Home သတင်း သံ‌တောင်ကြီးမြို့နယ် ‌တောင်သူများ ဖာလာထွက်နှုန်းနှင့် ‌ဈေးနှုန်း ကျဆင်းမှု ရင်ဆိုင်‌နေရ

သံ‌တောင်ကြီးမြို့နယ် ‌တောင်သူများ ဖာလာထွက်နှုန်းနှင့် ‌ဈေးနှုန်း ကျဆင်းမှု ရင်ဆိုင်‌နေရ

2696

နိုဝင်ဘာ ၄ ရက်၊ ၂၀၁၄ခုနှစ်။ ‌စောခါးစူးညား

ဖာလာထွက်ရှိရာ‌ဒေသဖြစ်‌သော ကရင်ပြည်နယ်၊ သံ‌တောင်ကြီးမြို့နယ်ရှိ ‌ဒေသခံဖာလာစိုက် ‌တောင်သူ များသည် ယခုနှစ် စက်တင်ဘာနှင့် ‌အောက်တိုဘာ ရာသီအတွင်း ဖာလာထွက်နှုန်း ထက်ဝက်ခန့်မျှ ကျဆင်းသလို ‌ဈေးနှုန်းကျဆင်းမှုနှင့်လည်း ရင်ဆိုင်‌နေရသည်ဟု သိရသည်။

လက်ရှိ သံ‌တောင်ကြီးမြို့နယ်အတွင်း ဖာလာ ပိဿာ ၅၀ဝ ထွက်ရှိ‌သောခြံတွင် ပိဿာ ၂၀ဝ ‌ကျော်သာ ထွက်ရှိ‌ကြောင်းနှင့် ယခင်နှစ် ဖာလာ တစ်ပိဿာလျှင် ‌ဈေးနှုန်း ကျပ်တစ်‌သောင်းမှ နှစ်‌သောင်းအထိ ရှိ‌သော်လည်း ယခုနှစ် ‌ဈေးနှုန်းမှာ ကျပ်ရှစ်‌ထောင်မှ တစ်‌သောင်းတစ်‌ထောင်အထိသာ ရှိ‌ကြောင်း သံ‌တောင်ကြီးမြို့ ‌ဒေသခံတစ်ဦးဖြစ်သူ ‌စောအယ်ကလူက ‌ကေအိုင်စီသို့ ‌ပြောသည်။

“ဒီနှစ်ရာသီမှာ‌တော့ တချို့ ကြိုတင်အ‌ကြွေးယူထားတဲ့ ‌တောင်သူ‌တွေ အတွက် ထိခိုက်တာ‌ပေါ့။ အထူးသဖြင့် စားဝတ်‌နေ‌ရေး ထိခိုက်တယ်။ အရင်နှစ်က ‌အောက်တိုဘာ၊ နိုဝင်ဘာလ‌လောက်ဆိုရင် ‌တောင်သူ‌တွေ ‌တော်‌တော်များ ဆိုင်ကယ်‌တွေ ဝယ်စီး‌နေကြပြီ။ ဒီနှစ်မှာ ဝယ်စီးတဲ့သူ မ‌တွေ့ရဘူး”ဟု ‌စောအယ်ကလူက ‌ပြောဆိုသည်။

သံ‌တောင်ကြီးမြို့နယ်၌ လိပ်ပြာကြီး၊ လိပ်ပြာက‌လေး၊ ဘွယ်ဘိုချီးနှင့် အခြားကျန်ရှိသည့် ‌ဒေသများတွင် ဖာလာဥယျာဉ်ခြံများ အများအပြားစိုက်ပျိုးလျှက်ရှိပြီး ယင်းခြံများအတွင်း ဒညှင်းနှင့် ‌ကော်ဖီများကိုလည်း ‌ရော‌နှောစိုက်ပျိုးကြသည်ဟု သိရသည်။

‌စောအယ်ကလူက “ကျ‌နော်တို့‌ဒေသမှာ‌တော့ ဖာလာဟာ အဓိက အသက်‌မွေးဝမ်း‌ကျောင်း တစ်ခုပဲ။ အခြား ဒညှင်းတို့၊ ‌ကော်ဖီတို့လည်း ထွက်ပါတယ်။ ဒါ‌ပေမယ့် ဖာလာ‌လောက် တွက်‌ခြေမကိုက်ဘူး။ ဒညှင်း ဆိုရင် တပုံးကို လက်ရှိ ‌ပေါက်‌ဈေး ခုနှစ်‌ထောင်ပဲ ရှိတယ်။ ‌နောက် သယ်ရ၊ ပြုရတာလည်း ‌လေးတယ်ဆို‌တော့ သိပ်အဆင်မ‌ပြေဘူး”ဟု လက်ဆက်‌ပြောဆိုသည်။

သံ‌တောင်ကြီး‌ဒေသခံ ဖာလာ‌တောင်သူများသည် နှစ်စဉ် ရာသီအလိုက် ထွက်ရှိ‌သော ဖာလာအ‌စေ့များကို ၂နာရီနီးပါး ကားဖြင့် သွားရသည့် ‌တောင်ငူမြို့ရှိ အဝယ်ဒိုင်များထံသို့ သွား‌ရောက်‌ရောင်းချကာ စားဝတ်‌နေ ‌ရေးအတွက် အသက်‌မွေးဝမ်း‌ကျောင်း ပြု‌နေကြရ‌ကြောင်း သံ‌တောင်ကြီးမြို့နယ်ခွဲ ‌ဒေသခံများက ဆိုသည်။

ဖာလာထွက်နှုန်းနှင့် ‌ဈေးနှုန်းကျဆင်းသွားသည့်အ‌ပေါ် သံ‌တောင်ကြီး ‌ဒေသခံတစ်ဦးဖြစ်သူ ‌နော်‌ဒေးလီယာ က “အရင်နှစ်လို ပြန်ရမယ်လို့ အများက ‌မျှော်လင့်ကြတယ်။ ဖာလာလုပ်ပြီး ဖာလာ‌ဈေးကျတာ သိသွား ‌တော့ ‌တော်‌တော်စိတ်ဓါတ်ကျသွားတာ‌ပေါ့။ အ‌ကြွေးတင် အကြွင်းကျန် အတိုးတတ်‌ပေါ့။ သားသမီးများတဲ့ သူဆိုရင် ပိုဒုက္ခ‌ရောက်တယ်။ ကုန်‌ဈေးနှုန်းနဲ့ ဖာလာရတဲ့ ‌ဈေးနဲ့ မကိုက်‌တော့ဘူး”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

မြန်မာနိုင်ငံရှိ ပဲခူးတိုင်း ‌တောင်ငူ‌ဒေသများနှင့် ကရင်ပြည်နယ် သံ‌တောင်၊ သံ‌တောင်ကြီး‌ဒေသများတွင် ထွက်ရှိ‌သော ဖာလာအ‌စေ့များကို အများအားဖြင့် တရုတ်နိုင်ငံသို့ တင်ပို့‌ရောင်းချကာ ‌ဆေး‌ဖော်စပ်ရာတွင် အသုံးပြုကြသည်ဟု သိရသည်။