Home သတင်း ဓမ္မဒူတဆရာ‌တော် မြန်မာ‌ရွှေ့‌ပြောင်းနှင့် ပြည်တွင်းဌာ‌နေမဲ့‌ကျောင်းများကို ပုံနှိပ်စာအုပ်များ လှူဒါန်း

ဓမ္မဒူတဆရာ‌တော် မြန်မာ‌ရွှေ့‌ပြောင်းနှင့် ပြည်တွင်းဌာ‌နေမဲ့‌ကျောင်းများကို ပုံနှိပ်စာအုပ်များ လှူဒါန်း

1905

ဇွန် ၁၃ရက်၊ ၂၀၁၄ခုနှစ်။ ‌စောသိန်းမြင့်

၂၀၁၄-၁၅ ပညာသင်နှစ်အတွက် မဲ‌ဆောက်အ‌ခြေစိုက် မြန်မာ‌ရွှေ့‌ပြောင်း‌ကျောင်းများနှင့် ပြည်တွင်းဌာ‌နေမဲ့ (အိုင်ဒီပီ) ‌ကျောင်း သူ‌ကျောင်းသားများအား ရန်ကုန်တိုင်း‌ဒေသကြီး၊ ‌မှော်ဘီမြို့နယ်၊ ဝါးနက်‌ချောင်း‌ကျေးရွာ ဓမ္မဒူတ‌ကျောင်းတိုက် ဆရာ‌တော်က သင်ရိုးညွန်းတမ်း ပုံနှိပ်စာအုပ်အစုံ‌ပေါင်း တစ်‌သောင်း‌ကျော်ကို ယ‌နေ့ နံနက် ၁ဝနာရီတွင် မဲ‌ဆောက်မြို့ရှိ ဆာသူး‌လေအထက် တန်း‌ကျောင်း၌ ‌ပေးအပ်လှူ ဒါန်းခဲ့သည်။

မူလတန်းမှ အထက်တန်းအထိ ပုံနှိပ်စာအုပ် ၁၁,၁၁၉စုံကို ‌ရွှေ့‌ပြောင်းမြန်မာ‌ကျောင်းအလုံး (၄၀)နှင့် အိုင်ဒီပီ‌ကျောင်း (၃၇) ‌ကျောင်းအတွက် မြန်မာ‌ရွှေ့‌ပြောင်းပညာ‌ရေး‌ဖောင်‌ဒေးရှင်းမှတဆင့် လာ‌ရောက်လှူဒါန်းခြင်းဖြစ်ပြီး ယင်းပုံနှိပ်စာအုပ်များကို သက်ဆိုင်ရာ ‌ကျောင်းအသီးသီးမှ တင် ပြလာသည့် အုပ်‌ရေစာရင်းအတိုင်း ‌ပေး‌ဝေသွားမည်ဟု ဓမ္မဒူတဆရာ‌တော် ‌ဒေါက်တာ အရှင်‌ဆေကိန္ဒကိုယ်စား လာ‌ရောက်‌ပေး‌ဝေသူ ကို‌ဇော်သူရက ‌ပြောသည်။

“ကျ‌နော်တို့ ‌ရွှေ့‌ပြောင်းမြန်မာ‌ကျောင်း‌တွေရဲ့ လိုအပ်ချက်တစ်ခုဖြစ်တဲ့ မြန်မာသင်ရိုးညွှန်းတမ်းဖတ်စာအုပ်‌တွေကို ဆရာ‌တော် (အရှင်‌ဆေကိန္ဒ)က‌နေပြီး‌တော့ ဒီ‌ကျောင်း‌တွေရဲ့ အခက်အခဲကို ကူညီ‌သောအားဖြင့် တစ်ဖက်တစ်လမ်းက ဝိုင်းဝန်းဖြည့်ဆည်း ‌ပေးတာ ဖြစ်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါလှူဒါန်းသည့် ပုံနှိပ်စာအုပ်များအနက် အချို့ကို နယ်စပ်ရှိ ပြည်တွင်းဌာ‌နေမဲ့‌ကျောင်းများသို့ ၎င်းတို့ကိုယ်တိုင် မကြာခင် သွား‌ရောက် ‌ပေး‌ဝေလှူဒါန်းသွားမည်ဖြစ်‌ကြောင်းလည်း ကို‌ဇော်သူရက ဆက်‌ပြောသည်။

