွဲ့ရုံးက ‌တောင်းလို့ ‌ရေးဆွဲရတာ ဖြစ်တယ်။ ကရင်စာသင်ကြား‌ရေးအပြင် တိုင်း‌ဒေသကြီးအတွင်းမှာရှိတဲ့ မွန်၊ ပအိုဝ့် စတဲ့တိုင်းရင်းသား စာ‌ပေသင်ကြား‌ရေး အ‌ခြေအ‌နေ‌တွေကိုပါ ထည့်သွင်း‌ရေးဆွဲသွားမှာ ဖြစ်တယ်”ဟု ‌ပြောဆိုသည်။

တိုင်းရင်းသားစာ‌ပေ သင်ကြား‌ရေးတွင် လိုအပ်ချက်များကို ပံ့ပိုး‌ပေးနိုင်‌ရေးအတွက် ပြည်‌ထောင်စု အစိုးရအဖွဲ့ရုံး မှ တိုင်း‌ဒေသကြီးနှင့် ပြည်နယ်အလိုက် တိုင်းရင်းသားစာ‌ပေသင်ကြား‌ရေး စီမံချက်များ ‌ရေးဆွဲ‌ပေးရန် ညွန်ကြား လာသည်နှင့်အမျှ ပဲခူးတိုင်း‌ဒေသကြီးအတွင်း သင်ကြား‌ရေးလုပ်ငန်းစီမံချက်မူကြမ်း ‌ရေးဆွဲ‌နေ‌ကြောင်း သိရသည်။

ယင်းစီမံချက်မူကြမ်းထဲတွင် လက်ရှိကြုံ‌တွေ့‌နေရသည့် အခက်အခဲများကို ပြည့်ပြည့်စုံစုံ ထည့်သွင်း‌ရေးဆွဲ သွားမည်ဖြစ်‌ကြောင်း စီမံချက်မူကြမ်း‌ရေးဆွဲ‌ရေးအဖွဲ့ဝင် ‌ညောင်‌လေးပင်မြို့နယ်၊ အမှတ်(၁) မဲဆန္ဒနယ်မှ တိုင်း‌ဒေသကြီးလွှတ်‌တော်ကိုယ်စားလှယ် ‌စောလင်း‌အောင်က ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

“တိုင်းရင်းသားဘာသာစကား သင်ကြား‌ရေးမှာ လိုအပ်ချက်‌တွေ အများကြီးရှိတာ‌ပေါ့‌နော်။ တိတိကျကျသိ ‌အောင် လုပ်ငန်းစီမံချက်မူကြမ်းထဲမှာ ထည့်‌ရေးမယ်။ ဥပမာ စာအုပ်အချိန်မှီ မရတဲ့အခက်အခဲ၊ သင်‌ပေးတဲ့ ဆရာ၊ ဆရာမ‌တွေ ပိုက်ဆံ‌တွေ အချိန်မှီ မရတဲ့ အခက်အခဲ၊ ဆရာဆရာမ ရှာ‌ဖွေခန့်ထား‌ရေး အခက်အခဲ၊ ဆရာ ဆရာမ‌တွေကို မွန်းမံသင်တန်းပို့ ချ‌ပေးဖို့ စရိတ်‌တွေကို ‌ရေးတင်မယ်”ဟု ‌စောလင်း‌အောင်က ဆက်‌ပြောသည်။

လက်ရှိပဲခူးတိုင်း‌ဒေသကြီး၌ ကရင်၊ ကရင်နီ(ကယား)၊ မွန်၊ ပအိုဝ့် စသည့်တိုင်းရင်းသားများက မိမိတို့လက်လှမ်း မှီသမျှ တိုင်းရင်းစာ‌ပေကို တနိုင်တပိုင် အစိုးရ‌ကျောင်းများတွင် သင်ကြား‌ပေးလျှက်ရှိကာ ချင်းတိုင်းရင်း စာ‌ပေကိုမူ နှစ်မျိုးဖြစ်‌နေသည့်အတွက် အတည်ပြုသင်ကြား‌ပေးနိုင်ခြင်းမရှိ‌သေး‌ကြောင်း သိရသည်။

ထိုသို့ သင်ကြား‌ပေးရာတွင်လည်း လူမှုအဖွဲ့အစည်းများပါဝင်လုပ်‌ဆောင်‌နေရသလို သင်ရိုးညွန်းတမ်းအချိန်မှီ လုံလုံ‌လောက်‌လောက်မရရှိခြင်း၊ သင်ကြားရန်ဆရာဆရာမ လိုအက်ချက်ရှိခြင်း၊ ပြင်ပဆရာများ ငှားရမ်း သင်ကြားရာတွင်လည်း တရားဝင်‌ထောက်ပံ့‌ငွေများပုံမှန် မရရှိခြင်း စသည့် အခက်အခဲများနှင့် ကြုံ‌တွေ့‌နေရ ‌ကြောင်း ‌ညောင်‌လေးပင်မြို့နယ် ကရင်စာ‌ပေသင်ကြား‌ရေး‌ကော်မတီထံမှ သိရသည်။

ယခု စတင်‌ရေးဆွဲသည့် ပဲခူးတိုင်း‌ဒေသကြီးရှိ တိုင်းရင်းသားစာ‌ပေသင်ကြား‌ရေး တိုင်းအဆင့် လုပ်ငန်းစီမံချက် မူကြမ်းကို နိုဝင်ဘာလအကုန်တွင် အပြီး‌ရေးဆွဲသွားရန် လျာထား‌သော်လည်း မွန်၊ ကရင်နီ၊ ပအိုဝ့် တိုင်းရင်း သား စာ‌ပေသင်ကြား‌ရေးအဖွဲ့များနှင့် ‌တွေ့ဆုံရန် ရှိ‌သေးသည့်အတွက် ထွက်ရှိလာသည့် ရလဒ်အ‌ပေါ် မူတည်သည်ဟု ယင်းမူကြမ်း‌ရေးဆွဲ‌နေသူများထံမှ သိရသည်။