Home သတင်း နိုင်ငံခြားသားများ ဝင်ထွက် သွားလာနိုင်ရန် ထိုင်း-မြန်မာ နယ်စပ်ဂိတ် ၄ခုကို အဆင့် တိုးမြှင့်ဖွင့်လှစ်

နိုင်ငံခြားသားများ ဝင်ထွက် သွားလာနိုင်ရန် ထိုင်း-မြန်မာ နယ်စပ်ဂိတ် ၄ခုကို အဆင့် တိုးမြှင့်ဖွင့်လှစ်

1696
ဩဂုတ်လ ၂၈ရက်၊ ၂၀၁၃ခုနှစ်။ စဖန်း‌ရှောင်း (‌ကေအိုင်စီ)

20130828_074858
နိုင်ငံသားများသာမက အခြား‌သော မည်သည့်နိုင်ငံသားမဆို တရားဝင် နိုင်ငံကူးလက်မှတ်နှင့် ဗီဇာများ အခြားခိုင်လုံသည့် အ‌ထောက်အထားရှိသူများကို ထိုင်းနှင့် မြန်မာနှစ်နိုင်ငံအတွင်းသို့ ဝင်ထွက်သွားလာနိုင်ရန် နှစ်နိုင်ငံအစိုးရက နယ်စပ်ဂိတ် ၄ဂိတ်ကို အဆင့်တိုးမြှင့်၍ ယ‌နေ့ ဖွင့်လှစ်လိုက်သည်။

နယ်စပ်ဖြတ်‌ကျော်မှုကို အဆင့်တိုးမြှင့်ပြီး သွားလာခွင့်‌ပေးရာတွင် မြဝတီ-မဲ‌ဆောက်ဂိတ်၊ တာချီလိတ်-မယ်ဆိုင်၊ ထီးခီး-ဖုနရွှန် ဂိတ်နှင့် ‌ကော့‌သောင်း-ရ‌နောင်းဂိတ်များကို ယ‌နေ့တစ်ရက်တည်းတွင် တစ်ပြိုင်နက် ဖွင့်လှစ်‌ပေးလိုက်ခြင်းဖြစ်သည်။

ထိုသို့ အဆင့်တိုးမြှင့်ဖွင့်လှစ်ပြီး ခွင့်ပြုလိုက်သည့်အတွက် နှစ်နိုင်ငံအတွက် ချစ်ကြည်‌ရေးသာမက ကုန်သွယ်‌ရေးနှင့် အခြား ‌သော အခွင့်အလမ်းများ ပိုမို အကျိုးဖြစ်ထွန်း လာနိုင်မည်ဟု ယ‌နေ့ မြဝတီ- မဲ‌ဆောက်ဂိတ်တွင် ပြုလုပ်‌သော ဖွင့်ပွဲအခမ်းအနား တွင် လူဝင်မှုကြီးကြပ်‌ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ပြည်‌ထောင်စုဝန်ကြီး ဦးခင်ရီက အဖွင့်အမှာစကား ‌ပြောကြားခဲ့သည်။

“အခုလို ဖွင့်လှစ်နိုင်ခြင်းမှာ ပြည်တွင်းငြိမ်းချမ်း‌ရေး ‌ဖော်‌ဆောင်မှု အသီးပွင့်‌တွေဖြစ်ပြီး‌တော့ ကရင်ပြည်နယ်အတွင်းရှိ ‌ဒေသဖွံ့ဖြိုး မှု၊ အလုပ်အကိုင်ရရှိမှုနဲ့ ဝင်‌ငွေတိုးမြှင့်ရရှိမှု၊ ကုန်သွယ်‌ရေး၊ ခရီးသွားလာ‌ရေးလုပ်ငန်း စတဲ့ အခွင့်အလမ်း‌တွေလည်း ပိုမိုရရှိမှာ ဖြစ်ပါတယ်”ဟု ဦးခင်ရီက ‌ပြောကြားသွားခဲ့သည်။

