Home သတင်း ၅၉နှစ်‌မြောက် ကရင်ပြည်နယ်‌နေ့ ဒုံးပြိုင်ပွဲတွင် ‌ကော့ကရိတ်မြို့နယ် ကိုယ်စားပြုဒုံးအဖွဲ့ ပထမဆုရရှိ

၅၉နှစ်‌မြောက် ကရင်ပြည်နယ်‌နေ့ ဒုံးပြိုင်ပွဲတွင် ‌ကော့ကရိတ်မြို့နယ် ကိုယ်စားပြုဒုံးအဖွဲ့ ပထမဆုရရှိ

2298

နိုဝင်ဘာ ၁၂ရက်၊ ၂၀၁၄ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ်၊ ဖားအံမြို့ရှိ ပြည်နယ်ကွင်း(သီရိကွင်း)တွင် ၅၉နှစ်‌မြောက် ပြည်နယ်‌နေ့ပွဲ‌တော်၌ နိုဝင်ဘာလ ၈ရက်‌နေ့မှစ၍ ကရင်ရိုးရာ ဒုံးအကပြိုင်ပွဲကို ကျင်းပခဲ့ရာ အဖွဲ့လိုက် ဘက်စုံယှဉ်ပြိုင်မှုတွင် ‌ကော့ကရိတ်မြို့နယ် ကိုယ်စားပြုဒုံးအဖွဲ့က ပထမဆု ဆွတ်ခူးရရှိခဲ့‌ကြောင်း ဒုံးပြိုင်ပွဲဖြစ်‌မြောက်‌ရေး‌ကော်မတီက ‌ပြောသည်။

“ဒီနှစ်လာပြိုင်တဲ့ ဒုံးအဖွဲ့‌တွေက အရင်နှစ်ကထက် နည်းလာတယ်။ ဒါကလည်း ဒုံးတဖွဲ့ထွက်ဖို့က ကုန်ကျစရိတ်‌တွေ များတာ ‌ကြောင့် သိပ်လာမပြိုင်နိုင်ကြဘူး။ ‌နောက်တခုက ပြည်နယ်အဆင့် ယှဉ်ပြိုင်ရတဲ့ပွဲမို့ သိပ်လည်းလာမပြိုင်ရဲတာလည်း ဖြစ်နိုင်ပါ တယ်။ ဒီနှစ်မှာ အဖွဲ့လိုက် ပထမဆုကို ‌ကော့ကရိတ်ဒုံးအဖွဲ့က ရရှိသွားပါတယ်”ဟု ဒုံးဖြစ်‌မြောက်‌ရေး ‌ကော်မတီအတွင်း‌ရေးမှူး ‌စောထားလုံက ဆိုသည်။

ယင်းပထမဆုအပြင် ဒုတိယဆုကို အိန္ဒု‌ကျေးရွာဒုံးအဖွဲ့၊ တတိယဆုကို တက္ကသိုလ်များ ဒုံးအဖွဲ့၊ စတုတ္တဆုကို ‌ကော့ပရံဘုန်း ‌တော်ကြီးပညာသင်‌ကျောင်း ဒုံးအဖွဲ့၊ ပဉ်စမဆုကို လှိုင်းဘွဲကိုယ်စားပြု ‌ကော်‌ပေါဒုံးအဖွဲ့နှင့် ကျန်ဒုံးအဖွဲ့များကို ဆု‌ပေးအပ်‌ရေး အဖွဲ့က နှစ်သိမ့်ဆုများ အသီးသီး‌ပေးအပ်ခဲ့ကြသည်။ အဆိုပါဒုံးအကပြိုင်ပွဲတွင် ၁၈နှစ်‌အောက် က‌လေးဒုံးအဖွဲ့ အပါအဝင် ပြိုင်ပွဲဝင် ဒုံး ၁၃ဖွဲ့နှင့် အခြား‌ဖျော်‌ဖြေ‌ရေးဒုံးအဖွဲ့များ စုစု‌ပေါင်းအဖွဲ့ ၂၀‌ကျော်က ပြည်နယ်‌နေ့ပွဲတွင် လာ‌ရောက်ကပြ‌ဖျော်‌ဖြေခဲ့ ကြသည်။

