Home သတင်း ဆဌမနှစ်‌မြောက် ‌ကေအဲန်ယူ မျိုးဆက်သစ်‌ကျောင်း စတင်ဖွင့်လှစ်

ဆဌမနှစ်‌မြောက် ‌ကေအဲန်ယူ မျိုးဆက်သစ်‌ကျောင်း စတင်ဖွင့်လှစ်

1592

ဇွန် ၁၉ရက်၊ ၂၀၁၄ခုနှစ်။ ‌ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ)က ဆဌမနှစ်‌မြောက် မျိုးဆက်သစ်သင်တန်း‌ကျောင်း ဖွင့်ပွဲအခမ်းအနားကို ‌ကေအဲန် ယူ၏ ဗဟိုဌာနချုပ်‌နေရာ၌ ဇွန်လ ၁၇ရက်‌နေ့က ကျင်းပပြုလုပ်ခဲ့ရာ ‌ကေအဲန်ယူ အရပ်ဖက်၊ တပ်ဖက်အရာရှိများ၊ ‌ကျောင်းသူ ‌ကျောင်းသားများနှင့် စစ်သင်တန်းတက်‌ရောက်သည့် သင်တန်းသားများ စုစု‌ပေါင်း (၂၀၀)နီးပါး တက်‌ရောက်ခဲ့ကြသည်။

အဆိုပါသင်တန်း‌ကျောင်းကို ‌ကျောင်း‌ကော်မတီ၏ ကြီးကြပ်မှုဖြင့် ၁၈လကြာ သင်ကြားပို့ချသွားမည်ဖြစ်ပြီး ပြီးခဲ့သည့်‌မေလကုန် က ကျင်းပခဲ့‌သော ၁ဝကြိမ်‌မြောက် ကရင်အမျိုးသား စည်းလုံးညီညွှတ်‌ရေး နှီး‌နှောဖလှယ်ပွဲ၏ သ‌ဘောထားအရ အခြားကရင် လက်နက်ကိုင်အဖွဲ့များထဲကပါ အဆိုပါသင်တန်း‌ကျောင်းတွင် ပါဝင်တက်‌ရောက်သွားမည်ဖြစ်‌ကြောင်း သိရသည်။

သင်တန်း‌ကျောင်း‌ကော်မတီအဖွဲ့ဝင် ‌နော်‌ဖော‌ဂေခုက “‌ကျောင်းသူ‌ကျောင်းသားဦး‌ရေ ၄ဝသတ်မှတ်ထား‌ပေမဲ့ လမ်းခရီးအခက် အခဲ‌ကြောင့် အကုန်မ‌ရောက်လာ‌သေးပါဘူး။ ဒီ‌ကျောင်းမှာ‌တော့ ခရိုင်အ‌နေနဲ့လာတက်သူ‌တွေ၊ ကရင်လူမှုအဖွဲ့အစည်းထဲက လာတက်သူ‌တွေများပါတယ်။ ‌ကျောင်းသူ‌တွေလည်း ၁၃ဦး‌လောက် ပါဝင်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

မျိုးဆက်သစ်သင်တန်း‌ကျောင်း‌ကော်မတီဝင်များထဲတွင် ပဒို‌စော‌သောသီဘွဲ၊ ပဒို‌စောလှထွန်း၊ ပဒို‌စောလား‌စေး၊ ပဒို‌စောအဲ့ကလူ ‌စေး၊ ‌နော်‌ဖော‌ဂေခု၊ ‌နော်က‌ညော‌ဖော၊ ဗိုလ်မှူး‌စောတာမလာ‌သောတို့ ပါဝင်ကြပြီး ‌ကျောင်းကုန်ကျစရိတ်များကို ‌ကေအဲန်ယူအ ပြင် ပြည်ပ‌ရောက် ကရင်အဖွဲ့အစည်းများ၏ ပံ့ပိုးမှုများဖြင့် ‌ဆောင်ရွက်သွားမည်ဟု သိရသည်။

ထို့အပြင် သင်ကြားပို့ချမည့် သင်ရိုးညွှန်းတမ်းများမှာ အဓိကအားဖြင့် ‌ကေအဲန်ယူ၏ ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေ၊ အ‌ခြေခံလမ်းစဉ် လုပ်ငန်းစဉ်၊ စီမံခန့်ခွဲမှု၊ ‌ခေါင်း‌ဆောင်မှုများဖြစ်ကြပြီး အခြားသင်ကြားသင့်သည့် ဘာသာရပ်များလည်း ပါဝင်‌ကြောင်း သင်တန်း ‌ကျောင်း‌ကော်မတီ ဥက္ကဌ ပဒို‌စော‌သောသီဘွဲက ယခုလို ‌ပြောသည်။

“မျိုးဆက်သစ်ဆို‌တော့ အဓိက ကျ‌နော်တို့ရဲ့ ဖွဲ့စည်းပုံ၊ လမ်းစဉ်လုပ်ငန်းစဉ်‌တွေ ‌သေချာနားလည်‌အောင် သင်ကြားသွားမယ်။ ဒါ့အပြင် ဖက်ဒရယ်ဆိုင်ရာ၊ မြန်မာနဲ့ အာရှနိုင်ငံ‌ရေး၊ လူ့အခွင့်အ‌ရေး‌တွေနဲ့ ကွန်ပြူတာပညာ‌တွေကိုလည်း အလျင်းသင့်သလို သင်ကြားသွားမှာဖြစ်ပါတယ်။ ဒါ‌တွေကို ဌာနဆိုင်ရာ ‌ခေါင်း‌ဆောင်‌တွေက သင်ပြသွားမှာပါ”ဟု ၎င်းက ဆိုသည်။

ယင်းတနှစ်ခွဲကြာ စာသင်နှစ်အတွင်း စည်းကမ်းလိုက်နာမှုရှိ‌စေရန် အ‌ခြေခံစစ်သင်တန်းကို ရက်သတ္တ ၆ပတ်နှင့် ‌ဒေသတွင်း ကွင်းဆင်းကာ ခရိုင်၊ မြို့နယ်အုပ်ချုပ်‌ရေးအဖွဲ့များနှင့် လက်‌တွေ့လုပ်‌ဆောင်မှုကို ၃လတာ စီစဉ်သွားမည်ဖြစ်‌ကြောင်းလည်း ပဒို ‌စော‌သောသီဘွဲက ဆက်လက်‌ပြောဆိုသည်။

ပြီးခဲ့သည့် ပဉ်စမနှစ်‌မြောက် ‌ကေအဲန်ယူမျိုးဆက်သစ် သင်တန်း‌ကျောင်းဆင်းပွဲ အခမ်းအနားကို ၂၀၁၄ခုနှစ်၊ ဇန်နဝါရီလ ၅ရက် ‌နေ့က အဆိုပါ‌ကျောင်းခမ်းမ၌ပင် ပြုလုပ်ပြီးစီးခဲ့သည်။