Home သတင်း သစ်‌တောနှင့် လယ်ယာ‌မြေကိစ္စ အစိုးရအား တင်ပြ‌ဆွေး‌နွေးရန်ရှိသည်ဟု ‌ကေအဲန်ယူ‌ပြော

သစ်‌တောနှင့် လယ်ယာ‌မြေကိစ္စ အစိုးရအား တင်ပြ‌ဆွေး‌နွေးရန်ရှိသည်ဟု ‌ကေအဲန်ယူ‌ပြော

2010

‌မေ ၂၈ရက်၊ ၂၀၁၄ခုနှစ်။ ‌စောညွှန့်‌သောင်း

ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ) အသိအမှတ်ပြုထားသည့် ‌ဒေသခံများ၏ သစ်‌တောနှင့် လယ်ယာကိစ္စရပ်များ၏ ပြဿနာဖြစ်‌ပေါ်‌နေမှုများကို ‌ဖြေရှင်းရန် မြန်မာအစိုးရအား တင်ပြ‌ဆွေး‌နွေး ရန်ရှိသည်ဟု ‌ကေအဲန်ယူ ဗဟိုမှ လယ်ယာနှင့်စိုက်ပျိုး‌ရေးဌာနက ‌ပြောဆိုသည်။

‌ကေအဲန်ယူ ဗဟိုမှ လယ်ယာနှင့် စိုက်ပျိုး‌ရေးဌာနမှ ‌ခေါင်း‌ဆောင်အချို့သည် ကရင်ပြည်နယ် ဖားအံမြို့နယ် အတွင်း ‌ကျေးနယ်အုပ်စု ၂၁ ခုရှိ ‌ဒေသခံ ၆ဝ ‌ကျော်ကို ‌မေ ၂၆ရက်‌နေ့က ‌နောင်ကမြိုင်စံပြ‌ကျေးရွာတွင် သွား‌ရောက်‌တွေ့ဆုံပြီး လယ်ယာ‌မြေ၊ သစ်‌တောနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း‌ရေးဆိုင်ရာများနှင့် သက်ဆိုင်သည့် ‌ကေအဲန်ယူ၏ မူဝါဒများကို ချပြ‌ဆွေး‌နွေးသွားစဉ် ထိုသို့ ‌ပြောဆိုခဲ့ခြင်းဖြစ်သည်။

‌တွေ့ဆုံပွဲတွင် ပါဝင်သည့် ‌ကေအဲန်ယူ ဗဟိုမှ လယ်ယာနှင့်စိုက်ပျိုး‌ရေးဌာန အတွင်း‌ရေးမှူး ပဒို ‌စော‌လေ့‌စေး က “လူထု‌တွေ တင်ပြလာတဲ့ အချက်အလက်‌တွေကို စု‌ဆောင်းပြီး ဗဟိုမှာ ပြန်လည်တင်ပြမယ်။ ပြီးရင် ‌မြေ‌တွေကို ကွင်းဆင်တိုင်းထွာမယ်။ ‌နောက်မှ ‌ကေအဲန်ယူအဖွဲ့အ‌နေနဲ့ မြန်မာအစိုးရနဲ့ ဒီပြဿနာ‌တွေကို ဘယ်လို‌ဖြေရှင်းသွားမလဲဆိုတာ တင်ပြ‌ဆွေး‌နွေးဖို့ ရှိတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။
???????????????????????????????
မြန်မာနိုင်ငံတွင် ‌မြေယာပိုင်ဆိုင်မှု ပြဿနာများနှင့်ပတ်သက်၍ ‌နေရာအနှံ့ဖြစ်ပွား‌နေချိန်တွင် ‌ကေအဲန်ယူ လယ်ယာနှင့် စိုက်ပျိုး‌ရေးဌာနသည် ၎င်းတို့သတ်မှတ်နယ်‌မြေအတွင်း ချမှတ်ထားသည့် ‌မြေယာဆိုင်ရာ မူဝါဒများကို ‌ဒေသခံများကို ယခုလို ကွင်းဆင်းချပြ‌ဆွေး‌နွေး‌နေခြင်းလည်းဖြစ်သည်။

‌ကေအဲန်ယူ လယ်ယာနှင့် စိုက်ပျိုး‌ရေးဌာနသည် ‌ဒေသခံလူထုများအား လာ‌ရောက်‌တွေ့ဆုံ‌ဆွေး‌နွေးမှုများ အတွက် အားရ‌ကျေနပ်‌ကြောင်းနှင့် ‌ဒေသခံများ ကြုံ‌တွေ့ခံစား‌နေရသည့် သစ်‌တောကိစ္စနှင့် လယ်ယာ‌မြေ ပြဿနာများကို ‌ကေအဲန်ယူအ‌နေဖြင့် ကူညီ‌ဖြေရှင်း‌ပေး‌စေလိုသည်ဟု ‌တွေ့ဆုံမှုတွင် ပါဝင်ခဲ့သည့် ‌ဒေသခံ တစ်ဦးဖြစ်သူ ‌စောသိန်း‌အောင်က ‌ကေအိုင်စီသို့ ‌ပြောသည်။

“‌ကေအဲန်ယူအ‌နေနဲ့ ‌အောက်‌ခြေအထိ ကျ‌နော်တို့လူထု‌တွေကို လာ‌ရောက်ပြီး အခုလိုမျိုး ရင်းနှီး ပွင့်လင်းစွာ မိမိတို့ရင်ဆိုင်ကြုံ‌တွေ့ရတဲ့ အခက်အခဲများကို ‌တွေ့ဆုံ‌ဆွေး‌နွေးခွင့်ရတဲ့အတွက် အလွန်ပဲ အကျိုးရှိပြီး အားရ‌ကျေးနပ်မိတယ်။ ဒါ‌တွေဟာ တစ်မျိုးသားလုံးအတွက် ‌အောင်မြင်မှု တစ်ခုပဲလို့ ယူဆမိတယ်”ဟု ‌စောသိန်း‌အောင်က ‌ပြောသည်။

‌ကေအဲန်ယူ၏ သစ်‌တော၊ လယ်ယာ‌မြေနှင့်သဘာဝပတ်ဝန်ကျင်ထိမ်းသိမ်း‌ရေးဆိုင်ရာ မူဝါဒများကို လူထု များသိရှိလာရန် ‌ကေအဲန်ယူဗဟိုမှ သစ်‌တောဌာနတာဝန်ခံ ပဒိုမန်းဘထွန်းက ဦး‌ဆောင်ပြီး လယ်ယာ‌မြေနှင့် သစ်‌တောတာဝန်ခံ ပဒို‌စော‌လေ့‌စေး၊ ပဒိုမန်းမြင့်ထွန်းတို့လည်း လိုက်ပါသွားခဲ့သည်ဟု သိရသည်။

ယခုလို ‌တွေ့ဆုံပွဲကို ‌မေ ၂၁ ရက်‌နေ့ကစ၍ ‌ကေအဲန်ယူ တပ်မဟာ(၇)နယ်‌မြေတွင် ‌မေလကုန်သည်အထိ လုပ်‌ဆောင်သွားမည်ဖြစ်ပြီး ယင်း‌နောက် ဇွန်လအတွင်းတွင် တပ်မဟာ(၆) နယ်‌မြေသို့ ဆက်လက် လုပ်‌ဆောင်သွားမည်ဟု ‌ကေအဲန်ယူ လယ်ယာနှင့်စိုက်ပျိုး‌ရေးဌာနက ဆိုသည်။