Home သတင်း ထားဝယ်မြို့တွင် တ‌နော်သရီက‌ညော ဖွံ့ဖြိုးတိုးတက်‌ရေး အများပိုင်ကုမ္ပဏီလီမိတက်တည်‌ထောင်

ထားဝယ်မြို့တွင် တ‌နော်သရီက‌ညော ဖွံ့ဖြိုးတိုးတက်‌ရေး အများပိုင်ကုမ္ပဏီလီမိတက်တည်‌ထောင်

2422
စက်တင်ဘာ ၁၆ ရက်၊ ၂၀၁၃ ခုနှစ်။ စဖန်း‌ရှောင်း (‌ကေအိုင်စီ)

TKDP-Company-officeတနသင်္ာရီတိုင်း‌ဒေသကြီးအတွင်း ‌နေထိုင်‌သော ကရင်လူမျိုးများ၏ ဘဝဖွံ့ဖြိုးတိုးတက်‌စေ‌ရေးအတွက် ရည်ရွယ် ၍ တ‌နော်သရီက‌ညော ဖွံဖြိုးတိုးတက်‌ရေး အများပိုင်ကုမ္မဏီလီမိတက်(Tenawtherie Kanyaw Development Public Company Limited) အမည်ရှိ ကုမ္ပဏီတစ်ခုကို တည်‌ထောင်ဖွင့်လှစ်လိုက်‌ကြောင်း သိရသည်။

အဆိုပါကုမ္ပဏီကို ဒါရိုက်တာအဖြစ် လက်ရှိအဖွဲ့ဝင် ၇ဦး ထားရှိပြီး ဖွင့်ပွဲအခမ်းအနားကို ဩဂုတ်လ ၂၉ ရက်‌နေ့ က ထားဝယ်မြို့ ရှမ်းမလည် ဆွဲရပ်ကွက်၊ ‌ဆေးရုံလမ်း၊ အမှတ်(၂၈၅)တွင် ဖွင့်လှစ်လိုက်သည်ဟု ဒါရိုက်တာ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ‌နော်တားလာက ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

“ကျမတို့အ‌နေနဲ့ ရည်ရွယ်တာက‌တော့ ဒီ‌ဒေသမှာရှိတဲ့ ကရင်လူမျိုး‌တွေအ‌နေနဲ့ စီးပွား‌ရေး အမြင်ကျယ်လာဖို့၊ လူ‌နေမှုဘဝ‌တွေဖွံ့ဖြိုးတိုးတက်လာဖို့ ရည်ရွယ်ပြီး ဖွင့်လှစ်ရခြင်းဖြစ်ပါတယ်”ဟု ‌နော်တားလာက ‌ပြောသည်။

ယခု ကုမ္ပဏီသည် သယ်ယူပို့‌ဆောင်‌ရေးလုပ်ငန်း၊ သွင်းကုန်ထုတ်ကုန်နှင့် ‌ကျောက်ထုတ်လုပ်ငန်းများကို အဓိကထားကာ လုပ်‌ဆောင်ရန်ရှိပြီး ‌လော‌လောဆယ်တွင် ကုမ္ပဏီအမည်ဖြင့် ခရီးသည် ယဉ်လိုင်းတစ်ခု‌ပြေးဆွဲ ရန် စီစဉ်ထား‌ကြောင်း တ‌နော်သရီက‌ညော ဖွံဖြိုးတိုးတက်‌ရေး အများပိုင်ကုမ္မဏီလီမိတက်က ဆိုသည်။

၂၀၁၃ ခုနှစ် ‌ဖေ‌ဖော်ဝါရီလတွင် ကုမ္ပဏီတည်‌ထောင်ခွင့်ကို သက်ဆိုင်ရာအစိုးရဌာနသို့ ‌လျှောက်ထားကာ ‌မေလ ၁၆ ရက်‌နေ့တွင် ခွင့်ပြုမိန့်ကျလာခြင်းဖြစ်ပြီး ‌ရှေ့ဆက်လုပ်‌ဆောင်မည့်လုပ်ငန်းများနှင့်ပတ်သက်၍ ဖြည်းဖြည်းချင်း အ‌ကောင်အထည်‌ဖော် လုပ်‌ဆောင်သွားမည်ဟု သိရသည်။

‌နော်တားလာက “‌လော‌လောဆယ်‌တော့ ထားဝယ်-ကန်ချနဗူရီ‌ပြေးမယ့် ခရီသည်ယဉ်လိုင်းတစ်ခု ‌ပြေးဆွဲဖို့ စီစဉ်ထားပါတယ်၊ ‌နောက်ပြီး ဂဝံ(လမ်းခင်း)‌ကျောက်ထုတ်လုပ်‌ရေး‌ပေါ့။ သွင်းကုန်ထုတ်ကုန်အ‌နေနဲ့က‌တော့ ဘာပစ္စည်း‌တွေတင်ပို့မယ် သွင်းမယ်ဆိုတာက‌တော့ ဖြည်းဖြည်းချင်းလုပ်‌ဆောင်သွားမှာပါ”ဟု ‌ပြောသည်။

၎င်းကုမ္ပဏီသည် ကရင်အဖွဲ့အစည်းတွင်းရှိ ပုဂ္ဂိုလ်များ ပါဝင်ခြင်းမရှိပဲ ‌ဒေသအတွင်း‌နေထိုင်‌သော ကရင်လူမျိုး များဖြင့်သာ ဖွဲ့စည်းထားခြင်းဖြစ်‌ကြောင်း သူမက ဖြည့်စွက်‌ပြောဆိုသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU)နှင့် မြန်မာအစိုးရအကြား ၂၀၁၂ခုနှစ်မှစ၍ အပစ်အခတ်ရပ်စဲ‌ရေး ‌ဆွေး‌နွေး ပြီး‌နောက်ပိုင်း ကရင်‌ဒေသတွင်းတွင် စီးပွား‌ရေးလုပ်ငန်းများ ပိုမိုလုပ်‌ဆောင်လာခဲ့သည်နှင့်အမျှ ဇူလိုင်လ ၄ ရက်‌နေ့ကလည်း ကရင်ပြည်နယ်၊ မြဝတီမြို့တွင် KNU တပ်မဟာ ၇ မှ မိုးကိုစံ အမည်ရှိ ခရီးသွားလာ‌ရေးနှင့် ကူသန်း‌ရောင်းဝယ်‌ရေးကုမ္ပဏီတစ်ခုကို ဖွင့်လှစ်ခဲ့‌သေးသည်။