Home ဆောင်းပါး ကာချုပ်၏ သူရဲ‌ကောင်း‌လော ဒီမိုက‌ရေစီပြည်သူ့ သူရဲ‌ကောင်း‌လော

ကာချုပ်၏ သူရဲ‌ကောင်း‌လော ဒီမိုက‌ရေစီပြည်သူ့ သူရဲ‌ကောင်း‌လော

1678

‌မောင်‌ကျော်စွာ

(၂၀၁၄ခုနှစ်၊ ဇန်နဝါရီ ၇ရက်)

(၁)

“သူရဲ‌ကောင်း” ဆိုသည်မှာ ဘာလဲ။
ပ‌ဒေသရာဇ်‌ခေတ်၌ “သူရဲ‌ကောင်း” ဆိုသည်မှာ အုပ်စိုးသူဘုရင်မင်းမြတ်၏ အကျိုးသစ္စာရှိစွာ သယ်ပိုးသူ။

လွတ်လပ်‌ရေးနှင့်အတူ ပြည်တွင်းစစ်ကြီး ဖြစ်ပွား‌နေ‌သော မြန်မာနိုင်ငံ၌လည်း အုပ်စိုးသူအစိုးရအဆက်ဆက်က သူတို့၏အကျိုး ကို သစ္စာရှိစွာ သယ်ပိုးထမ်း‌ဆောင်သူ၊ “တုံးဆိုတိုက်၊ ကျားဆိုကိုက်” ကာကွယ်တိုက်ခဲ့သူများကို “သူရဲ‌ကောင်း”ဟူ၍ ချီးပင့် ‌မြှောက်စားခဲ့ကြသည်။
ဘုရင့်အကျိုး သစ္စာရှိစွာ သယ်ပိုးသူသည် ဘုရင့်သူရဲ‌ကောင်း။
အုပ်စိုးသူအကျိုး သစ္စာရှိစွာ ထမ်း‌ဆောင်သူသည် အုပ်စိုးသူ၏သူရဲ‌ကောင်း။

(၂)

“ကာချုပ်၏ သူရဲ‌ကောင်း”
၆၆နှစ်‌မြောက် လွတ်လပ်‌ရေး‌နေ့က ကာချုပ်ဗိုလ်ချုပ်မှူးကြီး မင်း‌အောင်လှိုင် ကိုယ်တိုင်တက်‌ရောက်၍ ‌ပေး‌သောဆု ဖြစ်သည်။
“၂၀၁၂-၂၀၁၃ခုနှစ်”အတွင်း နိုင်ငံ‌တော်ကာကွယ်‌ရေး တာဝန်ထမ်း‌ဆောင်ခဲ့သူများအား ‌ပေးအပ်ခြင်းဟု ဆိုပါသည်။

“နိုင်ငံ‌တော်”ဆိုသည်မှာ သမ္မတဦးသိန်းစိန်အစိုးရနှင့် ၂၀၀၈အ‌ခြေခံဥပ‌ဒေပင်ဖြစ်ပြီး “ကာကွယ်‌ရေးတာဝန်” ဆိုသည်မှာ သမ္မတ ဦးသိန်းစိန်အစိုးရနှင့်၂၀၀၈ အ‌ခြေခံဥပ‌ဒေအား ကာကွယ်ရသည့်တာဝန်ကို ဆိုလိုခြင်းဖြစ်သည်။

နိုင်ငံ‌တော်ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေကို ကာကွယ်‌စောင့်‌ရှောက်ရန် စစ်တပ်၌ အဓိကတာဝန်ရှိသည်ဟူ၍ “၂၀၀၈ အ‌ခြေခံဥပ‌ဒေ”၌ အတိအလင်း ပြဋ္ဌာန်းထားပါသည်။ စစ်တပ်သည် အုပ်စိုးသူအစိုးရအကျိုးကို သစ္စာရှိစွာ ကာကွယ်ရမည်။