အခမ်းအနားသို့ ပြည်‌ထောင်စုဝန်ကြီးဦးခင်ရီ၊ ကရင်ပြည်နယ် နယ်စပ်‌ရေးရာလုံခြုံ‌ရေးဝန်ကြီး ဗိုလ်မှူးကြီး‌အောင်လွင်၊ ဟိုတယ် နှင့်ခရီးသွားလာ‌ရေး ဝန်ကြီးဌာန ပြည်‌ထောင်စု ဝန်ကြီး ဦး‌ဌေး‌အောင် စသည့် အစိုးရအရာရှိကြီးများအပြင် ကရင်အမျိုးသားအ စည်းအရုံး(‌ကေအဲန်ယူ)မှ ပြည်ထဲ‌ရေးနှင့် သာသနာ‌ရေးဌာန တာဝန်ခံ ပဒို‌စောအားတိုးနှင့် မြဝတီ ဆက်ဆံ‌ရေးရုံးတာဝန်ခံ ဗိုလ်မှူး‌စော‌ဇောရိုးတို့လည်း တက်‌ရောက်ခဲ့ကြသည်။

20130828_083904
၎င်းအပြင် ထိုင်းနိုင်ငံဘက်ခြမ်းမှ တာ့ခ်ခရိုင်ဝန်များ၊ တာ့ခရိုင် ကုန်သည်ကြီးများအသင်း ဥက္ကဌ၊ တာ့ခ်ခရိုင်အတွင်းရှိ ထိုင်းစစ် ဖက်အရာရှိများနှင့် ကုန်သည်များလည်း ဖွင့်ပွဲအခမ်းအနားကို တက်‌ရောက်ခဲ့ကြပြီး လူဦး‌ရေ စုစု‌ပေါင်း ၂၀၀‌ကျော် တက်‌ရောက်ခဲ့ကြခြင်းဖြစ်သည်။

ထိုင်းနိုင်ငံမှတဆင့် မြန်မာပြည်တွင်းသို့ အလည်အပတ်လာ‌ရောက်မည့် မည်သည့်နိုင်ငံသားမဆို နယ်စပ်ဖြတ်‌ကျော်ခွင့် ရက်ရှည်ဗီဇာကို ၂၈ရက် သတ်မှတ်ခွင့်ပြုထားသည်။

ယခုလို နှစ်နှစ်နိုင်ငံသွားလာခွင့်ပြုသည့်အတွက် ခရီးသွားလုပ်ငန်း လုပ်ကိုင်‌နေသူများအ‌နေဖြင့် ပိုမိုလွယ်ကူမည် ဖြစ်သလို ခရီး သွားလုပ်ငန်းများလည်း ပိုမိုတွင်ကျယ်လာမည်ဖြစ်‌ကြောင်း ခရီးသွားလာ‌ရေးနှင့် ကူးသန်း‌ရောင်းဝယ်‌ရေးလုပ်ငန်း လုပ်ကိုင်‌နေ ‌သော မိုးကိုစံ ကုမ္ပဏီလီမိတက်မှ မန်‌နေဂျာ ‌စောလယ်လားက ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းက “ဂိတ်‌တွေကို အခုလို ဖွင့်‌ပေးလိုက်‌တော့ လာလည်ချင်တဲ့ နိုင်ငံခြားသား‌တွေအ‌နေနဲ့ကလည်း လွတ်လွတ်လပ်လပ်နဲ့ ဝင် ထွက်သွားလာနိုင်တယ်။ အရင်ကထက်စာရင် မြန်မာနိုင်ငံထဲကို ဝင်‌ရောက်လည်ပတ်တဲ့နှုန်းက မြင့်တက်လာမယ်လို့ မြင်တယ်” ဟု ‌ပြောသည်။

မြန်မာအစိုးရသည် ယခင်က ကမ္ဘာလှည့်ဗီဇာ၊ ပြည်ဝင်ဗီဇာ၊ လုပ်ငန်းဗီဇာ၊ ဖြတ်သန်းခွင့်ဗီဇာ၊ သံတမန်ဗီဇာ အပါအဝင် ဗီဇာအ မျိုးအစား ၆မျိုးဖြင့် ခွင့်ပြု‌ပေးထားပြီး‌နောက် သွားလာခွင့် ပိုမိုလွယ်ကူ အဆင်‌ပြေ‌စေရန် ယခုလို နယ်စပ်ဂိတ် ၄ခုကို ထိုင်းအစိုးရ နှင့် ညှိနိုင်ပြီး ဖွင့်လှစ်လိုက်ခြင်းဖြစ်သည်ဟု သိရသည်။