Home သတင်း တိုင်းရင်းသားစာ‌ပေ ဥပ‌ဒေဖြည့်စွက်ပြဋ္ဌာန်း‌ရေး ပြည်နယ်စာ‌ပေယဉ်‌ကျေးမှုအဖွဲ့များ သမ္မတထံသို့ စာပို့

တိုင်းရင်းသားစာ‌ပေ ဥပ‌ဒေဖြည့်စွက်ပြဋ္ဌာန်း‌ရေး ပြည်နယ်စာ‌ပေယဉ်‌ကျေးမှုအဖွဲ့များ သမ္မတထံသို့ စာပို့

1749

စက်တင်ဘာ ၂၄ရက်၊ ၂၀၁၄ခုနှစ်။ နန်း‌ချောင်‌ဖော့

ကရင်ပြည်နယ်ရှိ ကရင်၊ မွန်၊ ပအိုဝ့် တိုင်းရင်းသားစာ‌ပေယဉ်‌ကျေးမှုအဖွဲ့များမှ အမျိုးသားပညာ‌ရေးဥပ‌ဒေ မူကြမ်းတွင် တိုင်းရင်းသား ဆိုင်ရာစာ‌ပေဥပ‌ဒေကို ဖြည့်စွက်ပြဋ္ဌာန်း‌ပေး‌ရေးအတွက် သမ္မတ ဦးသိန်းစိန်ထံသို့ စက်တင်ဘာ ၂၂ရက်‌နေ့က စာပို့ခဲ့သည်ဟု ပြည်နယ် ကရင်စာ‌ပေယဉ်‌ကျေးမှု ဥက္ကဌ ‌စော‌အေးမြက ‌ကေအိုင်စီသို့ ‌ပြောသည်။

“ကျ‌နော်တို့ ဒီအမျိုးသားပညာ‌ရေးဥပ‌ဒေကို ‌ဆွေး‌နွေးသုံးသပ်ပြီး‌တော့ တိုင်းရင်းသားစာ‌ပေ‌တွေသင်ကြားလို့ရ‌အောင် သူတို့ကို တိုက်တွန်းချင်တယ်‌လေ။ အစိုးရ‌ကျောင်းမှာ အဂင်္လိပ်စာကို မူလတန်းက‌နေ စတင်သင်ကြားတယ်။ ကျ‌နော်တို့ တိုင်းရင်းသားစာ‌ပေ‌တွေကိုလည်း အဲလို ဖြစ်‌စေချတယ်။ အဲဒါ‌ကြောင့် ဥပ‌ဒေမှာ ပြဋ္ဌာန်း‌ပေးဖို့အတွက် ‌တောင်းဆိုတာဖြစ်တယ်”ဟု ‌စော‌အေးမြက ‌ပြောသည်။

လက်ရှိ အမျိုးသားပညာ‌ရေးဥပ‌ဒေမူကြမ်းအရ အခန်း(၅)၊ ပုဒ်မ(၁၉)တွင် ‌ဖော်ပြသည့် အဂင်္လိပ်စာကို မူလတန်းမှစ၍ သင်ကြားရမည်ဟု ပြဋ္ဌာန်း‌ဖော်ပြသကဲ့သို့ တိုင်းရင်းသားစာ‌ပေဘာသာကိုလည်း မူလတန်းမှစ၍ သင်ကြားနိုင်‌ရေးအ တွက် အခန်း(၅)တွင် ပုဒ်မအသစ်တစ်ခု ထပ်မံပြဋ္ဌာန်း‌ပေးရန် ‌တောင်းဆိုထား‌ကြောင်း ကရင်ပြည်နယ်ရှိ တိုင်းရင်း သားစာ‌ပေယဉ်‌ကျေးမှုအဖွဲ့များက ‌ပြောဆိုသည်။

စက်တင်ဘာ ၁၈ရက်‌နေ့က ကရင်ပြည်နယ်၊ ဖားအံမြို့ အမှတ်(၄)ရပ်ကွက်ရှိ ကရင်‌ကျောင်းသားများရိပ်သာတွင် ကျင်းပသည့် အမျိုးသားပညာ‌ရေးဥပ‌ဒေအား ‌ဆွေး‌နွေးသုံးသပ်ခြင်းဆိုင်ရာ ‌ဆွေး‌နွေးပွဲတွင် ကရင်ပြည်နယ်ရှိ တိုင်း ရင်းသားစာ‌ပေယဉ်‌ကျေးမှုအဖွဲ့များက သမ္မထံသို့စာတင်ရန် ဆုံးဖြတ်ခဲ့ပြီး‌နောက် ယခုလို ‌ဆောင်ရွက်ခဲ့ခြင်းလည်း ဖြစ်သည်။

