Home သတင်း ကရင်ပါတီသစ် တည်‌ထောင်မည့်သူများကို ပြည်ထဲ‌ရေးက စိစစ်‌နေဆဲ

ကရင်ပါတီသစ် တည်‌ထောင်မည့်သူများကို ပြည်ထဲ‌ရေးက စိစစ်‌နေဆဲ

1720

ပါတီဖြစ်‌မြောက်‌ရေး လူထု‌တွေ့ဆုံပွဲ

ဇွန် ၁၁ရက်၊ ၂၀၁၄ခုနှစ်။ ‌ကေအိုင်စီ

ဇွန်လ ၄ရက်‌နေ့က ပြည်‌ထောင်စု‌ရွေး‌ကောက်ပွဲ ‌ကော်မရှင်သို့ ပါတီတည်‌ထောင်ခွင့်ရရန် ‌လျှောက်ထားခဲ့သည့် ကရင်အမျိုးသား ပါတီ(Karen National Party-KNP) တည်‌ထောင်သူများကို အစိုးရ၏ ပြည်ထဲ‌ရေးဝန်ကြီးဌာနက လိုက်လံစိစစ်ဆဲဖြစ်‌ကြောင်း ၎င်းပါတီအသိုင်းအဝိုင်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

ပါတီတည်‌ထောင်ရာတွင် ပါဝင်သူ မန်း‌ကျော်ငြိမ်းက “ပါတီတည်‌ထောင်ဖို့ ပါဝင်တဲ့ ၁၅ဦးထဲက အ‌တော်များများကို‌တော့ လာ ‌ရောက်စစ်‌ဆေးပြီးပြီလို့ သိရတယ်။ ကျ‌နော်ဖုန်းဆက်ကြည့်‌တော့ အိမ်မဲ၊ ‌ကျောင်းကုန်းကလူ‌တွေလည်း လာ‌မေးသွားပြီးပြီလို့ ‌ပြောပါတယ်။ ကျန်မှာက တ‌ယောက်နှစ်‌ယောက်‌လောက်ပဲ ရှိ‌တော့မှာပါ”ဟု အတည်ပြု ‌ပြောဆိုသည်။

ယင်းသို့ လိုက်လံစစ်‌ဆေးရခြင်းမှာ နိုင်ငံ‌ရေးပါတီများ မှတ်ပုံတင်ခြင်း ဥပ‌ဒေအရ ပြည်ထဲ‌ရေးဝန်ကြီးဌာန၏ လက်‌အောက်ခံ ဝန်ထမ်းများက ပါတီတည်‌ထောင်ရန် ဦး‌ဆောင်သူများ၏ ကိုယ်‌ရေးအကျဉ်းနှင့် ရာဇဝတ်မှု၊ ပြစ်မှုဆိုင်ရာကင်းရှင်းခြင်း ရှိမရှိကို သက်ဆိုင်သူများ‌နေထိုင်ရာ မြို့နယ်အလိုက် အိမ်တိုင်ရာ‌ရောက် ‌မေးမြန်းခဲ့ခြင်းဖြစ်‌ကြောင်း ၎င်းက ဆက်‌ပြောသည်။

အဆိုပါ ပါတီတည်‌ထောင်ရန် ဦး‌ဆောင်သူ ၁၅ဦးကို ဧပြီ ၂၇ရက်‌နေ့က ဧရာဝတီတိုင်း ဝါးခယ်မမြို့နယ်၊ ‌ပေ‌တော‌ကျေးရွာ၌ ပြု လုပ်သည့် ပါတီတည်‌ထောင်‌ရေး လူထု‌တွေ့ဆုံပွဲတွင် ‌ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် ပါတီမှတ်ပုံတင်ထားရာတွင် ပါဝင် သည့် ဦး‌ဆောင်သူအားလုံး စိစစ်ပြီးပါက ‌နေပြည်‌တော်သို့ သွား‌ရောက်၍ ပါတီအလံ၊ တံဆိပ်ပါဝင်‌သော ဖွဲ့စည်းပုံကို တင်ပြမည် ဖြစ်‌ကြောင်း သိရသည်။