“စစ်တပ်”သည် ပြည်သူ့အကျိုးကို ကာကွယ်ခြင်းမဟုတ်။ အုပ်စိုးသူအစိုးရ၏ အကျိုးကိုသာကာကွယ်‌နေခြင်းဖြစ်သည် ဟူ‌သော အချက်ကို ပြည်သူများသည် ၎င်းတို့ကြုံ‌တွေ့ရ‌သော လက်‌တွေ့ထဲမှ‌နေ၍ “အစိုးရစစ်တပ်”ဟု တိကျစွာမှန်ကန်စွာ ‌ခေါ်ဆို‌ပေ၏။

သို့ပါ၍ အရင်းစစ်လိုက်လျှင် “ကာချုပ်၏သူရဲ‌ကောင်း” ဆိုသည်မှာ အုပ်စိုးသူအစိုးရ အကျိုးသစ္စာရှိစွာ ထမ်း‌ဆောင်သူအား ‌ပေး အပ်‌သော ဆုတံဆိပ်ပင် ဖြစ်ပါသည်။

ထို့အပြင် “နိုင်ငံ‌တော်ကာကွယ်‌ရေးတာဝန် ထမ်း‌ဆောင်ခဲ့သူ” ကို “နိုင်ငံ‌တော်အထွတ်အထိပ်‌နေရာ ရရှိသည်”ဆိုသည့် နိုင်ငံ ‌တော်သမ္မတက “နိုင်ငံ‌တော်” ကိုယ်စား‌ပေး ဂုဏ်ပြု/ဆု‌ပေးရမည်ဖြစ်ပါသည်။ “ ၂၀၀၈ အ‌ခြေခံဥပ‌ဒေ” ပုဒ်မ ၅၇ ၌ နိုင်ငံ‌တော် သမ္မတနှင့် ဒုတိယသမ္မတများသည် နိုင်ငံ‌တော်ကို ကိုယ်စားပြုသည်” ဟူ၍ ပြဋ္ဌာန်းထားသည်။ သို့‌သော်လည်း နိုင်ငံ‌တော် သမ္မတနှင့် ဒုတိယသမ္မတများမှ ဆု‌ပေး၍မဖြစ်‌သော အ‌နေအထား‌ကြောင့်သာ “နိုင်ငံ‌တော်”ကိုယ်စား၊ “နိုင်ငံ‌တော်သမ္မတနှင့် ဒုတိယသမ္မတများ” ကိုယ်စား ကာချုပ်မှတဆင့် ‌ပေးရခြင်းလည်းဖြစ်သည်။

(၃)

ကာချုပ်၏ သူရဲ‌ကောင်းဆုတံဆိပ်များသည် “၂၀၁၂- ၂၀၁၃ ခုနှစ်အတွင်း” ဖြစ်ပွားခဲ့‌သော စစ်ပွဲများနှင့် ကချင်ပြည်နယ်၊ ‌မြောက် ပိုင်းတိုင်းစစ်ဌာနချုပ်၊ “တိုင်း‌အောင်စစ်ဆင်‌ရေး”၌ ပါဝင်တိုက်ခိုက်ခဲ့‌သော တပ်ရင်းတပ်ဖွဲ့များမှ “တုံးဆိုတိုက်၊ ကျားဆိုကိုက်” တိုက်ခိုက်ခဲ့သူ စစ်ဗိုလ်စစ်သားများအား ကာချုပ်ဗိုလ်ချုပ်မှူးကြီးမင်း‌အောင်လှိုင်ကိုယ်တိုင် ဆု‌ပေးခြင်းဖြစ်သည်။

“၂၀၁၂ – ၂၀၁၃ ခုနှစ်အတွင်း” ဆိုလျှင် ကချင်ပြည်နယ်တွင်း လက်နက်ကိုင် ကချင်တိုင်းရင်းသား အဖွဲ့အစည်းတစ်ခုဖြစ်သည့် KIO/KIA နှင့် တိုက်ခိုက်ကြသည့် တိုက်ပွဲများကို ရည်ညွန်းခြင်းဖြစ်သည်။ “ရန်သူ့တပ်ရင်း(၃)ဌာနချုပ်”ကို တိုက်ခိုက်ခြင်းဟု ‌ဖော်ပြသည်။

