Home သတင်း ‌ကျောက်မီး‌သွေးမတူး‌ဖော်ရန် ကုမ္ပဏီများအား ဘန်း‌ချောင်း‌ဒေသခံများ ‌တောင်းဆို

‌ကျောက်မီး‌သွေးမတူး‌ဖော်ရန် ကုမ္ပဏီများအား ဘန်း‌ချောင်း‌ဒေသခံများ ‌တောင်းဆို

1413

‌အောက်တိုဘာ ၂၈ရက်၊ ၂၀၁၄ခုနှစ်။ စဖန်း‌ရှောင်း

တနသင်္ာရီတိုင်း‌ဒေသကြီး၊ ထားဝယ်မြို့နယ် ဘန်း‌ချောင်း‌ဒေသရှိ ‌ကျောက်မီး‌သွေးတူး‌ဖော်လျှက်ရှိ‌သော မြန်မာ‌မေဖလားဝါးကုမ္ပ ဏီ Thai Asset Company၊ East Star Company များအ‌နေဖြင့် လုပ်ငန်းပြန်လည် ရုပ်သိမ်း‌ပေးရန် ‌ဒေသခံများမှ ‌အောက်တို ဘာ ၂၇ရက်‌နေ့က ‌တောင်းဆိုလိုက်သည်။

ကုမ္ပဏီများသည် ‌ကျောက်မီး‌သွေးစီမံကိန်းပြုလုပ်ရာတွင် ‌ဒေသခံများအ‌ပေါ် ပွင့်လင်းမြင်သာမှုမရှိခြင်းနှင့် လုပ်ငန်းအ‌ပေါ် တာ ဝန်ယူမှု ပျက်ကွက်ခြင်း၊ လူ့အခွင့်အ‌ရေးချိုး‌ဖောက်မှုများ ရှိ‌သော‌ကြောင့် လုပ်ငန်းများကို ရုပ်သိမ်းရန် ‌ဒေသခံများက ထားဝယ်မြို့၊ ခရစ်ယာန် ပညာ‌ရေးရိပ်သာတွင် ပြုလုပ်‌သော ‌တွေ့ဆုံပွဲတစ်ရပ်တွင် ကုမ္ပဏီများအား တိုက်ရိုက် ‌တောင်းဆိုခဲ့ခြင်းသည်။

ယင်း‌ဒေသရှိ တာက‌ပေါ်ကရင်လူငယ်အဖွဲ့က ‌နော်ပီသ‌လောက “‌ဒေသခံ‌တွေက ကုမ္ပဏီ သုံးခုစလုံး တာဝန်ရှိသူ‌တွေနဲ့ ပထမ ဆုံး ‌တွေ့ဆုံရတာပါ။ ‌တွေ့ဆုံ‌ဆွေး‌နွေးပွဲမှာ ‌ဒေသခံ‌တွေက ဒီစီမံကိန်းကိုလုပ်တာ သ‌ဘောမတူဘူးလို့ အစကတည်းက အစိုးရဆီ ကို‌ရော၊ ကုမ္ပဏီကို‌ရော KNU ဆီကို‌ရော စာအကြိမ်ကြိမ်တင်တယ်။ ဘာမှ မထူးခြားဘဲ ဆက်တူးမြဲတူး‌နေတဲ့အတွက် အခုလို စုံစုံညီညီဖြစ်‌အောင် ‌တွေ့ဆုံလိုက်တာပါ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

‌တွေ့ဆုံမှုတွင် ကုမ္ပဏီသုံးခုမှ မန်‌နေးဂျင်းဒါရိုက်တာများ၊ နိုင်ငံတာကာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးအဖွဲ့ (၂)ဖွဲ့၊ ထားဝယ် ‌ဒေသအ‌ခြေစိုက် လူမှု‌ရေးအသင်းအဖွဲ ့(၆)ဖွဲ့၊ ထားဝယ်ရှိ အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်-NLD၊ ထားဝယ်တိုင်းရင်းသားပါတီ(၂)ဖွဲ့ နှင့် ‌ဒေသခံများ စုစု‌ပေါင်း ၁၁၃ဦး တက်‌ရောက်ခဲ့ကြသည်။

ထားဝယ်မြို့နယ် က‌ထောင်းနီရွာသူ ‌နော်‌ဖော်ဘလယ်က “ဒီစီမံကိန်းကို ဆက်မလုပ်ဖို့ ကျမတို့ ‌တောင်းဆိုတာကို ကုမ္ပဏီများအ ‌နေနဲ့ လိုက်နာမှုပျက်ကွက်ခြင်းအ‌ပေါ် ကျမတို့ ‌ဒေသခံ‌တွေ လက်မခံနိုင်‌တော့ဘူး။ ရိုးသားစွာနဲ့ ဥယျာဉ်ခြံ‌မြေကို လုပ်ကိုင်စား ‌သောက်‌နေထိုင်လိုတယ်။ ‌လျော်‌ကြေးကိုလည်း မလိုချင်ဘူး”ဟု အဆိုပါ ‌တွေ့ဆုံပွဲတွင် ‌ပြောဆိုခဲ့သည်။