တိုင်းရင်းသားများ၏ ဘာသာစကား စာ‌ပေယဉ်‌ကျေးမှုကို မသင်ကြားနိုင်လျှင် မှတ်တမ်းမှတ်ရာများ၊ ရိုးရာယဉ်‌ကျေး မှုအ‌မွေအနှစ်များ၊ အ‌ခေါ်အ‌ဝေါ်များ၊ ‌ဝေါဟာရများ မည်သို့ထိန်းသိမ်းရမည်ကို မသိ‌တော့ဘဲ တဖြည်းဖြည်း ‌မှေးမှိန် ‌ပျောက်ကွယ်သွားနိုင်ရာ နိုင်ငံ‌တော်အကြီးအကဲများအ‌နေဖြင့် တိုင်းရင်းသားများအတွက် တိုင်းရင်းသားစာ‌ပေကို သင်ကြားခွင့်ရရန် ‌တောင်းဆိုခြင်းဖြစ်သည်ဟု ‌စော‌အေးမြက ဆက်‌ပြောသည်။

၎င်းသမ္မတထံ‌ပေးပို့စာထဲ၌ အမျိုးသားပညာ‌ရေးဥပ‌ဒေမူကြမ်း အခန်း(၅)တွင် သင်ကြားခြင်း၊ သင်ယူခြင်း၊ သင်ယူ တတ်‌မြောက်မှုကို စစ်‌ဆေးခြင်းတို့အတွက် တတ်‌မြောက်မှုအ‌ပေါ် အ‌ခြေခံရမည့်ပုဒ်မများ၊ ဖွံ့ဖြိုးမှုနည်း‌သော ‌ဒေသ များရှိ က‌လေးများကို အ‌ခြေခံမှစ၍ အဆင့်မြင့်ပညာရပ်အသီးသီးကို ဆုံးခန်းတိုင်သင်ကြားနိုင်‌ရေးအတွက် စီစဉ် ‌ဆောင်ရွက်ရမည့် ပုဒ်မများကို ဖြည့်စွက်ပြဋ္ဌာန်း‌ပေးရန် ထည့်သွင်း‌တောင်းဆိုထားသည်။

ပြည်နယ် ပအိုဝ်းစာ‌ပေနှင့်ယဉ်‌ကျေးမှုအတွင်း‌ရေးမှူး ခွန်မင်း‌အောင်က “ဒီတိုင်းရင်းသားစာ‌ပေသင်ကြား‌ရေး ကိစ္စ‌တွေ ကို အမျိုးသား‌ရေး ပညာ‌ရေးဥပ‌ဒေမှာ ပြဋ္ဌာန်းထားတာမရှိတဲ့အတွက် တရားဝင် ပြဋ္ဌာန်းခွင့်ရ‌အောင် ‌တောင်းဆိုတာ ဖြစ်တယ်။ ဥပ‌ဒေထဲမှာ အခိုင်အမာရှိထားရင် ဘယ်သမ္မတပဲတက်တက် အဲဒါကို လက်ခံရမယ်ဆိုတဲ့ သ‌ဘောထား ‌လေးပါ”ဟု ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

လက်ရှိ မြန်မာအစိုးရ၏ အမျိုးသားပညာ‌ရေးဥပ‌ဒေမူကြမ်းကို ပြည်‌ထောင်စုလွှတ်‌တော်မှ ပြဋ္ဌာန်းလိုက်‌ကြောင်း ၂၀၁၄ခုနှစ်၊ မတ်လ ၁၄ရက်‌နေ့က အစိုးရ၏ မြန်မာ့အလင်းသတင်းစာတွင် ထုတ်ပြန်ခဲ့ပြီး‌နောက် ကရင်ပြည်နယ်ရှိ တိုင်းရင်းသားစာ‌ပေယဉ်‌ကျေးမှုအဖွဲ့များအ‌နေဖြင့် တိုင်းရင်းသားဆိုင်ရာ စာ‌ပေဥပ‌ဒေကို ဖြည့်စွက်ပြဋ္ဌာန်း‌ပေးရန် သမ္မတထံသို့ ပထမဦးဆုံးအကြိမ် တရားဝင် စာပို့‌တောင်းဆိုခြင်းဖြစ်‌ကြောင်း သိရသည်။