“ရန်သူ့တပ်ရင်း(၃)ဌာနချုပ်” ဆိုသည်မှာ ကချင်လွတ်လပ်‌ရေး တပ်မ‌တော်၏ တပ်ရင်း(၃) ဌာနချုပ်ပင်ဖြစ်သည်။
ဆုရသူများအနက် တပ်ခွဲတပ်ကြပ်ကြီး‌စောမာရှယ်ဆိုသူကို သတိပြုမိပါသည်။ သူ့အမည်နှင့် သူ့ပုံပန်းကိုကြည့်ရုံဖြင့် သူသည် ကရင်လူမျိုးတစ်‌ယောက်ဖြစ်မည်ကို အလွယ်တကူသိနိုင်ပါသည်။ ကရင်လူမျိုးစစ်သားတစ်‌ယောက်သည် အစိုးရစစ်တပ်က “ရန်သူ”ဟု ရည်ညွန်း‌သော မိမိနှင့် တ‌မြေထဲ‌နေ တ‌ရေထဲ‌သောက် တိုင်းရင်းသားမျိုးနွယ်တစ်ခုဖြစ်‌သော “KIA ကချင်များ”ကို တိုက်ခိုက်ခဲ့ရခြင်းဖြစ်သည်။ ထိုသို့တိုက်ခိုက်ခဲ့သည့်အတွက် သူသည် ကာချုပ်၏ သူရဲ‌ကောင်းဆုရခြင်း ဖြစ်သည်။

“ကာချုပ်၏ သူရဲ‌ကောင်းဆု”သည် တိုင်းရင်းသားချင်း စစ်ခင်းရ‌သော ပြည်တွင်းစစ်၌ ‌ပေး‌သောဆုပါတကား။ တိုင်းရင်းသားများ ၏‌သွေးများ စွန်းထင်း‌နေ‌သော ဆုတံဆိပ်ပါတကား။ ပြည်တွင်းစစ်ကို ချက်ချင်းရပ်ရမည်။

(၄)

ကချင်နှင့် ကရင်ကို ထိုးခွဲပြီး ကရင်ကို ဆွယ်‌လေသ‌လော။
တိုက်ဆိုင်မှု‌တော့မဖြစ်နိုင်။
ကချင်ပြည်နယ် ထိုးစစ်အတွင်း “အသက်ကို ပဓါနမထားဘဲ၊ ‌ပေးအပ်တဲ့ တာဝန်ကို ‌ကျေပွန်စွာ စွမ်းစွမ်းတမံ ထမ်း‌ဆောင်”ခဲ့ကြ ‌သော သူ၏စစ်သားများအား ဂုဏ်ပြုပွဲပြီးသည့်‌နောက် ဇန်နဝါရီလ ၅ရက်‌နေ့တွင် ကာချုပ်ဗိုလ်ချုပ်မှူးကြီးမင်း‌အောင်လှိုင်သည် ‌နေပြည်‌တော်၊ ဘုရင့်‌နောင်ရိပ်သာ၌ (KNU) ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌ ‌စောမူတူ‌စေးဖိုးနှင့်အဖွဲ့အား လက်ခံ‌တွေ့ ဆုံ ‌လေ၏။

(KIA)ကချင်ကို ချနိုင်သူများအား ဂုဏ်ပြု‌အောင်ပွဲခံပြီး (KNU)ကရင်ကို လက်ခံ‌တွေ့ဆုံ စည်းရုံး‌လေသ‌လော၊ ‌တွေးစရာ၊ ‌မေး စရာပင် ဖြစ်‌ပေ‌တော့သည်။ ထို့အပြင် သတိပြုမိသည့်အချက်များမှာ –
ကာချုပ်သည် အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ‌ဒေါ်‌အောင်ဆန်းစုကြည်က “၂၀၀၈ အ‌ခြေခံဥပ‌ဒေ” ပြင်ဆင်‌ရေးအတွက် “‌လေးဦး‌လေးသွယ် ‌တွေ့ဆုံရန် ‌မေတ္တာရပ်ခံသည်”ကိုမူ လျစ်လျူရှုထား‌လေ၏။

