Home သတင်း ကရင်ပြည်နယ် ‌ရေ‌ဘေး သင့်ပြည်သူများကို ဒုသမ္မတ ဦးဉာဏ်ထွန်းက ဆန်နှင့် ‌ငွေ‌ကြေးလှူဒါန်း

ကရင်ပြည်နယ် ‌ရေ‌ဘေး သင့်ပြည်သူများကို ဒုသမ္မတ ဦးဉာဏ်ထွန်းက ဆန်နှင့် ‌ငွေ‌ကြေးလှူဒါန်း

1495
ဩဂုတ်လ ၁ ရက်၊ ၂၀၁၃ ခုနှစ်၊ (‌ကေအိုင်စီ)

ကရင်ပြည်နယ် ဘားအံမြို့များနှင့် လှိုင်းဘွဲမြို့များ၏ ‌ရေ‌ဘေးသင့်ပြည်သူများအား ဒုတိယသမ္မတ ဦးဉာဏ်ထွန်း က ဆန်နှင့်‌ငွေ‌ကြေးများကို ယ‌နေ့ဩဂုတ်လ ၁ရက်‌နေ့တွင် လာ‌ရောက်လှူဒါန်းသွားခဲ့သည်။

ဒုတိယသမ္မတ ဦးဉာဏ်ထွန်းတို့အဖွဲ့သည် ဘားအံမြို့ကို ဩဂုတ် ၁ ရက်‌နေ့မွန်းလွဲပိုင်းတွင် ‌ရောက်ရှိလာပြီး မြ‌ကြေးမုံ‌ရေ‌ဘေး ကယ်ဆယ်‌ရေးစခန်းကို သွား‌ရောက်ကြည့်ရှုပြီး ‌ရေ‌ဘေးသင့်သူများအား ဆန်နှင့်‌ငွေ‌ကြေးများ ကို ‌ပေးအပ်လှူဒါန်းခဲ့ခြင်းဖြစ်သည်။

ထိုမှတဆင့်လှိုင်းဘွဲမြို့သို့ သွား‌ရောက်ပြီး မြို့‌တော်ခန်းမ၊ မြို့မဘုန်းကြီး‌ကျောင်း၊ က‌မော့ကသီးရွာ စသည့် ‌ရေ‌ဘေးကယ်ဆယ်‌ရေး စခန်းများကိုသွား‌ရောက်ကြည့်ရှုပြီးလှူဒါန်းသွားသည်။

ဒုတိယ သမ္မတ ဦးဉာဏ်ထွန်းက “လှူဒါန်း‌ပေးထားတဲ့အလှူ‌တွေကို မိမိတို့လက်ထဲမှာ မ‌ရောက်ပါက သမ္မတရုံးကို တိုင်ကြားနိုင်ပါတယ်”ဟု မြ‌ကြေးမုံကယ်ဆယ်‌ရေး စခန်းရှိ ‌ရေ‌ဘေးသင့် ပြည်သူများအား ‌ပြောသည်။

ထိုသို့ ‌ရေ‌ဘေးသင့်ပြည်သူများအား လှူဒါန်းသည့် ပစ္စည်းနှင့်‌ငွေ‌ကြေးများကို အစိုးရနှင့် တသီးပုဂ္ဂလ အလှူရှင် များမှ စု‌ပေါင်းလှူဒါန်းကြခြင်း ဖြစ်သည်ဟု ပြည်နယ်အစိုးရအဖွဲ့ ဒုတိယညွှန်ကြား‌ရေးမှူး ဦးမြင့်တင်က ‌ကေအိုင်စီ သို့ ‌ပြောသည်။

“ကျ‌နော်သိရသ‌လောက် လှူဒါန်းထားတဲ့ ပစ္စည်း‌တွေက သမ္မတရုံးက ဆန်အိတ်‌ပေါင်း တစ်‌ထောင်၊ ပြည်နယ် အစိုးရက‌တော့ တစ်‌ထောင်ငါးရာ၊ က‌မ္ဘောဇဘဏ်က‌တော့ ကျပ်‌ငွေ သိန်းတစ်‌ထောင်နဲ့ ‌ရွှေသံလွင်လည်း ကျပ်‌ငွေသိန်းတစ်‌ထောင် လှူဒါန်းကြပါတယ်”ဟု ဦးမြင့်တင်က ‌ပြောသည်။

ထိုသို့ ‌ရေ‌ဘေးကယ်ဆယ်‌ရေးစခန်းများကို ဒုတိယသမ္မတ ဦးဉာဏ်ထွန်းတို့အဖွဲ့က သွား‌ရောက်ကြည့်ရှုလှူဒါန်း ပြီး‌နောက် ထီလုံရွာအနီးရှိ ‌ရေဘုတ်ဆည်ကိုလည်း ဝင်‌ရောက်ကြည့်ရှုခဲ့သည်။

ဩဂုတ် ၂ရက်‌နေ့တွင် ဒုတိယသမ္မတအဖွဲ့နှင့် ပြည်နယ်အစိုးရအဖွဲ့များသည် ကရင်ပြည်နယ်၊ ‌ကော့ကရိတ်မြို့ ‌ရေ‌ဘေးဒဏ်ခံရသည့်‌နေရာများသို့ သွား‌ရောက်ကြည့်ရှုမည်ဟု သိရသည်။