‌မေဖလားဝါးမိုင်းနင်းကုမ္ပဏီမှ ဦးမိုးဇက်ကလည်း “သရက်‌ချောင်းမြို့နယ်၊ ဆီ‌ဒေါ‌ကျေးရွာက‌နေ က‌ထောင်းနီ‌ကျေးရွာကို ‌ကျောက် မီး‌သွေးသယ်ယူဖို့ မိုင်(၄၀)လမ်း‌ဖောက်လုပ်ထားခြင်း စတဲ့ရင်းနှီးမြုပ်နှံမှုများစွာ ပြုလုပ်ထားတဲ့အပြင် နိုင်ငံ‌တော်အစိုးရက ခွင့်ပြု ထားပြီးဖြစ်တဲ့အတွက် ဆက်လက်လုပ်ကိုင်ဖို့ ‌ဒေသခံ‌တွေအ‌နေနဲ့ ခွင့်ပြု‌စေလိုတယ်။ သတ္တုတွင်းစည်းမျဉ်းများနှင့်အညီ ထိခိုက် ပျက်စီးမှု အနည်းဆုံးဖြစ်‌အောင် လုပ်‌ဆောင်သွားမယ်”ဟု ၎င်း‌တွေ့ဆုံပွဲတွင် ပြန်လည်‌တောင်းဆိုခဲ့သည်။

လက်ရှိတူး‌ဖော်‌နေ‌သော ‌ကျောက်မီး‌သွေးစီမံကိန်း စတင်စဉ်ကပင် ‌ဒေသခံများသည် လူ့အခွင့်အ‌ရေးချိုး‌ဖောက်မှုများ ရင်ဆိုင်‌နေ ခဲ့ရသလို ကုမ္ပဏီလုပ်ကွက် ဧရိယာပြ‌မြေပုံများအရ ‌ဒေသခံများ၏ ဥယျာဉ်ခြံများတွင် ပါဝင်သဖြင့် အသက်‌မွေးဝမ်း‌ကြောင်းအ တွက် ထိခိုက်လာနိုင်‌ကြောင်း ‌ဒေသခံများက ဆိုသည်။

အဆိုပါ‌ဒေသတွင် ပြီးခဲ့သည့် ၂၀၁၃ခုနှစ်၊ မတ်လ ၂၅ရက်‌နေ့ကလည်း ကုမ္ပဏီတာဝန်ရှိသူများ၊ ‌ဒေသခံများ၊ ကရင်အမျိုးသား အစည်းအရုံး(KNU) ဘိတ်-ထားဝယ်ခရိုင် တာဝန်ရှိသူများနှင့် သက်ဆိုင်ရာ အစိုးရတာဝန်ရှိသူများက ‌တွေ့ဆုံညှိနှိုင်းမှုများ ပြု လုပ်ခဲ့ပြီး ‌ဒေသခံများက သဘာဝပတ်ဝန်းကျင်မထိခိုက်‌စေ‌ရေး၊ မြစ်‌ချောင်းများအတွင်း စွန့်ပစ်‌ရေ မစီးဆင်း‌ရေး၊ ဧက(၆၀)ထက် ‌ကျော်လွန်ကာ ‌မြေမဝယ်‌ရေး၊ ရွာသားများ၏ ဥယျာဉ်ခြံ‌မြေအတွင်း ‌မြေစာမစွန်ပစ်‌ရေးတို့ကို ‌တောင်းဆိုခဲ့ကြသည်။

ဘန်း‌ချောင်း‌ဒေသတွင် ၂၀၁ဝခုနှစ်က ‌ကျောက်မီး‌သွေးလုပ်ကွက်(၅၀၀)ဧကစီရှိ လုပ်ကွက်(၁)၊ (၂)၊ (၃)နှင့် ၂၀၁၂ခုနှစ်တွင် လုပ်ကွက်(၂၀၀)ဧကစီရှိ လုပ်ကွက်(၄)(၅)(၆)တို့ စုစု‌ပေါင်း (၂၁၀၀)ဧကကို အစိုးရက ခွင့်ပြု‌ပေးထား‌ကြောင်း ထားဝယ်အ‌ခြေ စိုက် လူမှုအဖွဲ့အစည်းများက ‌ပြောသည်။