(လကင်္ာဒီပ)
ပူလောင်တဲ့ ညနေခင်း
ငြင်းရရဲ့နဲ့ ငြင်းချက်မထုတ်ခဲ့တဲ့အမှု
ဗဟိုပြုခဲ့ကြ ညီညွတ်ရေး
ခပ်ရေးရေးရေးသာထင်
ပြင်ရင်းပြင်ရင်း အမှားရွေး
ပထွေးအားကျ ကျွှန်ပါးဝကြပြီလေ
မိုးခါးရေ မင်းလည်း သောက်အုံးမလား။
ဒီမှာ ရဲဘော်……….
အဆုံးစမဲ့ မိုးသားကောင်းကင်ကြီးထဲ
တိုက်လှဲတွန်းဖြိုသွားခံရ
လောကဓံမြစ်ကြမ်းတစ်လျှောက်မှာ
မထိတ်သာမလန့်သာ ကြီးထွား
ကမ်းနားသစ်ပင်ဘဝလို မရေရာ
ရှင်သန်ကြရာ အချိန်တွေစပ်ကြား
ဟေ့…ဘုရားသခင်ရဲ့ကယ်တင်ခြင်းလည်း မလိုချင်ပေ
မဝရေစာနဲ့ ခွေးပြေးဝက်ပြေး
ဘဝဆွေးတွေကပဲ ကျွတ်ချင်မိတယ်။
ဒီမှာရဲဘော်……….
ရွှေရုပ်ပေးမယ် ငွေရုပ်ပေးမယ်
အညှာလွယ်ရင် ဆက်ညာမယ်
တကယ်ပဲ ဘကြီးအောင်ညာတယ်
ဘယ်လိုရယ် မက်လုံးတွေ ပေးစမ်းပါစေ
မတွေနဲ့ မဝေနဲ့
အတုနဲ့အစစ် ကွဲပြားခွဲခြားကြစမ်းပါ
သံသရာ ဒီဘဝမှာ
ဟေ့… စကြံင်္ာမင်းလိုလည်း ကြီးကျယ်မခမ်းနားချင်
ကရင်တစ်ကျပ် ဗမာတစ်ကျပ်ပဲ လိုချင်တယ်။
ဒီမှာရဲဘော် ……….
အခြေအမြစ်မရှိပါလား
မုသားစကားတွေ မပြောကြနဲ့ပေါ့
လက်ပ်တော့ပ်လည်း မလိုချင်ပါဘူး
ထူးမခြားနား စီးပွားကွက်တွေလည်း မပေးနဲ့
ရွေးခဲ့တဲ့လမ်းဟာ တရားတာအမှန်
ဟေ့… သံသရာအဆုံးမြေ
ပြည်ရွှေနိဗ္မာန်ကြီးလည်း မလိုချင်ဘူးကွဲ့
စစ်မှန်တဲ့ ငြိမ်းချမ်းရေးပဲ ငါတို့မြတ်နိုးတယ်။
ဒီမှာရဲဘော်……….
မပွင့်မလင်းနဲ့ထိန်ချန်
လိမ်ဉာဏ်များတဲ့အစိုးရ
အပြုသဘောမဆောင်တဲ့ အကြောင်းအရာ
ဘာဘာညာညာတွေ ဇာတ်ခင်းပြ
နှုတ်ဆက်ကြထွေရာ ပလီပလာ
ဟေ့…အရာအားလုံး ဖန်ဆင်းနိုင်တဲ့
ထက်မြက်တဲ့ တန်ခိုးတော်တွေလည်းမလို
ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ တန်းတူရေးပဲ လိုချင်တယ်။
လိုနေတာကို ကုစားရန် ပြင်ဆင်
လိုချင်တာရရေး ကြိုးစား
စွမ်းအားအပြည့်နဲ့ မောင်းနှင်ဖို့
ရဲဘော်တို့….တော်လှန်ရေး သတိရှိကြပါစို့။
(ဧပြီ ၂၆၊ ၂၀၁၄)