“ကျ‌နော်တို့က‌တော့ ပါတီလိုဂို၊ အလံနဲ့ ဖွဲ့စည်းပုံကို သတ်မှတ်ထား၊ ‌ရေးထားပြီးပါပြီ။ ပါတီတည်‌ထောင်သူ‌တွေကို အခုလို လာ ‌တွေ့ပြီး၊ ‌မေးမြန်းပြီးရင် ပါတီမှတ်ပုံတင်ခွင့်ပြုဖို့က‌တော့ ၂လ‌လောက် ‌စောင့်ရအုံးမယ်လို့ ‌ပြောတယ်”ဟု ဦး‌ဆောင်သူ မန်းမင်းရဲ ‌ထွေးကလည်း ‌ကေအိုင်စီသို့ ‌ပြောသည်။

ယင်းဦး‌ဆောင်သူ ၁၅ဦးမှာ ရန်ကုန်တိုင်း‌ဒေသကြီးမှ မန်းသိန်း‌ရွှေ၊ မန်း‌ကျော်ငြိမ်း၊ မန်းမင်းရဲ‌ထွေး၊ နန့်ရှု‌အေးခလိန်၊ ဧရာဝတီ တိုင်း‌ဒေသကြီး ပန်းတ‌နော်မြို့နယ်မှ ဆရာ‌စောဂျိုးဇက်၊ မန်းထိန်ဝင်း‌မောင်၊ မန်းထိန်ဝင်းစိန်၊ ‌ကျောင်းကုန်းမြို့နယ်မှ မန်းဝင်း‌ဌေး၊ မန်းအုန်း‌မောင်၊ အိမ်မဲမြို့နယ်မှ မန်း‌အောင်မြင့်၊ မန်း‌အောင်ဖုန်းဟန်၊ ဝါးခယ်မမြို့နယ်မှ မန်း‌အေးခိုင်၊ မန်း‌ကျော်‌အေး၊ ပဲခူးမြို့နယ် မှ ‌စောက‌ပေါ်မူးနှင့် တွံ‌တေးမြို့နယ်မှ နန့်ခွာညိုတို့ ဖြစ်ကြသည်။

ယခု KNP ပါတီသည် ကရင်အမျိုးသားတန်းတူ‌ရေး၊ ကိုယ်ပိုင်ပြဠာန်းခွင့်ရ‌ရေး၊ အခြားတိုင်းရင်းသားများနှင့် လက်တွဲကာ စစ်မှန် သည့် ဒီမိုကရက်တစ်ဖက်ဒရယ် ပြည်‌ထောင်စု ‌ပေါ်ထွန်း‌ရေး၊ ကရင်လူထုနစ်နာ ဆုံးရှုံးမှုများကို ကာကွယ်‌ပေးပြီး မိမိရပိုင်ခွင့်များ ‌တောင်းဆို‌ရေး စသည့်ရည်ရွယ်ချက်များဖြင့် တည်‌ထောင်ရခြင်းဖြစ်‌ကြောင်း သိရသည်။

ပဲခူးတိုင်း၊ ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်း‌ဒေသကြီးကို အ‌ခြေခံကာ ဖွဲ့စည်းမည့် ကရင်အမျိုးသားပါတီ(KNP) တည်‌ထောင်ရန်အ တွက် ရန်ကုန်၊ ပန်းတ‌နော်၊ ‌ကျောင်းကုန်း၊ အိမ်မဲနှင့် ဝါးခယ်မမြို့နယ်များတွင် ပါတီဖြစ်‌မြောက်‌ရေး‌ကော်မတီ အစည်းအ‌ဝေးနှင့် လူထု‌တွေ့ဆုံပွဲများကို ယခုနှစ်ဆန်းပိုင်းမှ လက်ရှိအချိန်ထိ ကျင်းပခဲ့ပြီးဖြစ်သည်။