ကာချုပ် (KNU) ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌ ‌စောမူတူ‌စေးဖိုးနှင့် ‌တွေ့ဆုံသည်မှာ ယခုအခါနှင့်ဆိုလျှင် ၃ကြိမ်ရှိပြီဖြစ် သည်။ အရပ်ဝတ်ဖြင့်သာ လက်ခံ‌တွေ့ဆုံသည်ကို သတိပြုမိ၏။ စစ်ဝတ်စုံပြည့်ဝတ်ထားပြီး လက်ခံ‌တွေ့ဆုံမည်ဆိုလျှင် တစ်ဖက် က “ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော်” (KNLA)ဝတ်စုံပြည့် ဝတ်ဆင်လာမည်ကို စိုးရိမ်၍‌လော၊ သို့တည်းမဟုတ် “အလွတ်သ‌ဘော‌တွေ့ဆုံမှု”ဆိုသည်ကို သိသာ‌ပေါ်လွင်‌စေရန် အရပ်ဝတ်ဖြင့်သာ လက်ခံ‌တွေ့ဆုံ‌လေသ‌လော။

သမ္မတနှင့်ဖြစ်‌စေ၊ ကာချုပ်နှင့်ဖြစ်‌စေ အလွတ်သ‌ဘော‌တွေ့ခဲ့ကြပြီးပြီး။ ပီပြင်သည့် မည့်သည့်ရလဒ်မျှမထွက်‌ပေါ်ခဲ့။ (လွှတ်‌တော် ဥက္ကဋ္ဌများနှင့်သာ ‌တွေ့ရန်ကျန်‌တော့သည်။ (‌တွေ့လည်း မည်သည့်ရလဒ်မျှ ထွက်စရာမရှိ) မည်သည့်ရလဒ်မျှ ပီပီပြင်ပြင် ‌ပေါ် ထွက်မလာ‌သော “အလွတ်သ‌ဘော‌တွေ့ဆုံမှုများ”အား မီဒီယာများတွင်‌ဖော်ပြ၍ ဒီမိုက‌ရေစီ‌ရေး၊ ငြိမ်းချမ်း‌ရေး၊ တန်းတူ‌ရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိ‌ရေး လိုလား‌မျှော်လင့်‌နေကြသည့် လူမျိုးစုံပြည်သူများအား မလှည့်ဖျားသင့်‌တော့ပါ။

“အလွတ်သ‌ဘော ငြိမ်းချမ်း‌ရေး‌ဆွေး‌နွေးပွဲ” ဆိုသည်များ ပြည်ပမှပြည်တွင်း၊ “‌ရွှေလီမှ မြစ်ကြီးနား”၊ “ချင်းမိုင်မှ ရန်ကုန်”၊ ‌မြောက် ဖျားမှ‌တောင်ဖျား၊ “မြစ်ကြီးနားမှ ဘားအံသို့” ‌ပြောင်း‌ရွှေ့‌နေ‌သော်လည်း တိကျ‌ရေရာသည့်ရလဒ် မ‌ပေါ်ထွက်ခဲ့‌ချေ။ ဘားအံတွင် ပင် အ‌တော်ကြီး ထစ်‌ငေါ့‌နေသည်မဟုတ်ပါလား။ ဘားအံပြီးလျှင် မွန်တို့ဋ္ဌာ‌နေ၊ ရာမည (‌မော်လမြိုင်)သို့ ခရီးဆက်ဦးမည်‌လော မသိ။ ‌ရှေ့ဆက်လျှင် ‌ကော့‌သောင်းမှတဆင့် ဘဂင်္လားပင်လယ်‌အော်ထဲ ‌ရောက်ဖို့သာရှိမည်။
“ကားပါမစ်”ဖြင့် ငြိမ်းချမ်း‌ရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်‌ရေး မတည်‌ဆောက်နိုင်‌ကြောင်း ဦး‌နှောက် ပုံမှန်ရှိသူတိုင်း သ‌ဘော‌ပေါက်ပါသည်။