ဆာမူ‌ထော်‌ရွှေ့‌ပြောင်းမြန်မာ‌ကျောင်းမှ ဒု-‌ကျောင်းအုပ်ဖြစ်သူ ဦး‌ကောင်းမြတ်က “ကျ‌နော်တို့ ‌ရွှေ့‌ပြောင်း‌ကျောင်း‌တွေ ဘတ်ဂျက် (‌ထောက်ပံ့မှု)ကျတဲ့အချိန်၊ ရပ်တည်မှု ခက်ခဲလာတဲ့အချိန်မှာ အခုလို လာ‌ရောက်လှူဒါန်းတဲ့အတွက် ကျ‌နော် အထူးပဲ ဝမ်းသာပါ တယ်။ ဆရာ၊ ဆရာမအ‌နေနဲ့ကလည်း တန်ပြန်သက်‌ရောက်မှုအ‌နေနဲ့ ပိပိရိရိ သင်ကြား‌ပေးကြပါ။ ‌ကျောင်းသူ‌ကျောင်းသား‌တွေ ကလည်း အကျိုးရှိစွာ အသုံးချကြပါလို့ ‌မေတ္တာရပ်ခံချင်ပါတယ်”ဟု ‌ပြောသည်။
IMG_4604
ယ‌နေ့ကျင်းပသည့် ပုံနှိပ်စာအုပ် ဖြန့်‌ဝေ‌ပေးအပ်လှူဒါန်းပွဲသို့ မြန်မာ‌ရွှေ့‌ပြောင်းပညာ‌ရေး ‌ဖောင်‌ဒေးရှင်းမှ တာဝန်ရှိသူများ၊ မြန်မာ ‌ရွှေ့‌ပြောင်းအလုပ်သမားများပညာ‌ရေး‌ကော်မတီ (BMWEC)မှ တာဝန်ရှိသူများ၊ မဲ‌ဆောက်မြို့အ‌ခြေစိုက် မ‌နောဖြူစင် ‌ရေလှူအ သင်းမှ တာဝန်ရှိသူများ၊ ပုံနှိပ်စာအုပ်လက်ခံယူသည့် မြန်မာ‌ရွှေ့‌ပြောင်းများမှ ‌ကျောင်းဆရာနှင့် ‌ကျောင်းသူ‌ကျောင်းသားများ အပါအဝင် စုစု‌ပေါင်း ၅၀၀‌ကျော် တက်‌ရောက်ခဲ့သည်။

က‌လေးများ ဖွံ့ဖြိုး‌ရေးစင်တာ(စီဒီစီ)‌ကျောင်းမှ နဝမတန်း‌ကျောင်းသား ‌စောထူးက‌ပေါ်မူးက “မဲ‌ဆောက်မှာ ပုံနှိပ်စာအုပ်တစ်စုံကို ဝယ်ရရင် ဘတ် ၂၀၀‌ကျော်‌လောက်ကုန်မယ်။ ဝယ်စရာမလိုဘဲ အခုလို အခမဲ့ လာ‌ရောက်လှူဒါန်းအတွက် အရမ်းဝမ်းသာပါ တယ်။ ပြီး‌တော့ လာ‌ရောက်လှူဒါန်း‌ပေးတဲ့လူ‌ကော၊ ဆရာဆရာမ‌တွေ‌ကော အားလုံးကို ‌ကျေးဇူးတင်ပါတယ်”ဟု ‌ပြောသည်။

မြန်မာနိုင်ငံ၏ တက္ကသိုလ်ဝင် စာ‌မေးပွဲတွင် ဝင်‌ရောက်‌ဖြေဆိုကြသည့် မဲ‌ဆောက်အ‌ခြေစိုက် ‌ကျောင်းသူ‌ကျောင်းသားများကို ပံ့ပိုး ကူညီ‌ပေးခဲ့သူ ဓမ္မဒူတဆရာ‌တော် ‌ဒေါက်တာ အရှင်‌ဆေကိန္ဒသည် ၂၀၁၂-၁၃ပညာသင်နှစ်ကလည်း မဲ‌ဆောက်‌ဒေသရှိ မြန်မာ ‌ရွှေ့‌ပြောင်း‌ကျောင်းများအတွက် သီးသန့် ပုံနှိပ်စာအုပ်အစုံ ၈‌ထောင်‌ကျော် လှူဒါန်းခဲ့‌သေးသည်။

ထိုင်း-မြန်မာနယ်စပ် မဲ‌ဆောက်‌ဒေသတွင် မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမား ပညာ‌ရေး‌ကော်မတီ (BMWEC) ကွပ်ကဲမှု‌အောက်ရှိ မြန်မာ‌ရွှေ့‌ပြောင်းစာသင်‌ကျောင်း‌ပေါင်း ၇၀‌ကျော်တွင် ‌ရွှေ့‌ပြောင်းမြန်မာ‌ကျောင်းသူ‌ကျောင်းသားဦး‌ရေ ၂‌သောင်း‌ကျော်ရှိသည်ဟု သိရသည်။