Home သတင်း မြဝတီတွင် MOU စနစ် အသိပညာ‌ပေး ပြုလုပ်

မြဝတီတွင် MOU စနစ် အသိပညာ‌ပေး ပြုလုပ်

3044
ဇူလိုင်လ ၁၉ရက်၊ ၂၀၁၃ခုနှစ်။ စဖန်း‌ရှောင်း (‌ကေအိုင်စီ)

211_2850ထိုင်းနိုင်ငံအတွင်းသို့ MOU စနစ်ဖြင့် ဝင်‌ရောက်အလုပ်လုပ်ကိုင်မည့် မြန်မာ အလုပ်သမားအတွက် ရည်ရွယ်ပြီး ထိုင်းနိုင်ငံ‌ရှေ့‌နေ များ‌ကောင်စီ ဥပ‌ဒေ အ‌ထောက်အကူပြုဌာန(LLC)နှင့် မြန်မာ အလုပ်သမားမျာအကူအညီ ‌ပေး‌ရေးအဖွဲ့နှစ်ဖွဲ့မှ ပထမဆုံးအကြိမ် အသိပညာ‌ပေး‌ရေး အလုပ်ရုံ‌ဆွေး‌နွေးပွဲကို မြဝတီမြို့တွင် ယမန်‌နေ့က ပြုလုပ်ခဲ့သည်။

ဇူလိုင်လ ၁၈ရက်‌နေ့တွင် တစ်ရက်တာ ပြုလုပ်ခဲ့သည့် အဆိုပါ အသိပညာ‌ပေးအလုပ်ရုံ‌ဆွေး‌နွေးပွဲနှင့် ပတ်သက်၍ ပါဝင်ပို့ချခဲ့သူ တစ်ဦးဖြစ်သည့် ထိုင်း-မြန်မာနယ်စပ်အ‌ခြေစိုက် မြန်မာပြည်သားများ ပူးတွဲလှုပ်ရှား‌ရေး ‌ကော်မတီ (JACBA) မှ တာဝန်ခံ ဦးမိုး ကြိုးက ‌ကေအိုင်စီသို့ ယခုလို ‌ပြောသည်။

“မြန်မာပြည်မှာရှိတဲ့ အလုပ်အကိုင်ရှာ‌ဖွေ‌ရေး ‌အေဂျင်စီ Labour ASIA Agency က‌နေ ကျ‌နော်တို့ကို အကူအညီ ‌တောင်းခံလို့ အခုလို သင်တန်း(အလုပ်ရုံ‌ဆွေး‌နွေးပွဲ)လုပ်ဖြစ်တာပါ။ ပြီး‌တော့ မြန်မာပြည် ‌အေဂျင်စီတစ်ခုက‌နေ အလုပ်သမား‌တွေ သိသင့်သိ ထိုက်တဲ့ အ‌ကြောင်းအရာ‌တွေကို လုပ်‌ပေးတာ အများကြီးအကျိုးရှိပါတယ်”ဟု ‌ပြောဆိုသည်။

ထိုသို့ပြုလုပ်ရာတွင် ထိုင်းနိုင်ငံရှိ LLC မှ ထိုင်းလူမျိုး‌ရှေ့‌နေ ၃ဦးအပြင် JACBA၊ ပန်းကံ့‌ကော် အလုပ်သမားအဖွဲ့မှ ဆရာစိုင်း ‌အောင်တို့က ထိုင်းနိုင်ငံ လူဝင်မှုကြီးကြပ်‌ရေးဥပ‌ဒေများ၊ ထိုင်းနိုင်ငံအလုပ်သမားကာကွယ်‌ရေးနှင့် လူမှုဖူလုံ‌ရေး ဥပ‌ဒေများကို ပို့ချပြီး အလုပ်သမားများနှင့် အပြန်အလှန် ‌ဖြေကြား‌ဆွေး‌နွေးခဲ့ကြသည်ဟု ဦးမိုးကြိုးက ဆက်‌ပြောသည်။

အလုပ်ရုံ‌ဆွေး‌နွေးပွဲသို့ တက်‌ရောက်လာသူများမှာ မန္တ‌လေးတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ရခိုင်ပြည်နယ် စသည့် ပြည်နယ်နှင့် တိုင်းအသီးသီးမှ အလုပ်သမားများဖြစ်ကြပြီး Labour ASIA Agency မှတဆင့် ထိုင်း-မြန်မာနှစ်နိုင်ငံ အလုပ်သမားနားလည်မှု စာချွန်လွှာ MOU စနစ်ဖြင့် ထိုင်းနိုင်ငံသို့ သွား‌ရောက်အလုပ်လုပ်ကိုင်မည့်သူများဖြစ်သည်။

၎င်းအလုပ်ရုံ‌ဆွေး‌နွေးပွဲကို တက်‌ရောက်ခဲ့သူ ပဲခူးတိုင်း၊ ‌ဝေါမြို့နယ်မှ ကို‌အောင်ကိုကိုဝင်းက “အစတုန်းက‌တော့ ဘာမှကို မသိ ဘူး။ အလုပ်လုပ်ဖို့တစ်ခုတည်းနဲ့ ထွက်လာတာ ဘာမှ မသိတာထက်စာရင် အခုဒီသင်တန်း(အလုပ်ရုံ‌ဆွေး‌နွေးပွဲ)ကို တက်‌တော့ အလုပ်သမား ဥပ‌ဒေ‌တွေ‌ရော၊ အခွင့်အ‌ရေး‌တွေ‌ရော နည်းနည်း နားလည်လာတယ်”ဟု ‌ပြောပြသည်။

မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမားအ‌ရေးနှင့် ပတ်သက်ပြီး ကူညီလုပ်‌ဆောင်‌နေ‌သော LLC အ‌နေဖြင့် လူကုန်ကူးမှု တိုက်ဖျက်‌ရေး၊ ထိုင်းနိုင်ငံအလုပ်သမားဆိုင်ရာ ဥပ‌ဒေများကို မဲ‌ဆောက် အပါအဝင် တာ့ခ်ခရိုင်အတွင်းရှိ မြို့နယ် ၉မြို့နယ်အတွင်း ပညာ‌ပေး ‌ဟော‌ပြောခွင့်ရှိသည့် အဖွဲ့အစည်းဖြစ်သည်။
211_2878
LLC ၊ JACBA နှင့် ပန်းကံ့‌ကော် အလုပ်သမားအဖွဲ့တို့သည် MOU နှင့်ပတ်သက်၍ မြဝတီတွင် ပထမဆုံးအကြိမ်အဖြစ် အလုပ်ရုံ ‌ဆွေး‌နွေးပွဲပြုလုပ်ပြီး‌နောက် ယခုဇူလိုင်လ ၂၇‌နေ့တွင် မြဝတီမြို့ရှိ ယာယီနိုင်ငံကူးလက်မှတ် ထုတ်‌ပေးသည့် ‌ကျောက်လုံးကြီး စခန်းတွင် အလားတူ အလုပ်ရုံ‌ဆွေး‌နွေးပွဲ ပြုလုပ်မည်ဖြစ်‌ကြောင်း သိရသည်။