Home သတင်း ဖယ်ဒရယ်စနစ်ဖြစ်‌ပေါ်လာ‌ရေးအတွက် အ‌ခြေခံဥပ‌ဒေပြင်ရန် လိုအပ်ဟု မင်းကိုနိုင်‌ပြော

ဖယ်ဒရယ်စနစ်ဖြစ်‌ပေါ်လာ‌ရေးအတွက် အ‌ခြေခံဥပ‌ဒေပြင်ရန် လိုအပ်ဟု မင်းကိုနိုင်‌ပြော

1584

‌မေ ၂၉ရက်၊ ၂၀၁၄ခုနှစ်။ ‌စောညွှန့်‌သောင်း

ပြည်တွင်းစစ်ချုပ်ငြိမ်း‌ရေးနှင့် တိုင်းရင်းသားများ ‌တောင်းဆို‌နေသည့် ဖယ်ဒရယ်ပြည်‌ထောင်စုစနစ် ဖြစ်‌ပေါ် လာ‌ရေးအတွက် ၂၀၀၈ ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေကို ပြင်ဆင်ရန် လိုအပ်သည်ဟု ၈၈ မျိုးဆက် ငြိမ်းချမ်း‌ရေး နှင့် ပွင့်လင်းလူအဖွဲ့အစည်း‌ခေါင်း‌ဆောင် ကိုမင်းကိုနိုင်က ‌မေ ၂၈ရက်‌နေ့တွင် ‌ပြောဆိုလိုက်သည်။

၂၀၀၈ ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေထဲတွင် ပါရှိသည့် ပုဒ်မ-၄၃၆ ပြင်ဆင်နိုင်ရန်နှင့် ယင်းပုဒ်မပြင်ဆင်‌ရေး ‌ထောက်ခံလက်မှတ်များထိုးရန် ကရင်ပြည်နယ်၊ ဖားအံမြို့ရှိ ကန်သာဦးခန်းမ၌ ကျင်းပပြုလုပ်သည့် အမျိုး သားဒီမိုက‌ရေစီအဖွဲ့ချုပ်(NLD)နှင့် ၈၈ မျိုးဆက် ငြိမ်းချမ်း‌ရေးနှင့် ပွင့်လင်းလူအဖွဲ့အစည်းတို့၏ ပူးတွဲလူထု ‌ဟော‌ပြောပွဲ အခမ်းအနားတွင် ကိုမင်းကိုနိုင်က ထိုသို့ ‌ပြောဆိုခဲ့ခြင်းဖြစ်သည်။

ကိုမင်းကိုနိုင်က “ယခု ၂၀၀၈ ဖွဲ့စည်းပုံဟာ ‌တောရိုင်းဥပ‌ဒေလို့ပဲ ‌ခေါ်ရမယ်။ ကျ‌နော်တို့ဟာ ယဉ်‌ကျေးတဲ့ လူ့အဖွဲ့အစည်း‌တွေပါ။ ပြည်တွင်းစစ်ချုပ်ငြိမ်း‌ရေးနဲ့ တိုင်းရင်းသားများ‌တောင်းဆို‌နေတဲ့ တန်းတူ‌ရေးဖြစ်တဲ့ ဖယ်ဒရယ်စနစ်ဖြစ်လာ‌ရေး၊ ဒီမိုကရက်တစ်ဖြစ်တဲ့ ဒီမိုက‌ရေစီအတွက်လည်း ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေရှိရမှာ ဖြစ်ပြီး အာမခံချက်လည်း ရှိရမယ်”ဟု ယင်းအခမ်းအနားတွင် ‌ပြောကြားခဲ့သည်။

၎င်းလူထု‌ဟော‌ပြောပွဲအခမ်းအနားတွင် ၈၈မျိုးဆက် ကိုမင်းကိုနိုင်၊ ကိုပြုံးချိုနှင့် ကရင်ပြည်နယ် NLD ဥက္ကဋ္ဌ ‌ဒေါ်နန်းခင်‌ထွေးမြင့်၊ NLD ဗဟို ဥပ‌ဒေအ‌ထောက်အကူပြုအဖွဲ့ဝင်၊ တရားလွှတ်‌တော်‌ရှေ့‌နေ ဦး‌အောင်သိန်း ရှင်းလင်း‌ဟော‌ပြောမှုများပြုလုပ်ခဲ့ပြီး ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်အတွင်းရှိ ‌ဒေသခံလူထုတစ်‌ထောင်ခန့် တက်‌ရောက်ခဲ့သည်ဟု သိရသည်။

‌ဟော‌ပြောပွဲသို့ တက်‌ရောက်ခဲ့သည့် ကရင်‌ရေးရာ တွဲဘက်အတွင်း‌ရေးမှူး နန်းမြင့်တင်က “ကိုမင်းကိုနိုင် ‌ပြောတဲ့ ဖယ်ဒရယ်စနစ်နဲ့ ဒီမိုက‌ရေစီ‌ရေးတို့‌တွေဟာ ခွဲလို့မရတဲ့ အချက်‌တွေပါ။ ဒါကို ကျမတို့ ကြိုဆိုလက်ခံပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အသီးသီးမှလည်း မြန်မာအစိုးရနှင့် ငြိမ်းချမ်း‌ရေး ‌တွေ့ဆုံ‌ဆွေး‌နွေးချက် ရလဒ်များနှင့်ပတ်သက်၍ သက်ဆိုင်ရာလူထုများအား ပြန်လည်ရှင်းလင်းတင်ပြမှုများရှိ‌နေချိန်တွင် ယင်းသို့ ကိုမင်းကိုနိုင်၏ ‌ဟော‌ပြောချက်များသည် ဖယ်ဒရယ်စနစ်ဖြစ်‌ပေါ်လာ‌ရေးနှင့် ဒီမိုက‌ရေစီအစစ်အမှန် ဖြစ်လာရန် များစွာ အ‌ထောက်အကူဖြစ်‌စေမည်ဟု ယုံကြည်‌ကြောင်း နန်းမြင့်တင်က ဆက်‌ပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေပြင်ဆင်‌ရေးနှင့်ပတ်သက်၍ ဖားအံမြို့တွင် အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ် (NLD)နှင့် ၈၈ မျိုးဆက် ငြိမ်းချမ်း‌ရေးနှင့် ပွင့်လင်းလူအဖွဲ့အစည်းတို့ ပူးတွဲ၍ ယခုလို လူထု‌ဟော‌ပြောပွဲ ကျင်းပသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်ဟု သိရသည်။