Home သတင်း အမျိုးသား‌ရေးလုပ်နိုင်သူများ ‌ရွေးချယ်ရန် ရန်ကုန်ကရင်နှစ်သစ်ကူး‌ကော်မတီ ဥက္ကဌ တိုက်တွန်း

အမျိုးသား‌ရေးလုပ်နိုင်သူများ ‌ရွေးချယ်ရန် ရန်ကုန်ကရင်နှစ်သစ်ကူး‌ကော်မတီ ဥက္ကဌ တိုက်တွန်း

1660

စက်တင်ဘာ ၂၄ရက်၊ ၂၀၁၄ခုနှစ်။ ‌စောထွန်းလင်း

လာမည့် ကရင်သက္ကရာဇ် ၂၇၅၄ခုနှစ်၊ ကရင်နှစ်သစ်ကူးပွဲ‌တော်အတွက် ကရင်အမျိုးသား နှစ်သစ်ကူးပွဲ‌တော်ကျင်းပ‌ရေး‌ကော်မ တီ၏ ဗဟိုအလုပ်အမှု‌ဆောင်များ ပြန်လည်‌ရွေးချယ်ရာတွင် အမျိုးသား‌ရေး၌ တက်တက်ကြွကြွ ပါဝင်လုပ်‌ဆောင်‌နေသူများကို ‌ရွေးချယ်တာဝန်‌ပေးရန် ‌ကော်မတီဥက္ကဌ ပါ‌မောက္ခမန်း‌ရွှေပြည်‌အေးက တိုက်တွန်း‌ပြောကြားလိုက်သည်။

ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်၊ မဟာ‌ဆေးဝကင်္ဘာ အာလိန်ငါးဆင့်‌ကျောင်းတိုက်ရှိ စက်တင်ဘာ ၂၁ရက်‌နေ့၊ ‌နေ့လည် ၁နာရီက ပြု လုပ်ခဲ့သည့် ‌ကော်မတီနှစ်ပတ်လည် လူထုစည်း‌ဝေးပွဲနှင့် ဗဟိုအလုပ်မှု‌ဆောင်‌ကော်မတီသစ် ပြန်လည်‌ရွေး‌ကောက်ပွဲ အခမ်းအ နား အဖွင့်မိန့်ခွန်းတွင် မန်း‌ရွှေပြည်‌အေးက ထိုသို့ ‌ပြောကြားလိုက်ခြင်းဖြစ်သည်။

“ကရင်နှစ်သစ်ကူးပွဲ‌တော် ‌အေးချမ်းစွာ ကျင်းပနိုင်ဖို့ ဒီက‌နေ့မှာ အမှု‌ဆောင်သစ်‌တွေ ‌ရွေးချယ်မှာ ဖြစ်ပါတယ်။ အမှု‌ဆောင်သစ် ကို ‌ရွေးချယ်တဲ့‌နေရာမှာ ယခင်နှစ်ကလူ‌တွေပဲ မဟုတ်ဘဲ တခြားစိတ်ပါဝင်စားသူ၊ လုပ်နိုင်မယ့်ပုဂ္ဂိုလ်‌တွေ အမျိုးသား‌ရေးမှာ တက်တက်ကြွကြွ ‌ဆောင်ရွက်နိုင်မယ့်သူ‌တွေကို အသစ်တဖန် ပြန်လည်‌ရွေးချယ်‌ပေးဖို့ တိုက်တွန်း‌ပြောကြားလိုတယ်”ဟု မန်း ‌ရွှေပြည်‌အေးက ‌ပြောသည်။
Arlein NgarSint
ယင်းအခမ်းအနားတွင် ၂၇၅၄ ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးပွဲ‌တော် ကျင်းပ‌ရေးဗဟို အလုပ်အမှု‌ဆောင်‌ကော်မတီကို ‌ရွေး ချယ်ခဲ့ရာတွင် ဥက္ကဌ ပါ‌မောက္ခ မန်း‌ရွှေပြည်‌အေး၊ ဒုဥက္ကဌများအဖြစ် မန်းစံမြဲတင်၊ ‌ဒေါက်တာ‌နော်မူမူ‌အေး၊ ‌စောတာက‌ပေါ၊ ‌ဒေါက်တာ‌နော်ရီဘက်ခါထင်၊ အ‌ထွေ‌ထွေအတွင်း‌ရေးမှူးအဖြစ် ‌စောလှထွန်း၊ တွဲဖက်အတွင်း‌ရေးမှူးများအဖြစ် မန်း‌ကျော်ညွှန့်၊ မန်းဖိုး‌စော၊ ‌စောညီညီလွင်နှင့် စ‌ကျော်စွာတို့ အပါအဝင် ၂၁ဦးကို ပြန်လည်‌ရွေးချယ်ခဲ့ပြီး အများစုမှာ ယခင်နှစ်က တာဝန်ယူခဲ့သူ များသာ အ‌ရွေးခံရ‌ကြောင်း သိရသည်။

