Home သတင်း ငြိမ်းချမ်း‌ရေး‌ကောင်စီတပ်သားနှင့် ‌ဒေသခံအချို့အား BGF ဝင်‌ရောက်ရိုက်နှက်ခဲ့

ငြိမ်းချမ်း‌ရေး‌ကောင်စီတပ်သားနှင့် ‌ဒေသခံအချို့အား BGF ဝင်‌ရောက်ရိုက်နှက်ခဲ့

3641

KNU/KNLA PC တပ်သာ ‌စောဝင်းသိန်း

‌အောက်တိုဘာ ၃ဝရက်၊ ၂၀၁၄ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ်၊ မြဝတီမြို့ ‌တောင်က‌လေး‌အေးရိပ်သာဘုန်းကြီး‌ကျောင်း အ‌နောက်ဘက်ခြမ်း ‌မြေနီကုန်းတွင် နယ်ခြား‌စောင့်တပ် (BGF)အဖွဲ့ဝင်တစ်စုက ကရင်ငြိမ်းချမ်း‌ရေး‌ကောင်စီ(KNU/KNLA PC) တပ်ဖွဲ့ဝင်နှင့် ‌ဒေသခံအချို့အား ‌အောက်တိုဘာ ၂၅ရက် ‌နေ့က ဝင်‌ရောက်ရိုက်နှက်ခဲ့သည်ဟု သိရသည်။

ထိုရိုက်နှက်မှုတွင် BGF အမှတ်(၁၀၂၂) တပ်ရင်းမှ ဗိုလ်ချင်းလုံ ဦး‌ဆောင်သည့် ၁ဝဦးပါ အဖွဲ့က ယူနီ‌ဖေါင်းအပြည့်အစုံ ဝတ်ဆင် ကာ လက်နက်နှင့်တကွ ငြိမ်းချမ်း‌ရေး‌ကောင်စီတပ်ဖွဲ့ဝင် ‌နေထိုင်ရာ အိမ်တစ်အိမ်သို့ ‌ရောက်ရှိလာပြီး အိမ်‌ပေါ်ရှိ ငြိမ်းချမ်း‌ရေး ‌ကောင်စီ တပ်သား ၄ဦးနှင့် ‌ဒေသခံ ၅ဦးတို့ကို ရိုက်နှက်ခဲ့ခြင်းဖြစ်သည်ဟု ငြိမ်းချမ်း‌ရေး‌ကောင်စီ ဗျူဟာ(၁)မှ တပ်သား‌စောဝင်း သိန်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

“သူတို့က ကျ‌နော်တို့‌နေတဲ့‌နေရာမှာ လက်နက်အစုံနဲ့ လာတယ်။ ကျ‌နော်တို့ကို အရင်ဆုံး ဘာမှမ‌မေးဘဲ အပြင်းအထန်ရိုက် တယ်၊ ကန်တယ်။ ရိုက်လို့ပြီးသွားမှ ကျ‌နော်တို့ကို ‌မေးတယ်။ ပြီး‌တော့ ကျ‌နော်တို့လက်နက် ၂လက်ကိုသိမ်းပြီး တီဗွီ၊ စီဒီ ‌အောက်စက်နဲ့ အခြားအိမ်သုံးပစ္စည်းအချို့‌တွေလည်း ယူသွားတယ်။ လက်နက်ကို‌တော့ ‌နောက်ပိုင်းမှာ ပြန်‌ပေးတယ်”ဟု ‌စော ဝင်းသိန်းက ‌ပြောသည်။

ရိုက်နှက်ခံရသူများမှာ ငြိမ်းချမ်း‌ရေး‌ကောင်စီ တပ်ဖွဲ့ဝင်များဖြစ်ကြ‌သော ‌စောတာနွီး၊ ‌စောကွယ်ထူး၊ ‌စောသူခိုဖိုးတို့နှင့် ‌ဒေသခံ များဖြစ်သည့် ‌စောတင်ကို၊ ‌စော‌ကျော်ပိ၊ ‌စောအငယ်‌ကောင်နှင့် ‌စောက‌ဆောတို့ဖြစ်‌ကြောင်း သိရသည်။
DSCF0164
ရိုက်နှက်ခြင်းခံရသူ ‌ဒေသခံ ‌စော‌ကျော်ပိကလည်း “သူတို့ ရုတ်တရက် လာတယ်။ ‌သေနတ်နဲ့ ချိန်တယ်။ ဘာမှမ‌မေးခင်မှာ ကျ‌နော်တို့ကို အပြင်းအထန် အရင်ရိုက်ပြီးမှ နင်တို့က စစ်သားလာလို့ ‌မေးတယ်။ ကျ‌နော်တို့က‌တော့ စစ်သား မဟုတ်ဘူး။ ဘုန်း ကြီး‌ကျောင်းမှာ ဆွမ်းချက်‌နေတဲ့သူ‌တွေပါလို့ ကျ‌နော်တို့ ပြန်‌ဖြေတယ်”ဟု ‌ပြောသည်။

ယင်းဖြစ်ရပ် ဖြစ်ပွားခဲ့သည့်အ‌ပေါ် ‌ဖြေရှင်းရန်အတွက် BGF မှ အမှတ်(၃)တိုက်နယ်မှူး ဗိုလ်မှူးချုပ်‌စောချစ်သူနှင့် ငြိမ်းချမ်း‌ရေး ‌ကောင်စီမှ ဗျူဟာမှူး ဗိုလ်မှူးကြီး‌စော‌ရွှေ‌ကျော်တို့က နှစ်ဦးနှစ်ဘက် ညှိနှိုင်း ‌ဆွေး‌နွေးခဲ့ကြ‌သော်လည်း ရိုက်နှက်မှုကျူးလွန်သူ BGF တပ်ဖွဲ့ဝင်များကို တစုံတရာ အပြစ်‌ပေးခြင်းမရှိဘဲ ခံဝန်ကတိလက်မှတ်သာ ထိုးခိုင်းခဲ့သည်ဟု သိရသည်။

လက်ရှိအချိန်တွင် ရိုက်နှက်ခံရသူအချို့မှာ မြဝတီ‌ဆေးရုံကြီးတွင် ‌ဆေးကုသမှု ဆက်လက် ခံယူ‌နေရသလို ရိုက်နှက်မှု ကိစ္စနှင့် ပတ်သက်၍ ကျူးလွန်သူများအား အ‌ရေးယူခြင်း‌သော်လည်း‌ကောင်း၊ ဥပ‌ဒေအရ‌သော်လည်း‌ကောင်း၊ တာဝန်ရှိသူများက အ‌ရေး ယူ လုပ်‌ဆောင်ခြင်းမျိုးလည်း မ‌တွေ့ရ‌ကြောင်း ‌စောဝင်းသိန်းက ‌ပြောဆိုသည်။

ကရင်ပြည်နယ်တွင် နယ်ခြား‌စောင့်တပ်(BGF) နှင့် ကရင်လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်သည့် ငြိမ်းချမ်း‌ရေး‌ကောင်စီတို့အကြား ပဋိ ပက္ခ ဖြစ်ပွားကြရာတွင် စုစု‌ပေါင်း ၅ကြိမ်ရှိခဲ့သည်ဟု ငြိမ်းချမ်း‌ရေး‌ကောင်စီ၏ မှတ်တမ်းအရ သိရသည်။