Home သတင်း တရားမဝင် ဝင်‌ရောက်လာ‌သော မြန်မာ ၁၈ဦးကို ထိုင်းအာဏာပိုင်များ ဖမ်းဆီး

တရားမဝင် ဝင်‌ရောက်လာ‌သော မြန်မာ ၁၈ဦးကို ထိုင်းအာဏာပိုင်များ ဖမ်းဆီး

1630
ထိုင်း-မြန်မာ တရားဝင် ဖြတ်သန်းသည့် ချစ်ကြည်‌ရေးတံတား

ဇွန် ၁၉ရက်၊ ၂၀၁၄ခုနှစ်။ နန်း‌ဝေဖြိုးဇာ

ကရင်ပြည်နယ်၊ မြဝတီမြို့မှတဆင့် မဲ‌ဆောက်မြို့သို့ လူပွဲစား(ကယ်ရီ)မှတဆင့် တရားမဝင် ဝင်‌ရောက်လာသူ မြန်မာနိုင်ငံသား ၁၈ဦးကို ဇွန် ၁၈ရက်‌နေ့တွင် ထိုင်းတာဝန်ရှိသူ အာဏာပိုင်များက ဖမ်းဆီးလိုက်‌ကြောင်း သိရှိရသည်။

အဆိုပါ ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသားများအား ထိုင်းနိုင်ငံ၊ ဘန်‌ကောက်မြို့အထိ တာဝန်ယူ ပို့‌ဆောင်ရန် ထိုင်းလူမျိုးတစ်ဦး ဖြစ်သူ နိုင်ဝီလဖတ်က ‌ဆောင်ရွက်‌နေခြင်းဖြစ်ပြီး မဲ‌ဆောက်မြို့အဝင်တွင် ယင်းသို့ ဖမ်းဆီးခံရခြင်းဖြစ်သည်။

ဖမ်းဆီးခံရသူများကို ကိုယ်တိုင်သွား‌ရောက်‌တွေ့ဆုံခဲ့သူ နယ်စပ်သတင်း‌ထောက် မန်းမျိုးမြင့်က “အဖမ်းခံရတဲ့အထဲက အမျိုးသ မီးတစ်‌ယောက်ကို ကျ‌နော်‌မေး‌တော့ သူတို့ကို ပို့‌ဆောင်ဖို့ ဘတ်‌ငွေ တစ်‌သောင်းခွဲ‌ပေးရတယ်လို့ ‌ပြောတယ်။ ထိုင်းဘက်ကိုကူးဖို့ မြန်မာဘက်ခြမ်းက လက်နက်ကိုင်တပ်ဖွဲ့တစ်ဖွဲ့က‌နေ ပို့လာပြီး‌နောက် အဖမ်းခံရတာပါလို့ ဆိုပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြော သည်။

လက်ရှိ မဲ‌ဆောက်မြို့ ရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ယင်းမြန်မာနိုင်ငံသားများကို မူလနိုင်ငံသို့ ပြန်လည်ပို့‌ဆောင် သွားရန်ရှိပြီး ၎င်းတို့အား ဘန်‌ကောက်အထိ တာဝန်ယူပို့‌ဆောင်ရန် ‌ဆောင်ရွက်ခဲ့သည့် ထိုင်းလူမျိုး နိုင်ဝီလဖတ်ကို ထိုင်းနိုင်ငံ၏ ဥပ‌ဒေအတိုင်း စစ်‌ဆေးအ‌ရေးယူသွားမည်ဟု ထိုင်းအာဏာပိုင်များက ‌ပြောဆို‌ကြောင်း သိရသည်။

မဲ‌ဆောက်အ‌ခြေစိုက် မြန်မာပြည်သားများပူးတွဲလှုပ်ရှား‌ရေး‌ကော်မတီ (JACBA) ဥက္ကဌ ဦးမိုးကြိုးက “ထိုင်းအာဏာပိုင်စစ်တပ် ‌တွေက ‌ထောင်‌သောင်းချီပြီး မြန်မာနိုင်ငံသား‌တွေကို ဖမ်းဆီးပို့တာ ပြည်တွင်းမှာ မသိတဲ့သူ‌တွေက မသိဘူး။ အဲဒါကို ကြားပွဲစား ‌တွေက အခွင့်‌ကောင်းယူပြီး ထိုင်းမှာလုပ်ရင် ပိုက်ဆံရမယ်။ ဆွယ်တာ‌ပေါ့။ ပြီး‌တော့ တဆင့်လက်‌ပြောင်းလက်လွဲပို့တာ‌ပေါ့။ ပွဲစားက ‌ငွေရဖို့ပဲ။ သူတို့က လူ‌တွေရဲ့ မသိနားမလည်မှု‌တွေကို အခွင့်‌ကောင်းယူပြီး လုပ်တာ‌ပေါ့”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

မြန်မာနိုင်ငံရှိ အစိုးရတာဝန်ရှိသူများလည်း အလုပ်သမားကိစ္စနှင့်ပတ်သက်၍ ‌ကျေးလက်‌ဒေသများသို့ ရုပ်မြင်သံကြား၊ ‌ရေဒီယို များမှတဆင့်သာမက လက်ကမ်းစာ‌စောင်များပါ ဖြန့်‌ဝေသင့်သည့်အပြင် ထိုင်းနိုင်ငံ‌ရောက် မြန်မာအလုပ်သမားများကလည်း အလုပ်သမားအ‌ရေးကိစ္စများကို ဖတ်သင့်၊ ‌လေ့လာသင့်သည်ဟု ဦးမိုးကြိုးက ထပ်မံ ‌ပြောဆိုသည်။

ထိုင်းနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီး‌နောက် ဇွန်လ ပထမအပတ်မှစတင်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တရားမဝင် အလုပ်သမားများနှင့် အလုပ်သမား နိုင်ငံကူးလက်မှတ် ပတ်စပို့စ်ရှိပြီး work Permit မရှိသည့် အလုပ်သမားများကို ယခုအချိန် ထိ လိုက်လံဖမ်းဆီး‌နေဆဲဖြစ်‌ကြောင်း သိရသည်။