အထူးသဖြင့် ယခင်နှစ်က ဗဟိုအလုပ်အမှု‌ဆောင်‌ကော်မတီဝင် ၂၁ဦးထဲတွင် မပါဝင်သည့် စ‌ကျော်စွာမှာ တွဲဖက်အတွင်း‌ရေးမှူး-၄ ‌နေရာတွင် ပါဝင်လာသလို ‌ကော်မတီပြန်ကြား‌ရေးဥက္ကဌ မန်း‌ကျော်ငြိမ်းအစား ‌စောထီးမူး၊ အခမ်းအနားပြင်ဆင်‌ရေး ဥက္ကဌ မန်း‌အောင်‌သောင်းအစား ‌စောစန်းလွင် စသည့်လူငယ်များကို အစားထိုး ‌ရွေးချယ်ခဲ့ကြခြင်းဖြစ်သည်။

ယခင်နှစ် ‌ကော်မတီပြန်ကြား‌ရေးဥက္ကဌအဖြစ် တာဝန်ထမ်း‌ဆောင်ခဲ့သူ မန်း‌ကျော်ငြိမ်းက “‌ကော်မတီမှာ မလုပ်ဖြစ်‌တော့တာက ‌တော့ ဗဟို‌ကော်မတီမှာလူငယ်‌တွေကို ‌နေရာ‌ပေးချင်တယ်။ ‌နောက်ပြီး ဒီနှစ်ထဲမှာ ကျ‌နော်တို့က ကရင်အမျိုးသားပါတီကို တည် ‌ထောင်လိုက်‌တော့ ‌နောက်ပိုင်း ပါတီအလုပ်‌တွေ များလာမှာဖြစ်တဲ့အတွက် နှစ်သစ်ကူး ဗဟိုအလုပ်အမှု‌ဆောင်တာဝန်ကို ဆက် မယူ‌တော့တာပါ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ကရင်အမျိုးသား နှစ်သစ်ကူးပွဲ‌တော်ကျင်းပ‌ရေး ဗဟို‌ကော်မတီ(မဟာရန်ကုန်)ကို ၁၉၆၄ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ပုဂ္ဂိုလ်‌ရေး၊ ဘာသာ‌ရေး၊ စီးပွား‌ရေး၊ လူတန်းစား‌ရေး၊ နိုင်ငံ‌ရေးအရ အမြတ်ထုတ်ခြင်း မပြုရန်တို့ကို ‌ကော်မတီ၏ မူဝါဒအဖြစ် ကိုင်စွဲထား သည်။ ၎င်း‌ကော်မတီအ‌နေဖြင့် ရန်ကုန် ကရင်နှစ်သစ်ကူးပွဲ‌တော်ကို နှစ်စဉ် ကျင်းပခဲ့သလို ကရင်သက္ကရဇ် ၂၇၄၄ခုမှ ၂၇၅၃ခုနှစ် အထိ ပညာရည်ထူးချွန်သည့် ကရင်‌ကျောင်းသူ‌ကျောင်းသား ၁,၀၀၆ဦးကို ဂုဏ်ပြုဆုချီးမြှင့်နိုင်ခဲ့ပြီးဖြစ်‌ကြောင်း ‌ကော်မတီ၏ နှစ် ပတ်လည်အစီရင်ခံစာတွင် ‌ဖော်ပြထားသည်။