Home သတင်း အစိုးရက မဟာဗျူဟာ‌မြောက် ထိုးစစ်ကြီးဆင်‌နေ‌ကြောင်း UNFC ကန့်ကွက်‌ပြောဆို

အစိုးရက မဟာဗျူဟာ‌မြောက် ထိုးစစ်ကြီးဆင်‌နေ‌ကြောင်း UNFC ကန့်ကွက်‌ပြောဆို

1625

ဧပြီ ၂၇ရက်၊ ၂၀၁၄ခုနှစ်။ ‌စောခါးစူးညား

ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်‌မြောက်ပိုင်းရှိ တိုင်းရင်းသား လက်နက်ကိုင်‌တော်လှန်‌ရေးအဖွဲ့ ၃ခုကို ယခု ဧပြီလဆန်းပိုင်းမှ စ၍ မြန်မာအစိုးရစစ်တပ်က မဟာဗျူဟာ‌မြောက် အသွင်‌ဆောင်သည့် စစ်ဆင်‌ရေးကြီး ဆင်နွဲ‌နေသည်ဟု ညီညွှတ်‌သော တိုင်း ရင်းသားလူမျိုးများ ဖက်ဒရယ်‌ကောင်စီ(UNFC)က ဧပြီလ ၂၃ရက်‌နေ့တွင် ‌ကြေညာချက် ထုတ်ပြန်လိုက်သည်။

ကချင်လွတ်‌မြောက်‌ရေးတပ်မ‌တော်(KIA)၊ တအာင်းအမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော်(TNLA)နှင့် ရှမ်းပြည်တပ်မ‌တော်-‌တောင်ပိုင်း(SSN-N)တို့အား တိုက်ခိုက်ခြင်းအ‌ပေါ် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ ဧပြီ ၂၁ရက်မှ ၂၂ရက်‌နေ့အထိ ပြုလုပ်ကျင်းပသည့် UNFC ဗဟိုအလုပ်အမှု‌ဆောင်‌ကော်မတီ(တိုးချဲ့) အစည်းအ‌ဝေး ဆုံးဖြတ်ချက်အရ ထိုသို့ သ‌ဘောထား ထုတ်ပြန်ခဲ့ခြင်းဖြစ် သည်။

UNFC ၏ ဒု-ဥက္ကဌဖြစ်သူ ပဒို‌စော‌ဒေးဗစ်သက‌ပေါက “အခု ကချင်နဲ့ ရှမ်း‌ဒေသမှာ အစိုးရက တပ်မ ၇ခုနဲ့ ‌ဒေသကွပ်ကဲ‌ရေးနှစ်ခု က တပ်ရင်း‌တွေ လွတ်ထားတယ်။ အင်အားက ‌တော်‌တော်များတယ်‌ပေါ့။ ဒါဟာ အရင် ကရင်ကို လုပ်ခဲ့အတိုင်းပါပဲ။ ဒီအတိုင်း ဆိုရင် အပစ်ရပ်‌ရေး‌ဆွေး‌နွေးမှုအတွက် ‌နှောင့်‌နှေးမှုဖြစ်‌စေ‌တော့ သတိ‌ပေးချင်တဲ့အ‌နေနဲ့ ဒီထုတ်ပြန်ချက် ထုတ်တာပါ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ‌ရေး သ‌ဘောတူညီချက် စာချုပ်ဆိုနိုင်‌ရေးအတွက် အစိုးရအ‌နေဖြင့် အမှန်တကယ် ဆန္ဒရှိပါက တိုင်းရင်းသား‌ဒေသရှိ ထိုးစစ်ဆင်ကြီးများကို အမြန်ဆုံး ရပ်တန့်ရမည်ဟုလည်း ပဒို‌စော‌ဒေးဗစ်သက‌ပေါက ထပ်မံ ဖြည့်စွက်‌ပြော ဆိုသည်။

အစိုးရသည် ကရင်နှင့် မွန်ပြည်နယ်တို့ကို ‌နောက်ချန်ထားပြီး သာလွန်အင်အားသုံးကာ KIA, TNLA နှင့် SSA(N) တပ်များကို ဦးတည်‌ချေမှုန်းရန် ထိန်းချုပ်ကြိုးပမ်းမှုများ‌ကြောင့် ‌နေရာအနှံ့တိုက်ပွဲများဖြစ်ပွားကာ စစ်‌ပြေးဒုက္ခသည်များ ‌နေရာစွန့်ခွာ ထွက် ‌ပြေးရခြင်း၊ လူ့အခွင့်အ‌ရေးချိုး‌ဖောက်မှုများ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ အပါအဝင် စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းများ ကိုလည်း ‌နေ့စဉ်ရက်ဆက် ကြား‌နေရသည့်အ‌ပေါ် စိုးရိမ်‌ကြောင်း UNFC ၏ ထုတ်ပြန်ချက်တွင် ထည့်သွင်း‌ဖော်ပြထားသည်။

ထို့အပြင် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲ‌ရေး သ‌ဘောတူစာချုပ် ချုပ်ဆိုနိုင်ရန် ကြိုးပမ်း‌နေချိန်တွင် အစိုးရဘက်မှ ယခုကဲ့သို့ စစ်အင်အားများ အသုံးပြု၍ ပြဿနာ‌ဖြေရှင်းရန် လုပ်‌ဆောင်‌နေခြင်းမှာ မဖြစ်သင့်ရုံ သာမကရရှိပြီး‌သော နားလည်မှု၊ ယုံကြည်မှု နှင့် နားလည်မှုအဆင့်တိုင်းကို ‌ချေဖျက်သလို ဖြစ်သွားမည်ကို UNFC က သတိ‌ပေးလိုသည်ဟု ‌ကြေညာချက်က ဆိုသည်။

အစိုးရအ‌နေဖြင့် ထိုးစစ်ကြီးများ ဆင်နွှဲရန် ပြင်ဆင်‌နေ‌သော တပ်ရင်းတပ်ဖွဲ့အားလုံးကို ပြန်လည်‌ခေါ်ယူ ရုပ်သိမ်းရန်နှင့် တနိုင်ငံ လုံး အပစ်အခတ်ရပ်စဲ‌ရေး သ‌ဘောတူညီချက်စာချုပ် ရယူပြီး နိုင်ငံ‌ရေးသ‌ဘောတူညီချက် ရယူခြင်းအထိ ‌ဆောင်ရွက်ကာ အနာ ဂတ်ဖက်ဒရယ်ပြည်‌ထောင်စုကြီး ‌ဖော်‌ဆောင်သွားကြရန်လည်း UNFC က တိုက်တွန်းထားသည်။

တိုင်းရင်းသား လက်နက်ကိုင်‌တော်လှန်‌ရေးအဖွဲ့အစည်း ၁၁ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် UNFC သည် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲ ‌ရေးဆိုင်ရာညှိနှိုင်း‌ရေးအဖွဲ့(NCCT)ကို ဖွဲ့စည်းခဲ့ပြီး အစိုးရ ပြည်‌ထောင်စုငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်‌ရေးအဖွဲ့(UPWC)နှင့် ဧပြီ ၅ရက် မှ ၈ရက်‌နေ့အထိ ရန်ကုန်မြို့တွင် ‌လေးရက်တာ ‌တွေ့ဆုံ‌ဆွေး‌နွေးပြီး‌နောက်ပိုင်း ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်‌မြောက်ပိုင်း တွင် တိုက်ပွဲများ ပြန်လည်ပြင်းထန်လာခြင်းဖြစ်သည်။