“ကြံ့ဖွံ့အစိုးရ၊ လွှတ်‌တော်၊ တပ်မ‌တော်တို့၏ သ‌ဘောထားအမှန်”ကိုမူ နိုဝင်ဘာလ ၄ရက်၊ မြစ်ကြီးနားမြို့ ‌ဆွေး‌နွေးပွဲတွင် ‌ပေး အပ်ခဲ့‌သော “ပြည်‌ထောင်စုသမ္မတမြန်မာနိုင်ငံ‌တော်နှင့် လက်နက်ကိုင်တိုင်းရင်းသား အဖွဲ့အစည်းများအကြား တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ ရပ်စဲ‌ရေး သ‌ဘောတူညီချက်စာချုပ်”ကို ‌လေ့လာပြီး‌နောက် တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့အစည်းအားလုံးနှင့် လူမျိုး‌ပေါင်းစုံပြည်သူများက အ‌လေးအနက် သ‌ဘော‌ပေါက် နားလည်‌နေကြပြီဖြစ်ပါသည်။

ယ‌နေ့ နိုင်ငံ‌ရေးပြဿနာအားလုံး၏ အဓိကဆုံချက်မှာ “၂၀၀၈ အ‌ခြေခံဥပ‌ဒေ”ပင်ဖြစ်သည်။ အပစ်ရပ်စဲ‌ရေး၊ ပြည်တွင်းငြိမ်းချမ်း ‌ရေး၊ ဒီမိုက‌ရေစီဖက်ဒရယ်ပြည်‌ထောင်စု တည်‌ဆောက်‌ရေးအစရှိသည့် ဦးတည်ချက်များဖြစ်‌မြောက် အ‌ကောင်ထည်‌ဖော်ရန်အ တွက်ဆိုလျှင် “၂၀၀၈ အ‌ခြေခံဥပ‌ဒေ”အား အ‌ပေါ်ယံ ပြုပြင်ဖာ‌ထေးရုံဖြင့် မရနိုင်ပါ။

အ‌ခြေခံဥပ‌ဒေသစ်တစ်ရပ် ‌ရေးဆွဲကြရပါလိမ့်မည်။ ထိုသို့ အ‌ခြေခံဥပ‌ဒေသစ်တစ်ရပ် ‌ရေးဆွဲရန် သူရဲ‌ကောင်း‌တွေ လိုအပ်‌နေပါ သည်။ ဘုရင့်သူရဲ‌ကောင်း၊ အုပ်စိုးသူ၏သူရဲ‌ကောင်း။ ကာချုပ်သူရဲ‌ကောင်းများသည် အ‌ခြေခံဥပ‌ဒေသစ်ကို မ‌ရေးဆွဲနိုင်ပါ။ လူမျိုး ‌ပေါင်းစုံ ပြည်သူလူထုအကျိုး သစ္စာရှိစွာ သယ်ပိုးထမ်း‌ဆောင်မည့် ဒီမိုက‌ရေစီ ပြည်သူ့သူရဲ‌ကောင်းများသာလျှင် အ‌ခြေခံဥပ‌ဒေ သစ်‌ရေး ဆွဲနိုင်မည် ဖြစ်ပါသည်။

နယ်ချဲ့သမားနှင့် ဖက်ဆစ်များကို ‌တော်လှန်ခဲ့‌သော၊ အုပ်စိုးသူအဆက်ဆက်ကို ခုခံ‌တော်လှန်‌နေ‌သော လူမျိုးစုံပြည်သူများသာ လျှင် ဒီမိုက‌ရေစီပြည်သူ့သူရဲ‌ကောင်းများ ဖြစ်ပါသည်။

– မြဝတီသတင်းစာ (၆- ၁ – ၂၀၁၄)