‌ကော့ကရိတ်ဒုံးအဖွဲ့နည်းပြဆရာ ‌စောရှားထူး‌ဝေါ်က “လာပြိုင်ဖို့ကို ကြိုးစားပြီးပြင်ဆင်ထားတာ ရှိတယ်‌ပေါ့‌နော်။ ဒီဆုရဖို့ ‌မျှော် မှန်းပြီး လာပြိုင်တာပဲ။ ‌ကော့ကရိတ်ဒုံးက ပထမဆုကို မရတာ ကြာပြီမို့ ဒီနှစ်ရတဲ့အ‌ပေါ် ဂုဏ်ယူဝမ်း‌မြောက်ရပြီး ‌ကျေနပ်အားရ မိပါတယ်။ ကရင်ဒုံးအကဟာ မြန်မာပြည်သာမကဘဲ ကမ္ဘာကပါ အသိအမှတ်ပြုပြီး‌တော့ အရမ်းကို နှစ်သက်သ‌ဘောကျတဲ့ ကရင့် ဒုံးအက ဖြစ်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ဒုံးပြိုင်ပွဲသို့ ကရင်ပြည်နယ်အတွင်းရှိ မြို့နယ်၊ ‌ကျေးရွာနှင့် ‌ကျောင်းသူ‌ကျောင်းသားအဖွဲ့များအလိုက် လာ‌ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဆု‌ကြေး‌ငွေအဖြစ် ပထမဆု ကျပ်‌ငွေ ၁ဝသိန်း၊ ဒုတိယဆု ကျပ်‌ငွေ ၇သိန်း၊ တတိယဆု ကျပ်‌ငွေ ၅သိန်းအပြင် ပဏာမ သီဆို ‌ဖျော်‌ဖြေမှုဆု၊ ‌တေးသီချင်းဆုနှင့် အကြိုးစားဆုံးဆု‌ကြေး‌ငွေများကိုလည်း ကရင်ပြည်နယ်အစိုးရက ‌ပေးအပ်ချီးမြှင့်ခဲ့‌ကြောင်း သိရသည်။

“မနှစ်က ပွဲလာမကြည့်ခဲ့ဘူး။ ဒီနှစ်က ဒုံးပြိုင်ပွဲကို ‌နောက်ဆုံး ဆု‌ပေးတဲ့ညမှာ ကပြပြီးတဲ့အဆုံးထိ ‌တောက်‌လျှောက်ကြည့်တယ်။ ကိုယ့်ကရင်ပြည်နယ်ပွဲလည်းဖြစ်တယ်၊ ကိုယ့်ကရင်ဒုံးအကလည်းဖြစ်တဲ့အတွက်‌ကြောင့်မို့ လာကြည့်ရတာ ‌ကျေနပ်တယ်။ ‌ပျော် လည်း ‌ပျော်တယ်”ဟု ဒုံးပြိုင်ပွဲလာ‌ရောက်ကြည့်ရှုသူ နန်း‌ဖော့အဲ့ရှူးက ‌ပြောသည်။

ယခုနှစ် ကရင်ပြည်နယ်‌နေ့တွင် အစိုးရဌာနဆိုင်ရာနှင့် အစိုးရမဟုတ်‌သောအဖွဲ့များ၏ ပြခန်းများအပြင် ကရင်ရိုးရာ ဒုံးအကပြိုင် ပွဲ၊ မြန်မာ့ရိုးရာလက်‌ဝှေ့ပြိုင်ပွဲ၊ သဘင်ရုပ်ရှင်ဂီတ အထူး‌ဖြေ‌ဖျော်ပွဲ၊ ကရင်‌ခေတ်‌ပေါ်တီးဝိုင်းအဖွဲ့နှင့် စတိတ်ရှိုးပွဲ၊ ဇာတ်ပွဲများ လည်း ပါဝင်ခဲ့ကြသည်။ အလားတူ ကုန်စည်ပြပွဲကိုလည်း ၎င်းပြည်နယ်‌နေ့ ပွဲ‌တော်ကျင်းပရာ ပြည်နယ်ကွင်း၌ပင် နိုဝင်ဘာလ ၇ရက်မှ ၁၂ရက်‌နေ့အထိ ကျင်းပပြုလုပ်ခဲ့သည်။