Home သတင်း ကရင်ပြည်နယ် ‌ကော့မူးတာ‌ကျေးရွာတွင် ‌မြေလမ်းသစ်ဖွင့်လှစ်ပွဲ ပြုလုပ်

ကရင်ပြည်နယ် ‌ကော့မူးတာ‌ကျေးရွာတွင် ‌မြေလမ်းသစ်ဖွင့်လှစ်ပွဲ ပြုလုပ်

2651

ဧပြီ ၂၅ရက်၊ ၂၀၁၄ခုနှစ်။ ‌စောညွန့်‌သောင်း

ကရင်ပြည်နယ်၊ ဖားအံမြို့နယ်၊ ‌ကော့မူးတာ‌ကျေးရွာတွင် ပြည်‌ထောင်စုလွှတ်‌တော်မှ ‌ဒေသဖွံ့ဖြိုး‌ရေး လုပ်ငန်းရန်ပုံ‌ငွေဖြင့် လွှတ်‌တော်ကိုယ်စားလှယ်နှင့် ‌ဒေသခံများ ပါဝင်ပူး‌ပေါင်း‌သော လမ်းသစ်ဖွင့်ပွဲတစ်ရပ်ကို ယမန်‌နေ့က ပြုလုပ်ကျင်းပခဲ့သည်။

အိမ်‌ခြေ ၃၀၀‌ကျော်ရှိ ‌ကော့မူးတာ‌ကျေးရွာအလယ်ကို ဖြတ်သန်း‌ဖောက်လုပ်ထားသည့် အကျယ် ၁၀‌ပေနှင့် အရှည်‌ပေ ၇‌ထောင် ‌ကျော်ရှိ‌သော အဆိုပါလမ်းသစ်ကို ယခုနှစ် ‌ဖေ‌ဖော်ဝါရီမှ ဧပြီအထိ သုံးလခန့် ‌ဖောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ယခုလို ဖွင့်ပွဲကျင်းပနိုင်ခဲ့ ခြင်းဖြစ်သည်။

လမ်းသစ်ဖွင့်ပွဲတွင် တက်‌ရောက်သည့် အမျိုးသားလွှတ်‌တော် ‌စော‌အောင်‌ကျော်နိုင်က “ဒီလမ်းဟာ ရွာသား‌တွေအတွက် အများ ကြီး အကျိုးရှိပါတယ်။ ဒီလမ်းပြုပြင်တာ ပြည်‌ထောင်စုလွှတ်‌တော်က ‌ဒေသဖွံ့ဖြိုး‌ရေးလုပ်‌ဆောင်နိုင်ဖို့ ချ‌ပေးတဲ့ တစ်မြို့နယ်ကို ကျပ်သိန်းတစ်‌ထောင်ထဲက တချို့ဖြစ်တယ်။ ‌ဒေသခံ‌တွေလည်း လုပ်အား‌ကော၊ ‌ငွေ‌ကော ထည့်ကြတာ ရှိတယ်”ဟု ‌ကေအိုင်စီ သို့ ‌ပြောသည်။

၎င်း‌ကော့မူးတာ‌ကျေးရွာ ရွာလယ်လမ်းမသည် ပြည်‌ထောင်စုလွှတ်‌တော်မှ ‌ဒေသဖွံ့ဖြိုး‌ရေးလုပ်‌ဆောင်ရန်အတွက် မြို့နယ်တစ် မြို့နယ်လျှင် ကျပ်သိန်းတစ်‌ထောင်ဖြင့် ချ‌ပေးထားသည့် ရန်ပုံ‌ငွေများထဲက ကျပ်သိန်း ၄၂သိန်းနှင့် ‌ဒေသခံ ရွာသားများက ပူး ‌ပေါင်းလှူဒါန်းထည့်ဝင်ကြသည့် ကျပ်‌ငွေ ၂၆သိန်းကို အသုံးပြု လုပ်‌ဆောင်သွားခဲ့ခြင်းဖြစ်သည်ဟု ‌စော‌အောင်‌ကျော်နိုင်က ဆက် ‌ပြောသည်။

နံနက် ၈နာရီမှ ၉နာရီအထိ ပြုလုပ်ခဲ့သည့် ထိုလမ်းဖွင့်ပွဲအခမ်းအနားသို့ ပြည်သူ့လွှတ်‌တော်ကိုယ်စားလှယ် နန်း‌စေးအွာ၊ အမျိုး သားလွှတ်‌တော်ကိုယ်စားလှယ် ‌စော‌အောင်‌ကျော်နိုင်၊ ‌ကျေးရွာအုပ်ချုပ်‌ရေးမှူး၊ ရပ်မိရပ်ဖများနှင့် ‌ဒေသခံများဖြင့် စုစု‌ပေါင်း လူအင်အား ၁၅ဝဦး‌ကျော် တက်‌ရောက်ခဲ့ကြ‌ကြောင်း သိရသည်။

လမ်းသစ်ဖွင့်ပွဲအခမ်းအနား တက်‌ရောက်ခဲ့သူ ‌ကော့မူးတာ‌ကျေးရွာအုပ်ချုပ်‌ရေးမှူး ‌စောယဉ်‌ထွေးက “အရင်တုန်းက ဒီလမ်းက မိုးတွင်းမှာ က‌လေး‌တွေ ‌ကျောင်းသွား‌ကျောင်းလာရတာ အဆင်မ‌ပြေဘူး။ အခုလို လမ်း‌ဖောက်လိုက်‌တော့ မိုးတွင်း‌ရောက်ရင် သွားလာဖို့ အားလုံး အဆင်‌ပြေသွားပြီ‌ပေါ့”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

မြန်မာတနိုင်ငံလုံးတွင် ဖားအံမြို့နယ်သည် အခြားမြို့နယ်များထက် ‌ကျေးရွာအုပ်စု အများဆုံးရှိသည့် မြို့နယ်ဖြစ်၍ ပြည်‌ထောင် စုလွှတ်‌တော်မှ သတ်မှတ်ထားသည့် ‌ဒေသဖွံ့ဖြိုး‌ရေး မြို့နယ်တစ်ခုအတွက် ချ‌ပေးသည့် ကျပ်သိန်းတစ်‌ထောင်နှုန်းမှာ မလုံ ‌လောက်‌ကြောင်းကို ပြည်‌ထောင်စုလွှတ်‌တော်သို့ ပြန်လည် အဆိုတင်သွင်းသွားရန်ရှိသည်ဟု လမ်းသစ်ဖွင့်ပွဲတွင် ‌စော‌အောင် ‌ကျော်နိုင်က ‌ပြောကြားခဲ့သည်။

ပြည်‌ထောင်စုလွှတ်‌တော်၏ ‌ဒေသဖွံ့ဖြိုး‌ရေးရန်ပုံ‌ငွေဖြင့် ဖားအံမြို့နယ်တွင် ‌ကျေးနယ်‌ပေါင်း ၂၅နယ်အတွင်း အ‌သေးစား ‌ဒေသဖွံ့ ဖြိုး‌ရေးများဖြစ်သည့် ‌ရေရရှိ‌ရေး၊ တံတား၊ လမ်းနှင့် စာသင်‌ကျောင်းအတွက် လိုအပ်ချက်များ စသည့်လုပ်ငန်း‌ပေါင်း (၄၀)နီးပါး လုပ်‌ဆောင်နိုင်ခဲ့ပြီးဖြစ်သည်ဟု ကရင်ပြည်နယ်အစိုးရ၏ ‌ပြောဆိုအရ သိရသည်။